ေဒါက္တာနႏၵမာလာဘိဝံသ မိန့္ေတာ္မူတဲ့ ဘုရားေစတီတည္တဲ့အခါမွာ တန္ဖိုးႀကီးပစၥည္းေတြကို ထည့္သြင္းတည္တဲ့အေျကာင္း

ေဒါက္တာနႏၵမာလာဘိဝံသ မိန့္ေတာ္မူတဲ့ ဘုရားေစတီ တည္တဲ့အခါမွာ တန္ဖိုးႀကီးတာေတြကို ထည့္သြင္းတည္တဲ့ အေျကာင္း

ယခု တစ္ခါ ေျပာျပခ်င္တာကေတာ့ ဘုရားထဲမွာ တန္ဖိုးရွိတာေတြ ဘာလို့ ထည့္ထားတာလဲ ဆိုတဲ့အေၾကာင္းပဲျဖစ္ပါတယ္ေနာ္။ တခ်ိဳ့လည္းပဲ စဥ္းစားခ်င္မွ စဥ္းစား မွာေနာ္။

ဘုရားထဲမွာ ဌာပနာတယ္၊ဌာပနာ ဆိုတာ ထည့္သြင္းျခင္း တည္ထားျခင္း လို့ အဓိပၸါယ္ရပါတယ္။အဲဒီေတာ့ ရတနာေတြ ဘာကိစၥ ဘုရားထဲမွာထည့္ၾကတာတုန္း။နိုင္ငံျခားသားေတြ အျမင္နဲ႔ ၾကည့္ရင္ေတာ့ ဒါဟာ အက်ိဳးမရွိပါဘူး။

ေျပာမွာေပါ့ေနာ္။ဒါေတြ ထည့္လိုက္လို့ ဘာအက်ိဳးရွိမွာတုန္း။ဘုရား႐ုပ္ပြားဆင္းတုေတာ္ထည့္တာေတာ့ ထားပါေတာ့ ရတနာေတြ ထည့္တယ္။အခုေခတ္လည္း ထည့္တာပါဘဲ။ၾကည္ညိဳတဲ့ ပုဂၢိဳလ္ေတြက ကိုယ့္သဒၶါတရားနဲ႔ ကိုယ္ ထည့္ၾကတယ္။

ဘာအတြက္ထည့္တာလဲ ဆိုေတာ့ တစ္ခ်ိဳ့က ၾကည္ညိဳလို့ လွူတာပဲ သိပါတယ္။သို့ေသာ္ တကယ့္အစစ္အမွန္က ရည္ရြယ္ခ်က္ရွိတယ္။ျမတ္စြာဘုရား ပရိနိဗၺာန္‌စံတဲ့အခါ ဘုရားရဲ့ ဓာတ္ေတာ္ေတြကို ရွစ္ျပည္ေထာင္မင္းေတြကို ခြဲေဝၿပီး ေပးလိုက္တယ္ေနာ္။

ဓာတ္ေတာ္ေတြက ရွစ္ျပည္ေထာင္ ေရာက္သြားခဲ့တယ္။ဒီဓာတ္ေတာ္အတြက္ အႏၲရာယ္ျဖစ္မွာစိုးလို့ ရွင္မဟာကႆပတို့က အဇာတသတ္မင္းနဲ႔တိုင္ပင္ၿပီးေတာ့ ဓာတ္ေတာ္တိုက္ႀကီးတစ္ခုလုပ္ၿပီး ဓာတ္ေတာ္ေတြ စုထည့္ထားတယ္။

အဲဒီလို စုထည့္ထားၿပီး အင္မတန္မွ တန္ဖိုးရွိတဲ့ ပတၱျမားတစ္လုံးကို အဲဒီထဲမွာထည့္ထားၿပီးေတာ့ စာေရးထားတယ္။ေနာင္တစ္ခ်ိန္က်ရင္ ဒီဓာတ္ေတာ္တိုက္ႀကီး ပ်က္စီးလို့ ျပင္ဆင္ဖို့အတြက္ ေငြေၾကးမတတ္နိုင္ဘူးဆိုလို့ရွိရင္ ဒီပတၱျမားတုံးႀကီးကို

ေရာင္းခ်ၿပီး ျပဳျပင္ပါတဲ့။အဲဒီေတာ့က ရတနာေတြ ထည့္သြင္းထားခဲ့တယ္ဆိုတဲ့ အဓိပၸါယ္ကေတာ့ သခၤါရသေဘာတရားအရ တစ္ေန႔က်ရင္ ပ်က္စီးမွာပါ။ maintenance လိုတယ္ေလ၊ maintenance အတြက္ ထည့္ခဲ့တာပါ။

ဒီလိုဆိုလို့ရွိရင္ေတာ့ ရည္ရြယ္ခ်က္ေကာင္းတယ္ေပါ့။ maintenance အတြက္ deposit လုပ္ထားခဲ့တာ။ ဒါေတြကိုယူၿပီးဘုရားျပင္ရမယ္ေပါ့။အဲဒီရည္ရြယ္ခ်က္ပဲ ေနာက္က်ေတာ့ ဒီရည္ရြယ္ခ်က္က တစ္ျဖည္းျဖည္း

ေပ်ာက္လာတဲ့ သေဘာပါဘဲေနာ္။ကဲ ခ်စ္ပရိတ္သတ္ျကီးလည္း အခုဆုိရင္ဌာပနာ ထည့္တဲ့ အေျကာင္းကုိ သိျပီထငိပါတယ္ေနာ္။credit;ေဒါက္တာနႏၵမာလာဘိဝံသ

Unicode…ဒေါက်တာနန္ဒမာလာဘိဝံသ မိန့်တော်မူတဲ့ ဘုရားစေတီ တည်တဲ့အခါမှာ တန်ဖိုးကြီးတာတွေကို ထည့်သွင်းတည်တဲ့ အကြောင်း

ယခု တစ်ခါ ပြောပြချင်တာကတော့ ဘုရားထဲမှာ တန်ဖိုးရှိတာတွေ ဘာလို့ ထည့်ထားတာလဲ ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်နော်။ တချို့လည်းပဲ စဉ်းစားချင်မှ စဉ်းစား မှာနော်။

ဘုရားထဲမှာ ဌာပနာတယ်၊ဌာပနာ ဆိုတာ ထည့်သွင်းခြင်း တည်ထားခြင်း လို့ အဓိပ္ပါယ်ရပါတယ်။အဲဒီတော့ ရတနာတွေ ဘာကိစ္စ ဘုရားထဲမှာထည့်ကြတာတုန်း။နိုင်ငံခြားသားတွေ အမြင်နဲ့ ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိပါဘူး။

ပြောမှာပေါ့နော်။ဒါတွေ ထည့်လိုက်လို့ ဘာအကျိုးရှိမှာတုန်း။ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ ထားပါတော့ ရတနာတွေ ထည့်တယ်။အခုခေတ်လည်း ထည့်တာပါဘဲ။ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဓါတရားနဲ့ ကိုယ် ထည့်ကြတယ်။

ဘာအတွက်ထည့်တာလဲ ဆိုတော့ တစ်ချို့က ကြည်ညိုလို့ လှူတာပဲ သိပါတယ်။သို့သော် တကယ့်အစစ်အမှန်က ရည်ရွယ်ချက်ရှိတယ်။မြတ်စွာဘုရား ပရိနိဗ္ဗာန်‌စံတဲ့အခါ ဘုရားရဲ့ ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကို ခွဲဝေပြီး ပေးလိုက်တယ်နော်။

ဓာတ်တော်တွေက ရှစ်ပြည်ထောင် ရောက်သွားခဲ့တယ်။ဒီဓာတ်တော်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ ရှင်မဟာကဿပတို့က အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီး ဓာတ်တော်တွေ စုထည့်ထားတယ်။

အဲဒီလို စုထည့်ထားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီးတော့ စာရေးထားတယ်။နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး ပျက်စီးလို့ ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုလို့ရှိရင် ဒီပတ္တမြားတုံးကြီးကို

ရောင်းချပြီး ပြုပြင်ပါတဲ့။အဲဒီတော့က ရတနာတွေ ထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ သင်္ခါရသဘောတရားအရ တစ်နေ့ကျရင် ပျက်စီးမှာပါ။ maintenance လိုတယ်လေ၊ maintenance အတွက် ထည့်ခဲ့တာပါ။

ဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့။ maintenance အတွက် deposit လုပ်ထားခဲ့တာ။ ဒါတွေကိုယူပြီးဘုရားပြင်ရမယ်ပေါ့။အဲဒီရည်ရွယ်ချက်ပဲ နောက်ကျတော့ ဒီရည်ရွယ်ချက်က တစ်ဖြည်းဖြည်း

ပျောက်လာတဲ့ သဘောပါဘဲနော်။ကဲ ချစ်ပရိတ်သတ်ကြီးလည်း အခုဆိုရင်ဌာပနာ ထည့်တဲ့ အကြောင်းကို သိပြီထငိပါတယ်နော်။credit;ဒေါက်တာနန္ဒမာလာဘိဝံသ

Add a Comment

Your email address will not be published. Required fields are marked *