မၾကာမီစတင္ေတာ့မည့္ လကမၻာေပၚ ရတနာတူးေဖာ္ျခင္းလုပ္ငန္းမ်ား

မၾကာမီ စတင္ေတာ့မည့္ လကမၻာေပၚ ရတနာတူးေဖာ္ျခင္းလုပ္ငန္းမ်ား

ပညာရွင္မ်ားရဲ့ ထုတ္ျပန္မွုမွာ လကမၻာေပၚမွာ စိန္ေရႊရတနာ တူးေဖာ္ျခင္းဟာ အနာဂတ္မွာ ျပင္းထန္တဲ့ စီးပြားေရးၿပိဳင္ဆိုင္မွုတစ္ခု ျဖစ္လာလိမ့္မယ္လို့ ဆိုပါတယ္ေနာ္။ အခုအခါမွာေတာ့ သိပၸံပညာရွင္ ေတြနဲ႔ စီးပြားေရး လုပ္ငန္းရွင္မ်ား ပူးေပါင္းၿပီးေတာ့

လကမၻာ ေပၚမွာစိန္ေရႊရတနာတူးေဖာ္ဖို့ စီမံကိန္းေတြ စတင္ေနၾကၿပီလို့ သိရတာပါ။ ဒီမတိုင္ခင္ကတည္းက ေဒါက္တာ Philip Metzgerဟာ လကမၻာဟာ ရတနာမုဆိုးေတြရဲ့ ဒုတိယေျမာက္ အေျခခ်စရာ ေနရာျဖစ္လာလိမ့္မယ္လို့ခန႔္မွန္းခဲ့တာပါေနာ္။လကမၻာေပၚမွာ စိန္နဲ႔အဖိုးတန္ဓာတ္သတၳဳေတြ ရယူနိုင္ဖို့ရွိၿပီး

ကမၻာေက်ာ္ ဘီလ်ံနာႀကီးေတြကပဲ ဒီရတနာတူးေဖာ္ျခင္းကို လက္ဝါးႀကီး အုပ္သြားဖြယ္ရာ ရွိေနတာပါ။ လက္ရွိ ၾကားသိ ရတဲ့ သတင္းေတြ မွာ Elon Musk ရဲ့ SpaceX အာကသာကုမၸဏီဟာ ဒီစီမံကိန္းကို စတင္ေနပါၿပီတဲ့။ေနာက္ၿပီး Amazon သူေဌးႀကီး Jeff Bezos ကလည္း လကမၻာေပၚမွာ

ရတနာ တူးေဖာ္နိုင္ေရးကိုေတာ့ တျခား ကုမၸဏီ ေတြထက္ ေနာက္မက်ေစေရး ႀကိဳးပမ္းဖို့ ရွိေနတာပါ။ Jeff ရဲ့ ခ်မ္းသာ ႂကြယ္ဝ မွုဟာ လက္ရွိ အခ်ိန္မွာ ေဒၚလာ (၁၈၆.၉) ဘီလီယံ ျဖစ္ပါတယ္။Musk ရဲ့ ခ်မ္းသာ ႂကြယ္ဝမွုကေတာ့ (၇၉.၄) ဘီလီယံ ျဖစ္ၿပီးေတာ့ သူတို့ကပဲ ခ်မ္းသာႂကြယ္ဝမွုေတြကို အၿပိဳင္အဆိုင္ လုယက္ၾကဦးမွာပါ။

လက္ရွိအခ်ိန္မွာေတာ့ NASA ကေစလႊတ္ထားတဲ့ ပညာရွင္ေတြဟာ လကမၻာဆီက ေက်ာက္ေတြကို သယ္ယူ လာ႐ုံနဲ႔ အျပင္မွာေဈးေကာင္းေကာင္းနဲ႔ ျပန္ေရာင္း နိုင္တဲ့ အေန အထား ျဖစ္ေနတာပါ။လကမၻာဆီက ေက်ာက္နမူနာေတြကို ကမၻာေျမက ပညာရွင္ေတြက ဓာတ္ခြဲစမ္းသပ္ၾကတာ ျဖစ္ၿပီးေတာ့ လကမၻာဆီမွာ တူးေဖာ္ရရွိနိုင္တဲ့ ရတနာေတြရဲ့ ျဖစ္နိုင္ေခ်ကို

တြက္စစ္ၾကတာ ျဖစ္ပါတယ္ေနာ္။ေက်ာက္တုံးေတြရဲ့ အေလးခ်ိန္ေပၚမူတည္ၿပီး ေဈးအေျပာင္းအလဲ ရွိပါတယ္။ ေက်ာက္တုံး ဂရမ္(၅၀) ကေန (၅၀၀) အတြင္းရွိတယ္ ဆိုပါက ေပါက္ေဈး ေဒၚလာ (၁၅၀၀၀) ကေန (၂၅၀၀၀) အထိ ရနိုင္ေၾကာင္း သိရပါတယ္ေနာ္။

University of Central Florida မွာတာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ Metzger က ” ဒီရာစုႏွစ္ အတြင္းမွာ လူသားေတြ အဖို့ ကမၻာေျမရဲ့ စြဲအား ျပင္ပကေန ရတနာေတြတူးေဖာ္ဖို့ အစျပဳလာၾကပါလိမ့္မယ္ ဒါဟာ စြန႔္ဦးတီထြင္ စီးပြားေရးသမားေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ နိုင္ငံေတြအၾကားမွာ အႀကီးမားဆုံးၿပိဳင္ဆိုင္မွု ျဖစ္လာမွာပါတဲ့။

ဒါဟာ ရွိရင္းစြဲသယံဇာတေတြထက္ အစေပါင္းဘီလီယံခ်ီပိုမ်ားတဲ့ လမ္းစကို ဖြင့္ေပးမွာျဖစ္ၿပီး ေနာက္ၿပီး ဒီၿပိဳင္ဆိုင္မွုဟာ ကၽြန္ေတာ္တို့ ေတြ႕ခဲ့ဖူးသမၽွ စီးပြားေရး ၿပိဳင္ဆိုင္မွုေတြထဲမွာေတာ့ အႀကီးက်ယ္ဆုံး အခမ္းအနားဆုံး ျဖစ္လာမွာပါလို့ ေျပာခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ Musk နဲ႔ Jeff တို့ ႏွစ္ေယာက္က လကမၻာမွာ ရတနာတူးေဖာ္နိုင္ေရး အစီအစဥ္ေတြ စတင္အေကာင္အထည္ ေဖာ္ေနၿပီျဖစ္ပါတယ္ေနာ္။ သူတို့ ႏွစ္ေယာက္စလုံးကလည္း ဘယ္သူက အရင္ ရတနာသိုက္ႀကီး ေတြ႕မလဲဆိုတာကို အႀကီးအက်ယ္ ၿပိဳင္ဆိုင္ၾကဖြယ္ ရွိပါတယ္ေနာ္။credit;Dailyci-News

Unicode…မကြာမီ စတင်တော့မည့် လကမ္ဘာပေါ် ရတနာတူးဖော်ခြင်းလုပ်ငန်းများ

ပညာရှင်များရဲ့ ထုတ်ပြန်မှုမှာ လကမ္ဘာပေါ်မှာ စိန်ရွှေရတနာ တူးဖော်ခြင်းဟာ အနာဂတ်မှာ ပြင်းထန်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်နော်။ အခုအခါမှာတော့ သိပ္ပံပညာရှင် တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပြီးတော့

လကမ္ဘာ ပေါ်မှာစိန်ရွှေရတနာတူးဖော်ဖို့ စီမံကိန်းတွေ စတင်နေကြပြီလို့ သိရတာပါ။ ဒီမတိုင်ခင်ကတည်းက ဒေါက်တာ Philip Metzgerဟာ လကမ္ဘာဟာ ရတနာမုဆိုးတွေရဲ့ ဒုတိယမြောက် အခြေချစရာ နေရာဖြစ်လာလိမ့်မယ်လို့ခန့်မှန်းခဲ့တာပါနော်။လကမ္ဘာပေါ်မှာ စိန်နဲ့အဖိုးတန်ဓာတ်သတ္ထုတွေ ရယူနိုင်ဖို့ရှိပြီး

ကမ္ဘာကျော် ဘီလျံနာကြီးတွေကပဲ ဒီရတနာတူးဖော်ခြင်းကို လက်ဝါးကြီး အုပ်သွားဖွယ်ရာ ရှိနေတာပါ။ လက်ရှိ ကြားသိ ရတဲ့ သတင်းတွေ မှာ Elon Musk ရဲ့ SpaceX အာကသာကုမ္ပဏီဟာ ဒီစီမံကိန်းကို စတင်နေပါပြီတဲ့။နောက်ပြီး Amazon သူဌေးကြီး Jeff Bezos ကလည်း လကမ္ဘာပေါ်မှာ

ရတနာ တူးဖော်နိုင်ရေးကိုတော့ တခြား ကုမ္ပဏီ တွေထက် နောက်မကျစေရေး ကြိုးပမ်းဖို့ ရှိနေတာပါ။ Jeff ရဲ့ ချမ်းသာ ကြွယ်ဝ မှုဟာ လက်ရှိ အချိန်မှာ ဒေါ်လာ (၁၈၆.၉) ဘီလီယံ ဖြစ်ပါတယ်။Musk ရဲ့ ချမ်းသာ ကြွယ်ဝမှုကတော့ (၇၉.၄) ဘီလီယံ ဖြစ်ပြီးတော့ သူတို့ကပဲ ချမ်းသာကြွယ်ဝမှုတွေကို အပြိုင်အဆိုင် လုယက်ကြဦးမှာပါ။

လက်ရှိအချိန်မှာတော့ NASA ကစေလွှတ်ထားတဲ့ ပညာရှင်တွေဟာ လကမ္ဘာဆီက ကျောက်တွေကို သယ်ယူ လာရုံနဲ့ အပြင်မှာဈေးကောင်းကောင်းနဲ့ ပြန်ရောင်း နိုင်တဲ့ အနေ အထား ဖြစ်နေတာပါ။လကမ္ဘာဆီက ကျောက်နမူနာတွေကို ကမ္ဘာမြေက ပညာရှင်တွေက ဓာတ်ခွဲစမ်းသပ်ကြတာ ဖြစ်ပြီးတော့ လကမ္ဘာဆီမှာ တူးဖော်ရရှိနိုင်တဲ့ ရတနာတွေရဲ့ ဖြစ်နိုင်ချေကို

တွက်စစ်ကြတာ ဖြစ်ပါတယ်နော်။ကျောက်တုံးတွေရဲ့ အလေးချိန်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ ကျောက်တုံး ဂရမ်(၅၀) ကနေ (၅၀၀) အတွင်းရှိတယ် ဆိုပါက ပေါက်ဈေး ဒေါ်လာ (၁၅၀၀၀) ကနေ (၂၅၀၀၀) အထိ ရနိုင်ကြောင်း သိရပါတယ်နော်။

University of Central Florida မှာတာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Metzger က ” ဒီရာစုနှစ် အတွင်းမှာ လူသားတွေ အဖို့ ကမ္ဘာမြေရဲ့ စွဲအား ပြင်ပကနေ ရတနာတွေတူးဖော်ဖို့ အစပြုလာကြပါလိမ့်မယ် ဒါဟာ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတွေအကြားမှာ အကြီးမားဆုံးပြိုင်ဆိုင်မှု ဖြစ်လာမှာပါတဲ့။

ဒါဟာ ရှိရင်းစွဲသယံဇာတတွေထက် အစပေါင်းဘီလီယံချီပိုများတဲ့ လမ်းစကို ဖွင့်ပေးမှာဖြစ်ပြီး နောက်ပြီး ဒီပြိုင်ဆိုင်မှုဟာ ကျွန်တော်တို့ တွေ့ခဲ့ဖူးသမျှ စီးပွားရေး ပြိုင်ဆိုင်မှုတွေထဲမှာတော့ အကြီးကျယ်ဆုံး အခမ်းအနားဆုံး ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။

လောလောဆယ်တော့ Musk နဲ့ Jeff တို့ နှစ်ယောက်က လကမ္ဘာမှာ ရတနာတူးဖော်နိုင်ရေး အစီအစဉ်တွေ စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်နော်။ သူတို့ နှစ်ယောက်စလုံးကလည်း ဘယ်သူက အရင် ရတနာသိုက်ကြီး တွေ့မလဲဆိုတာကို အကြီးအကျယ် ပြိုင်ဆိုင်ကြဖွယ် ရှိပါတယ်နော်။credit;Dailyci-News

Add a Comment

Your email address will not be published. Required fields are marked *