ကိုဗစ်တိုက်ဖျက်ရေးတွက် လေလံတင်ရောင်းချရာမှာ (၄)သိန်း ရရှိနေပြီဖြစ်တဲ့ ပြေသုဒြာလေးရဲ့ ပန်းချီကား
Unicode…ကိုဗစ်တိုက်ဖျက်ရေးတွက် လေလံတင်ရောင်းချရာမှာ (၄)သိန်း ရရှိနေပြီဖြစ်တဲ့ ပြေသုဒြာရဲ့ ပန်းချီကားလေး
နိုင်ငံကျော် အကယ်ဒမီမင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေး ပြေသုဒြာဟာ ကိုဗစ်အတွက် ပန်းချီကား လှူဒါန်းကြသူတွေထဲမှာအသက်အငယ်ဆုံး
ပန်းချီအလှူရှင်လေး အနေနဲ့ပါဝင်ခဲ့တာဘဲ ဖြစ်ပါတယ်နော်။ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကိုတော့ 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ပြီးတော့ ရောင်းချပေးသွားခဲ့တာပါ။
အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် သမီးလေး ပြေသုဒြာ ရေးဆွဲထားတဲ့  Running Free Size – 8/13 inches အမျိုးအစား – Medium / Water Colour ပန်းချီကားလေးကို လေလံကြမ်းခင်းဈေး – (၁) သိန်းကျပ် ကနေစတင်ဈေးခေါ်ခဲ့ပြီးတော့
အဆိုတော် အားတီ မှ ငွေကျပ် ၂ သိန်းဖြင့် ဝယ်ယူရန် စတင်ကမ်းလှမ်းခဲ့တာပါ။ အဲ့ဒီနောက်မှာ (၃)သိန်းနဲ့ကမ်းလှမ်းသူပေါ်ပေါက်လာတဲ့အတွက်ကြောင့် အဆိုတော် အားတီက (၄)သိန်းကျပ်နဲ့ထပ်မံဈေးခေါ်ခဲ့တာပါ ။သုသု ပန်းချီကားလေးဟာ ချစ်ဖို့ကောင်းပြီးတော့ ကလေးတစ်ယောက်ရဲ့
freedom လေးပေါ်လွင်တဲ့အတွက် သဘောကျတဲ့သူတွေရှိသလို ပြေသုလေးကိုချစ်လို့အားပေးကြတဲ့သူတွေလည်းရှိပါတယ်နော် ။ နောက်ထပ်ဘယ်သူတွေကတော့ ဈေးထပ်တိုးပြီးတော့ ပန်းချီကားလေးကိုဝယ်မလဲ ဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲနော်။credit
Add a Comment
Your email address will not be published. Required fields are marked *