အိမ္ရာမဲ့ဘဝမွ One Championship တည္ေထာင္သူျဖစ္လာခဲ့တဲ့ အမ်ိဳးသား အေျကာင္း

အိမ္ရာမဲ့ဘဝကေန One Championship တည္ေထာင္သူျဖစ္လာတဲ့ အမ်ိဳးသား

တကယ္တမ္း ဘဝမွာေအာင္ျမင္မႈရဖို႔ဆိုတာ မလြယ္ပါဘူးေနာ္။ စိတ္ပါကိုယ္ပါ အမ်ားၾကီးေပးဆပ္အနစ္နာခံရတာပါ။ နဂိုတည္းကေန ေငြဇြန္းကိုက္ေမြးလာသူေတြအတြက္က် ခ်မ္းသာၾကြယ္ဝျခင္းဆိုတာ ကံၾကမၼာမွာပါၿပီးျဖစ္ေပမယ့္လည္း

သာမန္လူေတြအဖို႔ ခ်မ္းသာဖို႔ဆိုတာ ကိုယ္တိုင္လုပ္ယူရတာပါေနာ္။ အခုေဖာ္ျပေပးမွာက လူငယ္ေတြအတြက္ အားက်အတုယူစရာေကာင္းတဲ့ နာမည္ေက်ာ္အားကစားအဖြဲ႔အစည္း One Championship ကိုတည္ေထာင္သူ

Chatri Sityodtong အေၾကာင္းပါေနာ္။Sityodtong ကေတာ့ ထုိင္းဂ်ပန္ကျပားတစ္ဦး ျဖစ္ပါတယ္။ သူ႔ဘဝမွာေအာင္ျမင္ခဲ့တာမွန္သမွ်က ကံေၾကာင့္ခ်ည္းသက္သက္မဟုတ္ပါဘူးေနာ္။ သူ႔ၾကိဳးစားအားထုတ္မႈေတြအမ်ားၾကီးပါခဲ့တာပါ။

အခုဆို လည္း Sityodtong ဟာ အာရွရဲ႕အၾကီးဆံုးအားကစားမီဒီယာ၊ အာရွတစ္ခြင္ အထင္ကရၿမိဳ႕ၾကီးေတြမွာ ကမာၻ႔အဆင့္ Mixed Martial Arts (MMA) ပြဲေတြကို က်င္းပေပးေနတဲ့ One Championship ရဲ႕ စီအီးအုိျဖစ္ေနပါၿပီေနာ္။Sityodtong ကေတာ့

လက္ရွိမွာ အသက္၄၉ႏွစ္ရွိပါၿပီ။ Sityodtong ငယ္ငယ္တုန္းက ဘန္ေကာက္မွာေနၿပီးေတာ့ မိဘေတြကလည္း စီးပြားေရးေခ်ာင္လည္ပါတယ္။ ဒါေပမဲ့ အာရွစီးပြားပ်က္ကပ္ျဖစ္ေတာ့ သူ႔မိဘေတြက စီးပြားပ်က္သြားပါတယ္။

အိမ္ေရာကားေရာေရာင္းလိုက္ရပါတယ္။ သူ႔အေဖကလည္း သူတို႔သားအမိႏွစ္ေယာက္ကိုပစ္ၿပီး ေတာ့ အိမ္ကေနထြက္သြားခဲ့တာပါ။ ငယ္ငယ္တုန္းကေတာ့ ပိုက္ဆံမရွိ အလုပ္မရွိနဲ႔ အရမ္းၾကပ္တည္းခဲ့တာပါတဲ့။သူ အသက္၁၈ႏွစ္ေရာက္ေတာ့ မိခင္ျဖစ္သူက Harvard Business School မွာ

ေက်ာင္းသြားတက္ဖို႔တိုက္တြန္းခဲတာပါ။ အသက္၂၀မွာေတာ့ ေၾကြးယူၿပီး အေမရိကားမွာ စာသင္ဖို႔ဆံုးျဖတ္ၿပီးေတာ့ ခရီးေဆာင္ေသတၱာတစ္လံုးနဲ႔ သူထြက္လာခဲ့တာပါ။၁၉၉၉ခုႏွစ္ ဘြဲ႔ရၿပီးတဲ့အခါမွာေတာ့ Sityodtong က သူ႔အတန္းေဖာ္အနည္းငယ္နဲ႔အတူ NextDoor Networks လို႔ေခၚတဲ့ နည္းပညာလုပ္ငန္းတစ္ခုကိုလုပ္ခဲ့ပါတယ္ေနာ္။

ထို႔ေနာက္မွာေတာ့ သူက နယူူးေယာက္ကိုေျပာင္းသြားၿပီး ရင္းႏွီးျမွဳပ္ႏွံေရးပိုင္းမန္ေနဂ်ာအေနနဲ႔ အလုပ္လုပ္ခဲ့ရာမွာ ဝင္ေငြသန္းနဲ႔ခ်ီၿပီး ၾကြယ္ဝလာခဲ့တာပါ။ ၁၀ႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ Sityodtong ဟာ သူ႔ရဲ႕Wallstreet လုပ္ငန္းကေန အနားယူခဲ့ၿပီး သူတစ္သက္လံုး ဝါသနာပါခဲ့တဲ့ ေမြ႔ထိုင္းဘက္ကိုကူးေျပာင္းခဲ့တာပါ။

သူကိုယ္တိုင္လည္း ငယ္စဥ္ကတည္းက ေမြ႔ထိုင္းကစားလာတဲ့ တိုက္ခိုက္ေရးပညာရွင္တစ္ဦးျဖစ္ပါတယ္ေနာ္။၂၀၀၉ခုႏွစ္မွာေတာ့ Sityodtong က အာရွဘက္ကိုျပန္ေရာက္ေနပါၿပီ။ ၿပီးတဲ့ေနာက္ စကၤာပူႏိုင္ငံမွာ MMA အဖြဲ႔အစည္းၾကီးကိုတည္ေထာင္ခဲ့ပါတယ္ေနာ္။

ေနာက္ထပ္ ၂ႏွစ္အၾကာမွာ သူနဲ႔ ESPN Sports ရဲ႕ စီနီယာအလုပ္အမႈေဆာင္ Victor Cui တို႔ပူးေပါင္းၿပီး mixed martial arts (MMA), Muay Thai နဲ႔ kick-boxingၿပိဳင္ပြဲေတြအတြက္ စကၤာပူအေျခစိုက္ One Championship ကိုတည္ေထာင္ခဲ့တာပဲ

ျဖစ္ပါေတာ့တယ္ေနာ္။ အခုကေတာ့ ကိုယ့္ထူးကိုယ္ခြ်န္ၾကိဳးစားၿပီးေတာ့ One Championship ကိုေမြးထုတ္ေပးခဲ့တဲ့ Sityodtong အေၾကာင္းကို scmp သတင္းစာမ်က္ႏွာကေန ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္ေနာ္။credit:shwemon

Unicode…အိမ်ရာမဲ့ဘဝကနေ One Championship တည်ထောင်သူဖြစ်လာတဲ့ အမျိုးသား

တကယ်တမ်း ဘဝမှာအောင်မြင်မှုရဖို့ဆိုတာ မလွယ်ပါဘူးနော်။ စိတ်ပါကိုယ်ပါ အများကြီးပေးဆပ်အနစ်နာခံရတာပါ။ နဂိုတည်းကနေ ငွေဇွန်းကိုက်မွေးလာသူတွေအတွက်ကျ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကံကြမ္မာမှာပါပြီးဖြစ်ပေမယ့်လည်း

သာမန်လူတွေအဖို့ ချမ်းသာဖို့ဆိုတာ ကိုယ်တိုင်လုပ်ယူရတာပါနော်။ အခုဖော်ပြပေးမှာက လူငယ်တွေအတွက် အားကျအတုယူစရာကောင်းတဲ့ နာမည်ကျော်အားကစားအဖွဲ့အစည်း One Championship ကိုတည်ထောင်သူ

Chatri Sityodtong အကြောင်းပါနော်။Sityodtong ကတော့ ထိုင်းဂျပန်ကပြားတစ်ဦး ဖြစ်ပါတယ်။ သူ့ဘဝမှာအောင်မြင်ခဲ့တာမှန်သမျှက ကံကြောင့်ချည်းသက်သက်မဟုတ်ပါဘူးနော်။ သူ့ကြိုးစားအားထုတ်မှုတွေအများကြီးပါခဲ့တာပါ။

အခုဆို လည်း Sityodtong ဟာ အာရှရဲ့အကြီးဆုံးအားကစားမီဒီယာ၊ အာရှတစ်ခွင် အထင်ကရမြို့ကြီးတွေမှာ ကမ္ဘာ့အဆင့် Mixed Martial Arts (MMA) ပွဲတွေကို ကျင်းပပေးနေတဲ့ One Championship ရဲ့ စီအီးအိုဖြစ်နေပါပြီနော်။Sityodtong ကတော့

လက်ရှိမှာ အသက်၄၉နှစ်ရှိပါပြီ။ Sityodtong ငယ်ငယ်တုန်းက ဘန်ကောက်မှာနေပြီးတော့ မိဘတွေကလည်း စီးပွားရေးချောင်လည်ပါတယ်။ ဒါပေမဲ့ အာရှစီးပွားပျက်ကပ်ဖြစ်တော့ သူ့မိဘတွေက စီးပွားပျက်သွားပါတယ်။

အိမ်ရောကားရောရောင်းလိုက်ရပါတယ်။ သူ့အဖေကလည်း သူတို့သားအမိနှစ်ယောက်ကိုပစ်ပြီး တော့ အိမ်ကနေထွက်သွားခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ ပိုက်ဆံမရှိ အလုပ်မရှိနဲ့ အရမ်းကြပ်တည်းခဲ့တာပါတဲ့။သူ အသက်၁၈နှစ်ရောက်တော့ မိခင်ဖြစ်သူက Harvard Business School မှာ

ကျောင်းသွားတက်ဖို့တိုက်တွန်းခဲတာပါ။ အသက်၂၀မှာတော့ ကြွေးယူပြီး အမေရိကားမှာ စာသင်ဖို့ဆုံးဖြတ်ပြီးတော့ ခရီးဆောင်သေတ္တာတစ်လုံးနဲ့ သူထွက်လာခဲ့တာပါ။၁၉၉၉ခုနှစ် ဘွဲ့ရပြီးတဲ့အခါမှာတော့ Sityodtong က သူ့အတန်းဖော်အနည်းငယ်နဲ့အတူ NextDoor Networks လို့ခေါ်တဲ့ နည်းပညာလုပ်ငန်းတစ်ခုကိုလုပ်ခဲ့ပါတယ်နော်။

ထို့နောက်မှာတော့ သူက နယူူးယောက်ကိုပြောင်းသွားပြီး ရင်းနှီးမြှုပ်နှံရေးပိုင်းမန်နေဂျာအနေနဲ့ အလုပ်လုပ်ခဲ့ရာမှာ ဝင်ငွေသန်းနဲ့ချီပြီး ကြွယ်ဝလာခဲ့တာပါ။ ၁၀နှစ်လောက်ကြာတဲ့အခါမှာတော့ Sityodtong ဟာ သူ့ရဲ့Wallstreet လုပ်ငန်းကနေ အနားယူခဲ့ပြီး သူတစ်သက်လုံး ဝါသနာပါခဲ့တဲ့ မွေ့ထိုင်းဘက်ကိုကူးပြောင်းခဲ့တာပါ။

သူကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက မွေ့ထိုင်းကစားလာတဲ့ တိုက်ခိုက်ရေးပညာရှင်တစ်ဦးဖြစ်ပါတယ်နော်။၂၀၀၉ခုနှစ်မှာတော့ Sityodtong က အာရှဘက်ကိုပြန်ရောက်နေပါပြီ။ ပြီးတဲ့နောက် စင်္ကာပူနိုင်ငံမှာ MMA အဖွဲ့အစည်းကြီးကိုတည်ထောင်ခဲ့ပါတယ်နော်။

နောက်ထပ် ၂နှစ်အကြာမှာ သူနဲ့ ESPN Sports ရဲ့ စီနီယာအလုပ်အမှုဆောင် Victor Cui တို့ပူးပေါင်းပြီး mixed martial arts (MMA), Muay Thai နဲ့ kick-boxingပြိုင်ပွဲတွေအတွက် စင်္ကာပူအခြေစိုက် One Championship ကိုတည်ထောင်ခဲ့တာပဲ

ဖြစ်ပါတော့တယ်နော်။ အခုကတော့ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားပြီးတော့ One Championship ကိုမွေးထုတ်ပေးခဲ့တဲ့ Sityodtong အကြောင်းကို scmp သတင်းစာမျက်နှာကနေ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်နော်။credit:shwemon

Add a Comment

Your email address will not be published. Required fields are marked *