Unicode…၂၀၂၁ မှာ မြန်မာနိုင်ငံအတွက် အရမ်းကောင်းတဲ့ နိမိတ်ကြီးတွေ့နေရပြီလို့ ပြောလိုက်တဲ့ ဆရာဇင်ယော်နီ
ဆရာဇင်ယော်နီဟာ ဗေဒင်လောက မှာဆိုရင် ထင်ရှားလှသူတစ်ဦးဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်တစ်ဦးဖြစ်ပြီးတော့ သူကိုယ်တိုင်ကလည်း ဗေဒင်ပညာရပ်မှာကျွမ်းကျင်လှသူတစ်ဦးပါနော်။
ယခုရက်ပိုင်းမှာ မီဒီယာတွေ့ဆုံမှုတစ်ခုမှာ တော့ ဆရာဇင်ယော်နီက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နိမိတ်တွေက ကောင်းတဲ့ နိမိတ်တွေကို တွေ့ရတယ် လို့ ဟောကိန်းထုတ်ပြောကြားလာခဲ့တာဖြစ်ပါတယ်နော်။ဆရာဇင်ယော်နီကတော့
ကျွန်တော့ကိန်းခန်အရတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကောင်းတဲ့ နိမိတ်ဘက် အခြေအနေကို တွေ့ရပါတယ် ။ဝမ်းသာစရာ နိမိတ်ကိုပဲတွေ့ရပါတယ်။ ဘယ်လိုနိမိတ်မျိုးတွေ့လဲဆိုတော့ ကျွန်တော်တို့ တားရော့ကဒ်ပြားတွေမှာ Hermit ဆိုတဲ့ကဒ်တကဒ်ရှိတယ်။
အဘနာမည်ပေးထားတာကတော့ ပုဏ္ဏားဘကွန်းပေါ့ ။Hermit ရသေ့တစ်ပါးရဲ့ပုံပေါ့။မြန်မာနိုင်ငံနဲ့ ၂၀၂၁ ခုနှစ်အတွက်နိမိတ်ကို ပြောရမယ်ဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ဆက်ပြီးခိုင်မာဖို့ ပြည်သူပြည်သားများ သတ္တိဆက်ပြီးမွေးကြပါ ။သတ္တိရှိဖို့ အရေးကြီးပါတယ် ။
နံပါတ် ၂ တဖက်ပိတ်တွေလို့ အပြောခံရတဲ့ ဘဝ အမှန်တကယ်ကတော့ တဖက်ပွင့်လာတာပေါ့ ။နှစ်ဖက်ပွင့်ဖြစ်လာအောင် အထူးသဖြင့် အနာဂတ်မျိုးဆက်တွေအတွက်ကို စုံလုံးကန်းဘဝကနေဆွဲထုတ်နိုင်အောင် ဉာဏ်ပညာ ဖြန့်ဖြူးနိုင်ဖို့ကြိုးစားပါ။
နံပါတိ ၃ စီးပွားရေးအနေနဲ့ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ စုနိုင်ဆောင်းနိုင်လောက်တဲ့ တိုင်းပြည်အနေနဲ့ပြောတာပါ။ ဒါနမူနာတင်စားပြီးပြောတာ တိုင်းပြည်ရဲ့စီးပွားရေးဟာလည်းဖွံ့ဖြိုးလာမယ်ဆိုတဲ့ နိမိတ်ကိုတွေ့ပါတယ်။ အဲ့တော့ ၂၀၂၁ ကိုကျွန်တော်ကတော့ ဝမ်းသာအားရစွာနဲ့ မျှော်လင့်ပါတယ်
ဆိုပြီးတော့ လို့ဟောကိန်းထုတ်သွားခဲ့တာဖြစ်ပါတယ်နော်။ဒါကတော့ ဆရာဇင်ယော်နီဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၁ နိမိတ်တွေက ကောင်းတဲ့ နိမိတ်တွေကို တွေ့ရတယ် လို့ ဟောကိန်းထုတ်ပြောကြားလာခဲ့တာပါနော်။ ကိုဗစ်ကာလကြီးမှာလဲ ချစ်ပရိတ်တေအားလုံး ကျန်းမာချမ်းသာကြပါစေနော်။credit
Add a Comment
Your email address will not be published. Required fields are marked *