ချန်ပီယံခါးပတ် ကာကွယ်ပွဲကို တိုက်ရိုက်ကြည့်နိုင်မည့် ရုပ်သံလိုင်းတွေကို အောင်လအန်ဆန်း ကြေငြာ
Unicode…ချန်ပီယံခါးပတ်ကာကွယ်ပွဲကို တိုက်ရိုက်ကြည့်နိုင်မယ့် ရုပ်သံလိုင်းတွေကို အောင်လအန်ဆန် ပြောကြားေ
အာင်လကတော့ သူထိုးသတ်ယှဉ်ပြိုင်မယ့် ပွဲစဉ်ကို ကြည့်ရူန်င်မယ့် သတင်းလေးကို ပြောပြလာတာပါ။မင်္ဂလာပါခင်ဗျာ။ အားလုံးပဲကျန်းမာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
ONE Championship အဖွဲ့အစည်းရဲ့အောက်တိုဘာလ ၃၀ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့်ပွဲစဉ်မှာ ကျွန်တော့်ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲကိုခေါင်ပွဲအဖြစ်၊ စိန်ခေါ်သူRienner De Ridderနဲ့
ရင်ဆိုင်ထိုးသတ်သွားမှာပါ။မြန်မာနိုင်ငံကပရိတ်သတ်တွေအနေနဲ့ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုကြည့်ရှုအားပေးမယ်ဆိုရင်ဖြင့် အောက်တိုဘာလ ၃၀ သောကြာည ၇ နာရီအချိန်မှာ Skynet Sports 3 နဲ့ Skynet SportHD
ရုပ်သံလိုင်းများကနေတဆင့်စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်နော်။ဖုန်းကနေတဆင့်ကြည့်ရှုအားပေးမယ့်ပရိတ်သတ်များအတွက် One Championship အဖွဲ့အစည်းရဲ့တရားဝင် ONE Championship Application နဲ့
ONE Championship YouTube Channel တို့မှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော်။ONE Championship Application Download Link – https://bit.ly/3kzjNog
YouTube Channel – https://bit.ly/31IsRiW
အားလုံးပဲကိုဗစ်ရောဂါကပ်ဆိုးအချိန်ကာလဖြစ်တဲ့အတွက်၊ ကျန်းမာရေးကိုအထူးဂရုစိုက်ပြီးရောဂါပြန့်ပွားမှုမှတားဆီးဖို့အတွက်လုစုလူဝေးဖြင့်ကြည့်ရှုခြင်းများမပြုလုပ်ကြပါရန်နှင့်ရင်ဆိုင်ထိုးသတ်ရတဲ့ယှဉ်ပြိုင်ပွဲဖြစ်တဲ့အလျောက်၊
အားပေးကြည့်ရှုနေစဉ်စိတ်လှုပ်ရှားမှုဖြစ်ပေါ်နိုင်သည့်အတွက်သက်ကြီးရွယ်အိုများ၊နှလုံးနှင့်ပတ်သက်သည့်ရောဂါအခံရှိသူများဂရုပြုသတိထားကြည့်ရှုကြပါလို့ပြောလိုပါတယ်။အားလုံးကို အားပေးမှုအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံသားတွေ အားလုံးနဲ့ ကျွန်တော့်ရဲ့ကချင်လူမျိုးတွေအားလုံးကို၊ကိုယ်စားပြုပြီးတော့ ချန်ပီယံခါးပတ်ကိုကာကွယ်ဖို့ယှဉ်ပြိုင်ထိုးသတ်အနိုင်ယူသွားမှာပါလို့လည်း အောင်လက ပြောဆိုထားခဲ့တာဘဲ ဖြစ်ပါတယ်နော်။Source: Aung La N Sang
Add a Comment
Your email address will not be published. Required fields are marked *