အသက် ၄နှစ်အရွယ် ကလေးငယ်လေးအား သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိပြီ
Unicode…အသက် ၄ နှစ်အရွယ် ကလေးငယ်လေးအား သတ်သွားသည့်လူသတ်တရားခံဆိုသူအားသရုပ်ပြမှတ်တမ်းပြုလုပ်ရန်လယ်ကွက်ထဲခေါ်လာစဉ်လူစုလူဝေးဖြစ်ပေါ်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မကျီးပေါက်ကုန်းအုပ်စု၊ ကျောက်ဖူးကျေးရွာတွင်ပြီးခဲ့တဲ့အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ အသက် ၄ နှစ်အရွယ် ရှိ ဉီးကျော်ဉီး၊ဒေါ်အေးစန်းတို့ရဲ့သမီးမပြည့်ပြည့်ဇွန်အမည်ရှိ
မိန်းခလေးတစ်ဦးပျောက်ဆုံးနေခဲ့ရာမှ ၉ရက်မြောက်အောက်တိုဘာလ၂၆ရက်နေ့လည်ပိုင်းမှာကျောက်ဖူးကျင်းကျေးရွာနဲ့ကန်သုံးဆင့်ကျေးရွာကြား လယ်ကွင်းထဲမှာသေဆုံးလျက်တွေ့ရှိရပြီး လူပျောက်မှုမှ လူသတ်မှုကို ပြောင်းလဲဖွင့်လှစ်ထားသော လူသတ်တရားခံဆိုတဲ့သူကို
ဒီနေ့အောက်တိုဘာလ၂၈ရက်နေ့လယ်ပိုင်းမှာ သရုပ်ပြဖို့လယ်ကွက်ထဲကိုခေါ်လာရာတွင်  လူစုလူဝေးဖြစ်ပေါ်နေတယ်လို့ရွှေတောင်မြို့နယ်လေးထပ်ရောင်ခြည်ပရဟိတဉက္ကဋ္ဌကိုဇော်ဇော်ထွန်းကပြောတာပါ။ကလေးကိုသတ်တဲ့လူသတ်တရားခံကိုမိထားပြီလို့သိရတယ်၊အဲဒီကျောက်ဖူးကျင်းကျေးရွာထဲကပါဘဲ ၊
တရားခံကို ကလေးကိုဘယ်လိုသတ်ပြီးလယ်ကွက်ထဲဘယ်လိုပစ်ထားတယ်ဆိုတာ သရုပ်ပြဖို့ရွှေတောင်မြို့နယ်ရဲစခန်းကတာဝန်ရှိသူတွေတရားခံကိုလယ်ကွက်ထဲကိုခေါ်လာနေရာမှာလူစုလူဝေကြီးဖြစ်ပေါ်နေတဲ့အတွက်မနည်းထိန်းနေရပါတယ်
လို့ရွှေတောင်မြို့နယ်လေးထပ်ရောင်ခြည်ပရဟိတဥက္ကဋ္ဌ ကိုဇော်ဇော်ထွန်းကပြောကြားခဲ့ပါတယ်။မပြည့်ပြည့်ဇွန်ပျောက်နေတာနဲ့ပတ်သက်လို့စခန်းမှာလူပျောက်ဖွင့်ထားရာက
အောက်တိုဘာလ၂၆ရက်နေ့လယ်ပိုင်းမှာကျောက်ဖူးကျင်းကျေးရွာရဲမြောက်ဖက်၊ရွာနှစ်ရွာကြားမှာနဖူးရိုးကွဲကြေဉီးခေါင်းချိုင့်ဝင်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရပြီးတော့ လူပျောက်မှုမှလူသတ်မှု (ပ)၃၇၁/၂၀၂၀  ရာဇသတ်ကြီး ဉပဒေပုဒ်မ၃၀၂ဖြင့်ပြောင်းလဲဖွင့်လှစ်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ ဒီနေ့အောက်တိုဘာလ၂၈ရက်နေ့လယ်ပိုင်း၌
လူသတ်တရားခံဖမ်းမိထားပြီဖြစ်ကြောင်းရွှေတောင်မြို့မရဲစခန်းမှသိရပါတယ်။ယခုဖမ်းမိထားသောကလေးကိုသတ်တဲ့တရားခံဆိုသူမှာကျောက်ဖူးကျင်းကျေးရွာနေအသက်၅၀နှစ်ခန့်ရှိဦးခင်ဝင်းဆိုသူဟုသိရပြီး
ကလေးရဲမိဘတွေဆီမှာပိုက်ဆံသိန်း၃၀ခန့်ချီးထားကြောင်း၊ဒီငွေကြေးကိစ္စနဲ့ပြီးခဲ့တဲ့လက စကားများကြကြောင်းနဲ့ကလေးက အဲဒီလူသတ်တရားခံဆိုသူရဲ့အိမ်ပေါ်ကိုတူတူပုန်းတမ်းကစားရင်းတက်ပုန်းရာမှကလေးကိုသတ်၍အိတ်ထဲထည့်ပြီးလူလစ်ချိန်မှာ လယ်ကွက်ထဲပစ်ထားတာဖြစ်ကြောင်းကိုဒေသခံများထံကကြားသိရပါတယ်နော်။credit;ဝေဇင်ကြည္
Tags:
Add a Comment
Your email address will not be published. Required fields are marked *