Unicode…တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းမီဒီယာတစ်ခုမှာဖော်ပြခံလိုက်ရတဲ့ ပိုင်တံခွန်
မြန်မာနိုင်ငံက နာမည်ကျော် မော်ဒယ်လ်၊ သရုပ်ဆောင်တွေထဲမှာ ပိုင်တံခွန်ကတော့ ပြည်ပနိုင်ငံက ပရိသတ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါနော်။
အာရှနိုင်ငံက မိန်းကလေး ပရိသတ်တွေရဲ့ ဝန်းရံ အားပေးခြင်းခံရသလို ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ပရိသတ်တွေ အခိုင်အမာရှိတဲ့အပြင် အနုပညာအလုပ် တွေလည်းလုပ်ကိုင် နေရတာဘဲ ဖြစ်ပါတယ်။နှစ်စဉ် The 100 Most Handsome Faces
စာရင်းကို ထုတ်ပြန်လေ့ရှိတဲ့ TC Candlerကတော့ ဒီနှစ်မှာပိုင်တံခွန်ကိုဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ဒီလိုမျိုးစာရင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးကနာမည်ကျော်တွေကိုထည့်သွင်းထားတာကြောင့်
မြန်မာနိုင်ငံသားတွေ အတွက်တော့ ဂုဏ်ယူစရာပါနော်။ အခုဆိုရင်တောင်ကိုရီးယားနိုင်ငံက သတင်းမီဒီယာတစ်ခုက ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ရေးသားဖော်ပြလာတာပါနော်။မြန်မာနိုင်ငံက မော်ဒယ်လ်တစ်ဦးဖြစ်ကြောင်းနဲ့ (၁၉၉၆) ခုနှစ်ဖွားတစ်ဦးဖြစ်ကြောင်း ရေးသားထားတာဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ အမိုက်စား စတိုင်နဲ့ရုပ်ရည်ချောမောမှု တွေကတော့ မြင်သူတိုင်းက ကြွေလောက်စရာလည်း ဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားနိုင်ငံကပါသတိထားမိကာ ရေးသားဖော်ပြခံရတာကတော့ ဂုဏ်ယူစရာ ကောင်းလှပါတယ်နော်။Source :  피키캐스트
Add a Comment
Your email address will not be published. Required fields are marked *