မြို့စောင့်နတ်မင်း ရုပ်ထုကိုမှ တက်ပြီး ကားနှင့်ဝင်တိုက်မိသူရဲ့ အဖြစ်

မြို့စောင့်နတ်မင်းရုပ်ထုကိုမှတက်ပြီးကားနှင့်ဝင်တိုက်မိသူရဲ့အဖြစ်

မြို့စောင့်နတ်မင်းကြီးအတွက် ဂြိုလ်ဆိုးဝင်တဲ့ အကာလညသန်းခေါင်ယံ ညတစ်ညရဲ့ အတွေးတစ်ခုပါ။ လူတွေတော်တော်ပြသနာရှာကြတယ်။မြို့စောင့်နတ်မင်းကြီးရဲ့နတ်နန်းကို မနေ့ညက သီတင်းကျွတ် လဆန်း ၁၀ ရက် ၊

( ဘိုလိုဆိုရင် အောက်တိုဘာလ ၂၆ ရက်နေ့ ) ညသန်ခေါင်းယံက ဝုန်း  ဆိုတဲ့အသံကြားလို့  နတ်မျက်စေ့နဲ့ကြည့်လိုက်တာ နတ်ဖြစ်တဲ့ကျုပ်တောင် မျက်လုံးပြူး သွားရတယ်။

ဟုတ်ပဗျာ လူတွေစီးတဲ့ကားဆိုလား။ ဘာလား ။စီးတော်ယာဉ်ကြီးဟာ အရှိန်လွန်ပြီး တော့ ကျုပ်ရဲ့ပုံတူရုပ်ထုပေါ်တက်ခွလို့ ကျုပ်ရဲ့ရုပ်ထုတော်ဟာ မြေပေါ်မှာပိုးလိုးပက်လက်တွေကိုလန်လို့ပါဆို မြေမှာခလို့   မမြင်ရက်စရာဘဲ။

ကျုပ်ဆိုတာကကတော့ ယိုးဒယားနိုင်ငံတော်က ချိုင်းယဖုမ်းခရိုင် ဘန့်ထဲန်း  မြို့စားနယ်ပိုင်ကြီးပါနော်။ ဒီခေတ်လိုပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူးကြီးပေါ့။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ ခန့်ကနေ လာဘ်စားလွန်းလို့ဆိုလား ။သတ္တိရှိလွန်းလို့ဆိုလား ။ ဘာလားပါဘဲ ။( မသိချင်ကြစမ်းပါနဲ့ )အစိမ်းသေသေပြီးတော့ မြို့ကိုစောင့်ရှောက်တဲ့နတ်မင်းအဖြစ်ပြည်သူတွေက

အတင်းရော ဇွတ်ရော ဝိုင်းပြီးကိုးကွယ်ထားကြလို့ ကျုပ်မှာမကျွတ်မလွတ်ဘဲ ဒီမြို့မှာတဝဲလည်လည်နဲ့ နေ နေရတာပါ။ကျုပ်လည်း နတ်အခွင့်အရေးအပြည့်အဝရချင်တာပေါ့ဗျာ။ ဟို စကီနတ်သမီးလေးတွေရှိတဲ့နေရာစုံကိုပတ်လိမ့်ချင်တာလေ ။

( ဘယ့်နှယ် လူတွေကျတော့ နိဗ္ဗာန်​ရောက်ကြောင်း တရားတွေကျင့်ကြံနေကြတယ် ၊ မတရားဘူး ) ကျွန်ုပ်ဘဝ မြို့စောင့်နတ်မင်းကြီးအဖြစ်နဲ့ လူရိုသေ ရှင်ရိုသေနဲ့ မြို့လယ်ခေါင်မှာ ခပ်တည်တည် မရယ်မပြုံး ခန့်ခန့်ညားညားနဲ့

ထီးထီးကြီးရပ်တည်လာတာနှစ်တွေလည်းမနည်းတော့ပါဘူးဗျာ။ဟိုလူကဆင်ရုပ် မြင်းရုပ်လေးနဲ့လာပူဇော်လိုက် ( လူလစ်ရင်ပြန်ထုတ်ရောင်းစားလိုက် ) ၊ ပန်းဆီမီးအမွှေးတိုင်တွေနဲ့လာပူဇော်လိုက် ၊ စားစရာသောက်စရာ

ယမကာအချိုရည်တွေလာဆက်သလိုက်နဲ့ ကျုပ်မှာအငွေ့နဲ့တင်ကျေနပ်နေရတာပါ။အံမယ် ဝတ္တုငွေတွေကျတော့ ကျုပ်နဲ့ဘာဆိုင်လို့တုန်းဆို။ဟို .. ရုပ်ထုထိန်းသိမ်းရေးကော်မတီကစုထားပေးကြတယ်လေ( လူလစ်ရင်တော့ ဘုံးကြဝုန်းကြပေါ့ ) စတာပါ ။

အကျွန်ုပ်အတွက် ထီးနဲ့နန်းနဲ့ ကန္နားနဲ့အတည်တ ကျမရှိခင်က ရှေးနှစ်ပေါင်း ၁၈၀ နှစ်ကတည်းက ခုနှစ်ရက်သားသမီးတွေကယုံယုံကြည်ကြည်နဲ့ ပူဇော်ပသခဲ့ကြလို့ အကျွန်ုပ်ကလည်း ဘေးမသီရန်မခအောင် ပြန်လည် စောင့်ရှောက်တော်မူခဲ့ရင်း

ခေတ်ကာလတွေရွေ့လျားလာတော့ လူတွေကကျုပ်အတွက် ဧရာမနတ်နန်းကြီးတည်ဆောက်ပေးဘို့တင်ဒါတွေခေါ် ၊ ကန်ထရိုက်တွေနဲ့မဲနှိုက် ၊ ကော်မတီတွေဖွဲ့ ၊ ရန်တွေဖြစ်ကြ ၊ အကွဲကွဲအပြဲတွေ ဖြစ် ၊ လောဘတက်သူတွေကတက်နဲ့

ကျွန်ပ်လည်း စိတ်မချမ်းမသာနဲ့ အိပ်မက်ပေးပြီး ” ကဲမောင်မင်းတို့ ..ရှိစေတော့   ငါ့ဘာသာငါ မြို့လယ်ခေါင်မှာ ချောမောခန့်ညားတဲ့ရုပ်ထုလေးနဲ့အသိအမှတ်ပြုကြမယ်ဆိုရင်လည်း နွေမိုးဆောင်း ရာသီမရွေးအဖေကြီးကျေနပ်ပါပြီ ကွယ်။

ငါ့နတ်နန်းဖြစ်မြောက်ရေးကြောင့်မင်းတို့တစ်တွေ စိတ်ဝမ်းမကွဲကြပါနဲ့ ဆိုပြီးတော့ ဇွတ်အတင်းတားမြစ်ခဲ့လို့  အခုလိုရုပ်ထုလေးနဲ့ မကျဉ်းမကျယ်ဇိမ်ကြလာတာ ၁၇ နှစ်တောင်ကျော်ခဲ့ပြီဆိုပါတော့ဗျာ။ လူ့ကံနတ်ကံ နှစ်ခုကံကလည်း တယ်တိုက်ဆိုင်းသကိုးကွဲ့ .. ကိုယ့်ရုပ်ထုတောင်ကိုယ် Defence မလုပ် လိုက်နိုင်ပါဘူးဆို မှ ( ရှက်ထှာ )။

ဘယ့်နှယ်ကွယ် ကံဆိုးချင်တော့ မနေညက အကျွန်ုပ်မြို့နယ်မှာ ကားတွေလည်းရှင်းလို့ အေးချမ်းသာယာလှတယ်ဆိုပြီး စကီနတ်သမီးလေးနား တိတ်တိတ်လေးသွားလည်မိပါတယ်။သတိတစ်ချက်လွတ်တာနဲ့  ကားနံပါတ် ၁၉၆၈ မစ်ဆူဘီရှီ ပစ်ကပ်ကားသမား အမောင်ဆာနစ်ဟာ

ကျုပ်ရဲ့နတ်ရုပ်ထုကိုဝင်တိုက်ပြီး ကားက ပဒြပ်ရပ်ဖင်ထောင်လို့ ကားခေါင်းထဲမှာ ငုတ်တုတ်  ဘာဒဏ်ရာမှမရဘဲ နတ်ကိုင်မှာကိုအကြောက်လွန်နေပုံပါ ။အေး အေး  ရှိစေတော့ကွယ်။ ငါရုပ်ထုအသစ်ရတာပေါ့မောင်မင်းကြီးသားရယ်။

အခုတော့ မြို့စောင့်နတ်မင်းရုပ်ထုထိန်းသိမ်းကာကွယ်ရောက်စောက်ရေးကော်မတီက ကျုပ်ရဲ့ရုပ်ထုကိုပိုမိုခန့်ညားအောင်ခေတ်မှီတဲ့ဒီဇိုင်းတွေနဲ့ပြန်လည်ထုဆစ်ဘို့အတွက် လျော်ကြေးငွေထိုင်းဘတ် ၃၈၀၀၀၀  ပေးဆောင်ရမှာပါ။

စီးတော်ယာဉ်ကိုပရမ်းပဒါမောင်းတဲ့ကိုယ်တော်ခေိာကလည်းကြည်ဖြူပြီးသားပါ။ကျုပ်ရဲ့ဘုန်းတန်ခိုးအာနုဘော်ကို ဖိန့်ဖိန့်တုန်နေအောင်ကြောက်ရှာနေသကိုး  ၊ သိတယ်နော်  နတ်ကိုင်ရင်ဘာဖြစ်သွားမယ်ထင်သလဲဗျ။

ဘာဘဲပြောပြော ယခင်က ဘတ် ၁၅၀၀၀၀ တန်အကျွန်ုပ်ရဲ့ ရုပ်ထုဟာ ဤအမူးသမားကောင်းမှုကြောင့် မြေခရတယ်။ပြောင်းလဲချိန်တန်လို့ အသစ်တဖန်ပြန်လည်ဖန်တီးမယ့်အကျွန်ုပ်ရဲ့  ဘတ် ၃ သိန်း ၈ သောင်းတန် ရုပ်ထုကြီးကို

မြင်ယောင်တွေးကြည့်မိရင်း မြို့စောင့်နတ်မင်းကြီး အပျော်ကြီးပျော်နေမိပါပြီဗျာ။တစ်ခုဘဲရှိဒယ် လာဘ်စားပြီး ပုံမလာပန်းမလာ မျက်လုံးပြူးပြူး ပုကွကွ ရုပ်ဆိုးဆိုး ရုပ်ထုထွက်လာလို့ကတော့ နတ်ရုပ်ထုထိန်း ကော် အဖွဲ့နာဘို့သာပြင်ပေတော့ ဟေ့။ဤတွင်နတ်၏အတွေးပြီးပါပြီ။Credit;SiThuMaung

Tags:

Add a Comment

Your email address will not be published. Required fields are marked *