တရုတ်နိုင်ငံ ရှင်ကျန်းမှာ လူပေါင်း ၅ သန်းလောက် ဗိုင်းရပ်စ်စစ်ဆေးမည်






Source: AP

Unicode…တရုတ်နိုင်ငံ ရှင်ကျန်းမှာ လူပေါင်း ၅ သန်းလောက်ကို ဗိုင်းရပ်စ်စစ်ဆေးမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက Kashgar စီရင်စုမှာ လူပေါင်း ၄.၇ သန်းကျော်ကို အင်္ဂါနေ့မှာ ဗိုင်းရပ်စ် ကို အပြီးစစ်ပေးမယ်လို့ အာဏာပိုင်တွေက ပြောကြားခ့ပါတယ်။

Kashgar စီရင်စုအတွင်းရှိ ရှူဖူးဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာမပြတဲ့ လူနာ ၂၆ ယောက်ကို တနင်္လာနေ့က တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း

ကူးစက်သူလူနာအသစ်စာ ၁၆၄ ဦးရှိလာတယ်လို့ ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း

ရောဂါလက္ခဏာမပြတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိပြီးတဲ့နောက်မှာ ဒေသတွင်းရှိ လူအားလုံးကို ဗိုင်းရပ်စ်ပိုး အခမဲ့ စမ်းသပ်ပေးမယ်လို့ အခုလို ကြေညာခဲ့တာဖြစ်ပါသည်။

Source: AP

Add a Comment

Your email address will not be published. Required fields are marked *