ကိုဗစ် ရောဂါကြောင့် မြန်မာအထည်ချုပ်အလုပ်သမများ လိင်အလုပ်သမများဖြစ်လာ

ကိုဗစ် ရောဂါကြောင့် မြန်မာအထည်ချုပ်အလုပ်သမများ လိင်အလုပ်သမများဖြစ်လာ

အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့မလှ(အမည်လွှဲ)ဟာ ကလေးမွေးပြီးတော့ ၇ လအကြာမှာ အလုပ်ပြန်လုပ်ဖို့ကြိုးစားပေမဲ့ အလုပ်မရခဲ့ပါဘူး။ကမ္ဘာ့ကပ်ရောဂါကြောင့်ဘဲ အနောက်တိုင်းက ဖက်ရှင်တံဆိပ်တွေက အမှာစာတွေဖျက်သိမ်းခဲ့လို့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံရာချီပိတ်ထားရတာကြောင့် အမျိုးသမီးထောင်ချီအလုပ်လက်မဲ့ဖြစ်နေတာပါ။

ရန်ကုန်မှာအလုံပိတ်ကန့်သတ်မှုတွေဖြစ်လာပြီးနောက်ပိုင်း မလှအိမ်ထောင်ကွဲပြီးတော့ သူ့အမျိုးသားထွက်သွားသလို သူ့ဖခင်ကလည်း မြို့ထဲမှာခရီးသည်မရှိလို့ ပိုင်တဲ့ဆိုက်ကားကိုရောင်းခဲ့ရပါတယ်။မိဘတွေရော၊ ကလေးတွေရော အငတ်ဘေးကြုံရလာလို့ ပြီးခဲ့တဲ့ ၅ လလောက်ကစပြီး မလှ လိင်အလုပ်သ မဖြစ်လာခဲ့တာပါ။

တော်တော်ကြောက်ခဲ့ပါတယ် လို့ မလှကပြောပါတယ်။အမှောင်ထဲမှာဆိုတော့ ဂရုတစိုက်နေဖို့ကြိုးစားတယ်။ မိသားစုကိုစိတ်ထဲကတွေးပြီးတော့လုပ်ရတာပေါ့။ သူတို့ကို ဘယ်လိုထမင်းကျွေးရမလဲဆိုတာ’မလှရဲ့အခြေအနေကဆင်းရဲတွင်းကနေလွတ်ဖို့

လိင်အလုပ်သမ အဖြစ်ပြောင်းလဲလာတဲ့အရေအတွက်မြင့်တက်လာတာကို ထင်ဟပ်နေတယ်လို့ စည်းရုံးလှုံ့ဆော်သူတွေကပြောခဲ့ပါတယ်။ကိုဗစ်ဟာ မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းကို ထိုးနှက်မှုတွေလုပ်နေပြီးတော့ ဖေဖော်ဝါရီမှာ

တရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ကြမ်းတွေပြတ်လို့ စက်ရုံတွေပိတ်ရပြီး အလုပ်နေရာ ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြားထိခိုက်တာကနေ စခဲ့တာပါ။နိုင်ငံရဲ့အားနည်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုကာကွယ်ဖို့ အာဏာပိုင်တွေကကြိုးစားတဲ့အနေနဲ့

ဧပြီမှာစတင်တဲ့ရန်ကုန်ရဲ့ပထမဆုံးအလုံပိတ်ကန့်သတ်မှုမှာ စက်ရုံတွေယာယီပိတ်ထားဖို့ပါဝင်ပြီး စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိက ဒုတိယအကြိမ်ဖြစ်ခဲ့တာပါ။စက်ရုံ ၂၂၃ ရုံက ပိတ်ဖို့၊ ယာယီပိတ်ထားဖို့

ဒါမှမဟုတ် ၀န်ထမ်းတွေလျှော့ချဖို့ လျှောက်ထားတယ်လို့ ဒေသ၀န်ကြီးတယောက်က စက်တင်ဘာလတုန်းက မီဒီယာတွေကပြောကြားခဲ့ပါတယ်။အခုနောက်ဆုံးအလုပ်အကိုင်ဆုံးရှုံးမှုတွေဟာ ဇန်နဝါရီကနေ ဇူလိုင်အထိ စက်ရုံ ၆၀ ကျော်ပိတ်သိမ်းပြီးတော့

အလုပ်သမား ၄၀၀၀၀ ကျော်ကိုအလုပ်ဖြုတ်ခဲ့လို့ အလုပ်လက်မဲ့ဖြစ်တာထက်ပိုများနိုင်ပါတယ်။လက်ရှိအိမ်မှာပဲနေဖို့သတ်မှတ်ထားတဲ့ကာလမှာ လိင်အလုပ်သမအနေနဲ့ မလှအတွက်ဟာ တနေ့ကို အသားတင် ကျပ် ၅၀၀၀ လောက်ရပါတယ်။

‘အချိန်တော်တော်လေးကြာအောင်မတ်တပ်ရပ်နေရတယ်။ အမျိုးသားတွေက ကျွန်မတို့နားလာပြီး စကား လာစပြောကြတာပေါ့’လို့လည်း မလှကပြောပြခဲ့တာပါ။သူ့ကလေးအတွက် အချိန်မပေးနိုင်တော့ပါဘူး“ဒီအလုပ်လုပ်နိုင်အောင် ကလေးကိုလည်း နို့ဖြတ်လိုက်ရတယ်။

အခုတော့ ကလေးကို ထမင်းနဲ့ ဈေးပေါတဲ့နို့မှုန် ရောကျွေးရတာပေါ့”အသက် ၃၀ ရှိပြီဖြစ်တဲ့မခိုင်ကလည်း ပြီးခဲ့တဲ့ ၆ လလောက်တုန်းက ရန်ကုန်မှာရှိတဲ့စက်ရုံတစ်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်နေခဲ့တာပါ။

သူ့အမျိုးသားကလည်း ဆိုက်ကားအုံနာခမပေးနိုင်တော့ပါဘူး။ အခုတော့ သူအိမ်ကထွက်မယ်ဆိုရင် အသက် ၁၆ နဲ့ ၇ နှစ်တို့အသီးသီးရှိနေတဲ့ သူ့သားလေး ၂ ယောက်ဟာ သူ့ကိုမသွားဖို့ တောင်းပန်ကြပါတယ်။သူတို့က ကျွန်မကိုတားဖို့ကြိုးစားတယ်။ ကျွန်မကတော့ မငိုဖို့ပြန်ပြောရတာပေါ့။

အသက်ရှင်ဖို့ လုပ်ကို လုပ်ရမယ်ဆိုတာလည်း ရှင်းပြရတယ် လို့ မခိုင်ကပြောတာပါ။တချို့ယောက်ကျားတွေက သူတို့လိင်ဆန္ဒပြည့်အောင် ရိုက်နှက်တတ်ကြပြီး တချို့ကတော့အကြမ်းဖက်ပြီးတော့ မျက်နှာနဲ့နားရွက်တွေကို

ရိုက်နှက်တတ်ကြတယ်လို့လည်းပြောပြပါတယ်။“တကယ်ကြောက်မိတယ်။ ကျွန်မကိုသတ်သွားရင် ဘယ်လိုဖြစ်သွားမလဲလို့တောင်တွေးမိတယ်”တချို့နေ့တွေဆိုရင်တော့ ကျပ် ၇၀၀၀ လောက်ရပြီး တော့ တချို့နေ့တွေမှာဆိုရင်တော့ အိမ်ပြန်မယ့်ကားခတောင်မ လောက်တဲ့နေ့တွေရှိပါတယ်။

အဲဒီလိုနေ့တွေမှာ သူ့ကိုယောက်ကျားတွေအနိုင်ကျင့်နှိပ်စက်လေ့ရှိတဲ့ လမ်းတွေကနေ မခိုင်အိမ်ကိုလမ်းလျှောက်ပြန်လေ့ရှိပါတယ်တဲ့။အိမ်ရောက်ရင် အိမ်နီးချင်းတွေက သူ့အကြောင်းအတင်းပြောကြတာထက် သူ့သားတွေကို ကျွေးမွေးထားကြဖို့ပဲ သူကမျှော်လင့်တာပါတဲ့။

“ဒီလိုအလုပ်လုပ်ရလို့ တချို့က ကျွန်မကိုအထင်သေးပြီး နှိမ်သလိုဆက်ဆံကြတယ်” လို့လည်းပြောပြပါတယ်။မခိုင်ဟာ COVID-19 ရောဂါထက်ပိုများတဲ့အန္တရာယ်တွေနဲ့ကြုံနေရတာပါ။မြန်မာနိုင်ငံမှာ လိင်အလုပ်သမ ၆၆၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၅.၆ ရာခိုင်နှုန်းလောက်က အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ UNAids ကပြောကြားခဲ့ပါတယ်။

မြန်မာလိင်လုပ်သားများအဖွဲ့တည်ထောင်သူ အသက် ၄၈ နှစ်ရှိနေတဲ့ ဒေါ်နှင်းနှင်းယုက ၄ နှစ်ကြာလိင် အလုပ်သမအဖြစ်လုပ်ကိုင်ခဲ့ပြီးတဲ့နောက်မှာ ၂၀၀၄ ခုနှစ်မှာ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာပါ။သူအဖွဲ့က အမျိုးသမီး ၂၀၀ လောက်ကို

တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းတွေနဲ့ ငွေဖြည့်ပြီးသားဈေး ၀ယ်ကတ်တွေကို ပြီးခဲ့တဲ့ ၂ လအတွင်းပေးခဲ့တာပါ။အစိုးရကလည်း ထောက်ပံ့ငွေ၊ ဆီနဲ့ဆန်တွေကို ၀င်ငွေနည်းမိသားစုတွေဆီထောက်ပံ့နေပေမဲ့လည်း အထောက်အ ထားမရှိတာ၊ တရားမ၀င်လိင်လုပ်ငန်းကိုဖုံးကွယ်ဖို့ အတွက်

ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ မှတ်ပုံတင်ထားကြတာ တို့ကြောင့် လိင်လုပ်သားတွေဆီ အထောက်အပံ့မရတာတွေရှိပါတယ်လို့ ဆိုပါတယ်။ဖောက်သည်လျော့ကျလာပေမဲ့လည်း ကမ္ဘာ့ကပ်ရောဂါကာလမှာ အမျိုးသမီးတွေက လိင်ကုန်ကူးတဲ့လုပ်ငန်းထဲ

ပိုဝင်ရောက်လာတယ်လို့ ဒေါ်နှင်းနှင်းယုကပြောကြားခဲ့ပါတယ်။အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့အတူ အဖမ်းအဆီးတွေလည်း ပိုများလာတယ်လို့လည်း ဖြည့်စွက်ရှင်းလင်း ပါတယ်။“အပြင်ထွက်ပြီး မိသားစုအတွက် ပိုက်ဆံရှာလို့ပြောတဲ့ သူတို့အမျိုးသားတွေက သူတို့ကိုရိုက်တာမျိုးတွေ ရှိနေတယ်။

လမ်းပေါ်မှာလည်း ပိုက်ဆံမပေးဘဲထွက်ပြေးတဲ့အမျိုးသားတွေရှိတယ်။ ပြီးတော့ ဖမ်းမယ်လို့ ရဲတွေကခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတာလည်းရှိတယ်။ ပိုက်ဆံမပေးနိုင်ရင် အဖမ်းခံရတယ်”။မြန်မာနိုင်ငံက လိင်လုပ်သားတွေဟာ အန္တရာယ်နဲ့ နပန်းလုံးနေကြသလို ရဲတွေကိုလည်းကြောက်ရပါတယ်တဲ့။

အရာရှိတွေက သတင်းပေးတွေလွှတ်၊ အသွင်ယူပျော်ပါးဖမ်းဆီးပြီးတော့ အမျိုးသမီးတွေကို ထောင် ၃ နှစ်အထိ ချတာမျိုးလည်းရှိပါတယ်။“ရဲတွေကိုတော့ ဝေးဝေးရှောင်တယ်။ လော့ဒေါင်းမှာညမထွက်ရဆိုတော့ ညသန်းခေါင်ကျော်တဲ့အထိ ဖောက်သည်ရှာလို့မရတော့ဘူး။

ဒါပေမဲ့ တခါတခါအိမ်ကိုလမ်းလျှောက်ပြန်တာ သန်းခေါင်ကျော်နေပြီ။ စိတ်တွေလေးလံနေတာပဲ အဲ့လိုရက်တွေက” လို့ မလှက ရင်ဖွင့်ခဲ့တာပါ။၁၄ နှစ်လောက်လိင်အလုပ်သမလုပ်နေတဲ့ အသက် ၃၈ နှစ်အရွယ်မကြည်ကလည်း ဧပြီလတည်းကစပြီး စက်ရုံအလုပ်သမတွေ လမ်းပေါ်ရောက်လာတယ်လို့ပြောပါတယ်။

တော်တော်များများက ရိုးရိုးအအလေးတွေ။ ဒီအလုပ်မှာအတွေ့အကြုံမရှိဘူး။ ဖောက်သည်နဲ့ ရဲနဲ့ မခွဲနိုင်ရင် လွယ်လွယ်ဖမ်းခံရနိုင်တယ်မကြည်နဲ့ တခြားလိင်လုပ်သားတွေက ရဲတွေနဲ့ ပုံမှန်အိပ်ပြီးတော့ အဖမ်းမခံရအောင်ရှောင်တာ၊ ရာထူးသိပ်မကြီးတဲ့ အရာရှိတွေကို လာဘ်ပေးတာတွေလုပ်လေ့ရှိပါတယ်။

အတုံ့အလှည့်အနေနဲ့ အပိုင်နယ်မြေထဲမှာ သတင်းပေး တွေရှိနေတယ်ဆိုရင် ရဲတွေက သူတို့ကို သတိပေးပါတယ်။“ဒီလုပ်ငန်းခွင်မှာ ဒါကပုံမှန်အခြေအနေပဲ” လို့လည်း မကြည်ကဖြည့်စွက်ပြောဆိုခဲ့တာပါ။ဒီလုပ်ငန်းလုပ်တယ်ဆိုတာ အမျိုးသမီးတော်တော်များများက မိသားစုဝင်တွေကိုပြောလေ့မရှိသလို

အမည်း စက်ထင်မှာစိုးလို့ အရောင်းမြှင့်တင်ရေးအလုပ်ရထားတယ်လို့ သူ့အိမ်ကိုပြောထားတဲ့မကြည်လည်း အဲဒီ အထဲမှာပါနေတာပါ။မလှရဲ့မိသားစုကတော့ အမေနဲ့ သမီးကြားထဲမှာဆုံးဖြတ်ချက်ချခဲ့ရတာပါ။သူ့အလုပ်အကြောင်းပြောလိုက်တဲ့အချိန်မှာ

သူ့အဖေရိုက်မယ်လို့မှန်းထားပေမဲ့လည်း သူ့အဖေက သူ့ကို ဘာမှ မပြောဘဲ ငြိမ်ငြိမ်ပဲနေနေတယ်လို့ မလှကပြောခဲ့တာပါ။ပြီးခဲ့တဲ့သြဂုတ်လအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာရာဂဏန်းပဲရှိပြီးတော့ လက်ရှိ အချက်အလက်တွေကတော့ လူ ၄၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀၀ ကျော်နေပါပြီ။

“ကိုယ့်အတွက်ကိုယ်မပူပါဘူး။ မိသားစုကို အပူတွေလွှဲပေးရမှာပဲစိတ်ပူတယ်”လို့ မလှကပြောခဲ့တာပါ။“တော်တော်ကိုရုန်းကန်နေရပြီးပြီ။ ဒီရောဂါကူးစက်ခံရမယ်ဆိုရင်တော့ ပိုဆိုးလာဖို့ပဲရှိပါတယ်။ ကျွန်မတို့မှာ ပိုက်ဆံမရှိဘူး။ ကျွန်မတို့ကို ဘယ်သူမှအဆက်အဆံလုပ်ချင်မှာမဟုတ်တော့ဘူး” လို့ဝမ်းနည်းစွာပြောလာတာပါ။

Ref : ‘I have to do this’: Myanmar garment workers forced into sex work by Covid

credit;PeopleMedia

Tags:

Add a Comment

Your email address will not be published. Required fields are marked *