တူတူပုန္းတမ္းကစားရာမွ ေပ်ာက္ဆုံးေနေသာ ၄ ႏွစ္အရြယ္သမီးငယ္ေလးရဲ႕အမႈကုိ တရားခံမေဖာ္ထုတ္နုိင္ေသးဟု သိရ

တရားခံကိုမေဖာ္ထုတ္နိုင္ေသးတဲ႕ တူတူပုန္းတိုင္းကစားရာမွ ေပ်ာက္ဆုံးေနေသာ ၄ ႏွစ္အရြယ္သမီးငယ္ေလးရဲ႕အမႈ

တူတူပုန္းတိုင္းကစားရာမွ ေပ်ာက္ဆံုးသြားေသာ ေလးနွစ္အရြယ္သမီးငယ္ေလးရဲ႕ အမႈတရာခံကို မေဖာ္ထုတ္နိုင္ေသးဟု သိရပါတယ္။ ေရႊေတာင္ၿမိဳ့နယ္က ေအာက္တိုဘာ ၁၈ ရက္က ေပ်ာက္ဆုံးသြားေသာ ေလးႏွစ္အရြယ္ကေလးငယ္ကို

ေအာက္တိုဘာ ၂၆ ရက္ မနက္ ကိုးနာရီခြဲ႕ခန႔္ကကံသုံးဆင့္ေက်းရြာနဲ႔ ေက်ာက္ဖူးေက်းရြာအၾကား လူသြားလမ္းအနီး လယ္ကြင္းစပ္ကြင္ ေမွာက္လၽွက္အေနထားျဖင့္ ေသဆုံးလၽွက္ေတြ႕ရွိခဲ့သည္ဟု မက်ီးေပါက္ကုန္းအုပ္စု အုပ္ခ်ဳပ္ေရးမွူး ဦးေအာင္ကိုလတ္ထံက သိရတာျဖစ္ပါတယ္။

ေပ်ာက္ဆုံးေနေသာ သမီးငယ္အတြက္ မိဘႏွစ္ပါးက ယၾတာေခ်ဖို့ ‌ေရႊနတ္ေတာင္ဘုရားကို သြားရာလမ္းမွာ အေဖျဖစ္သူက အနံ့ရတာေၾကာင့္ဘဲ ရြာကိုအေၾကာင္းၾကားၿပီး ရြာသားမ်ားနဲ႔ ရွာေဖြခဲ့ရာ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဦးေအာင္ကိုလတ္က ေျပာျကားခဲ့တာပါ။သူ႔ေယာက္ဖက အရင္စေတြ႕တာ

၊ ရြာထဲမွာပဲ သၿဂႋဳလ္မလား ၿမိဳ့နယ္ကိုပဲ သယ္လာရမလား ေမးၾကည့္ဦးဆိုေတာ့ ၊ သူတို့က ရြာကို ဒီအတိုင္းျပန္မသယ္ခ်င္ေတာ့ဘူး အဲ့ဒီမွာပဲ အဆင္ေျပသလို ၾကည့္လုပ္ေပးပါတဲ့ ၊ က်ေနာ္တို့ကို လႊဲေပးလိုက္တယ္ေပါ့ၿမိဳ့ထဲက ပရဟိတ ကားေတြနဲ႔ မီးသျဂၤဳလ္စက္ကို ယူေဆာင္ခိုင္းလိုက္တယ္ ဟု ၎ကေျပာတာပါ။

အေလာင္းေတြ႕ရွိၿပီးခ်ိန္ စပါးခင္းအစပ္တြင္ မွုခင္းဆရာဝန္မ်ား ရဲတပ္ဖြဲ႕ဝင္မ်ား ၊ ပရဟိတအဖြဲ႕ဝင္မ်ား ရြာသူရြာသားမ်ား ေရွ႕၌ လူနာတင္ကတ္ေပၚသို့တင္ၿပီးေတာ့ ရင္ခြဲစစ္ေဆးမွုမ်ား ျပဳလုပ္ခဲ့ကာသၿဂႋဳလ္ခြင့္ျပဳခဲ့ၿပီး ကေလးငယ္၏ အဝတ္မ်ားကို စစ္ေဆးရန္ယူေဆာင္သြားသည္ဟု ေျပာပါတယ္။

ကေလးငယ္၏ ႐ုပ္အေလာင္းအား ေရႊေတာင္နာ/ကူ အသင္းသားမ်ားက သုခဘုံ(၂) သၿဂႋလ္စက္သို့ သယ္ေဆာင္ၿပီး ရဲစခန္းေထာက္ခံစာရယူကာ ေန႔လယ္ ၄နာရီခန႔္တြင္ မီးသၿဂႋဳလ္ၿပီးစီးခဲ့ေၾကာင္းေရႊေတာင္နာ/ကူ အသင္းအတြင္းေရးမွူးထံက သိရပါတယ္။

၎ကိစၥႏွင့္ ပက္သက္ၿပီး အမွုမွန္ေပၚေပါက္ေရးကို ျပည္သူမ်ားႏွင့္ ပူးေပါင္းကာ တတ္စြမ္းသမၽွေဆာင္ရြက္သြားမည္ဟု ေရႊေတာင္ၿမိဳ့နယ္ တိုင္းေဒသႀကီး ၁ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးဝင္းနိုင္က ေျပာပါတယ္။က်ေနာ္ ေရႊေတာင္မွာ ႀကီးျပင္းလာတာပါ ဒီလိုကိစၥမ်ိဳးေတြ မေတြ႕ဖူးေသးပါဘူး ၊

ဒါ ပထမဆုံးအႀကိမ္ပဲ ၊ ဒီလိုကိစၥမ်ိဳးကို က်ေနာ္တို့ ျပည္သူေတြက ၿငိမ္ခံမေနဘူးဆိုတာ သက္ေသျပတာပါ ၊ ျပည္ထဲေရးကိုလည္း အမွုမွန္ေပၚေပါက္ဖို့ ျပည္သူနဲ႔ အတူ လုပ္နိုင္သေလာက္ ဆက္ၿပီးလုပ္ေဆာင္သြားမွာပါ ဟု ဦးဝင္းနိုင္က ေျပာပါတယ္။

အဆိုပါကိစၥႏွင့္ ပက္သက္၍ ျပည္ခရိုင္ရဲတပ္ဖြဲ႕ထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အဆက္အသြယ္မရရွိေသာေၾကာင့္ အမွုႏွင့္ပက္သက္္၍ အေသးစိပ္ မသိရွိရေသးပါ။သမီးေလး ေကာင္းရာမြန္ရာေရာက္ပါေစေနာ္။ Credit : ေျမလတ္အသံ

Unicode…တရားခံကိုမဖော်ထုတ်နိုင်သေးတဲ့ တူတူပုန်းတိုင်းကစားရာမှ ပျောက်ဆုံးနေသော ၄ နှစ်အရွယ်သမီးငယ်လေးရဲ့အမှု

တူတူပုန်းတိုင်းကစားရာမှ ပျောက်ဆုံးသွားသော လေးနှစ်အရွယ်သမီးငယ်လေးရဲ့ အမှုတရာခံကို မဖော်ထုတ်နိုင်သေးဟု သိရပါတယ်။ ရွှေတောင်မြို့နယ်က အောက်တိုဘာ ၁၈ ရက်က ပျောက်ဆုံးသွားသော လေးနှစ်အရွယ်ကလေးငယ်ကို

အောက်တိုဘာ ၂၆ ရက် မနက် ကိုးနာရီခွဲ့ခန့်ကကံသုံးဆင့်ကျေးရွာနဲ့ ကျောက်ဖူးကျေးရွာအကြား လူသွားလမ်းအနီး လယ်ကွင်းစပ်ကွင် မှောက်လျှက်အနေထားဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့သည်ဟု မကျီးပေါက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်ထံက သိရတာဖြစ်ပါတယ်။

ပျောက်ဆုံးနေသော သမီးငယ်အတွက် မိဘနှစ်ပါးက ယတြာချေဖို့ ‌ရွှေနတ်တောင်ဘုရားကို သွားရာလမ်းမှာ အဖေဖြစ်သူက အနံ့ရတာကြောင့်ဘဲ ရွာကိုအကြောင်းကြားပြီး ရွာသားများနဲ့ ရှာဖွေခဲ့ရာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကိုလတ်က ပြောကြားခဲ့တာပါ။သူ့ယောက်ဖက အရင်စတွေ့တာ

၊ ရွာထဲမှာပဲ သင်္ဂြိုလ်မလား မြို့နယ်ကိုပဲ သယ်လာရမလား မေးကြည့်ဦးဆိုတော့ ၊ သူတို့က ရွာကို ဒီအတိုင်းပြန်မသယ်ချင်တော့ဘူး အဲ့ဒီမှာပဲ အဆင်ပြေသလို ကြည့်လုပ်ပေးပါတဲ့ ၊ ကျနော်တို့ကို လွှဲပေးလိုက်တယ်ပေါ့မြို့ထဲက ပရဟိတ ကားတွေနဲ့ မီးသင်္ဂြုလ်စက်ကို ယူဆောင်ခိုင်းလိုက်တယ် ဟု ၎င်းကပြောတာပါ။

အလောင်းတွေ့ရှိပြီးချိန် စပါးခင်းအစပ်တွင် မှုခင်းဆရာဝန်များ ရဲတပ်ဖွဲ့ဝင်များ ၊ ပရဟိတအဖွဲ့ဝင်များ ရွာသူရွာသားများ ရှေ့၌ လူနာတင်ကတ်ပေါ်သို့တင်ပြီးတော့ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာသင်္ဂြိုလ်ခွင့်ပြုခဲ့ပြီး ကလေးငယ်၏ အဝတ်များကို စစ်ဆေးရန်ယူဆောင်သွားသည်ဟု ပြောပါတယ်။

ကလေးငယ်၏ ရုပ်အလောင်းအား ရွှေတောင်နာ/ကူ အသင်းသားများက သုခဘုံ(၂) သင်္ဂြိလ်စက်သို့ သယ်ဆောင်ပြီး ရဲစခန်းထောက်ခံစာရယူကာ နေ့လယ် ၄နာရီခန့်တွင် မီးသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်းရွှေတောင်နာ/ကူ အသင်းအတွင်းရေးမှူးထံက သိရပါတယ်။

၎င်းကိစ္စနှင့် ပက်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးကို ပြည်သူများနှင့် ပူးပေါင်းကာ တတ်စွမ်းသမျှဆောင်ရွက်သွားမည်ဟု ရွှေတောင်မြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းနိုင်က ပြောပါတယ်။ကျနော် ရွှေတောင်မှာ ကြီးပြင်းလာတာပါ ဒီလိုကိစ္စမျိုးတွေ မတွေ့ဖူးသေးပါဘူး ၊

ဒါ ပထမဆုံးအကြိမ်ပဲ ၊ ဒီလိုကိစ္စမျိုးကို ကျနော်တို့ ပြည်သူတွေက ငြိမ်ခံမနေဘူးဆိုတာ သက်သေပြတာပါ ၊ ပြည်ထဲရေးကိုလည်း အမှုမှန်ပေါ်ပေါက်ဖို့ ပြည်သူနဲ့ အတူ လုပ်နိုင်သလောက် ဆက်ပြီးလုပ်ဆောင်သွားမှာပါ ဟု ဦးဝင်းနိုင်က ပြောပါတယ်။

အဆိုပါကိစ္စနှင့် ပက်သက်၍ ပြည်ခရိုင်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသောကြောင့် အမှုနှင့်ပက်သက်၍ အသေးစိပ် မသိရှိရသေးပါ။သမီးလေး ကောင်းရာမွန်ရာရောက်ပါစေနော်။ Credit : မြေလတ်အသံ

Tags:

Add a Comment

Your email address will not be published. Required fields are marked *