ေနာင္လာေနာင္သား အႏုပညာရွင္ေတြကို စည္းလုံးေစခ်င္တယ္ဆိုတဲ့ ျမင့္ျမတ္

ေနာင္လာေနာင္သား အႏုပညာရွင္ေတြကို စည္းလုံးေစခ်င္တယ္ဆိုတဲ့ ျမင့္ျမတ္

ျမင့္ျမတ္ကေတာ့ ႐ုပ္ရွင္ေလာကထဲကို  မိေထြးဆိုတဲ့ ဗီဒီယို ဇာတ္ကားေလး နဲ႔ ပရိသတ္အေရွ႕ကို ေရာက္လာခဲ့သူပါေနာ္။ျမင့္ျမတ္ဟာ မေဟာ္ဂနီ႐ုပ္ရွင္နဲ႔ ဗီဒီယို ထုတ္လုပ္ေရးက စင္တင္ေပးခဲ့တဲ့ မင္းသားတစ္ေယာက္ပါေနာ္။

ျမင့္ျမတ္ကေတာ့ သူ႔ရဲ့ အႏုပညာအစကေန အခုထိ ျဖတ္သန္းလာခဲ့တဲ့ အေတြ႕အၾကဳံေတြကို ျပန္လည္ ေျပာျပလာတာပါ။ ကၽြန္ေတာ္က မေဟာ္ဂနီ ႐ုပ္ရွင္နဲ႔ ဗီဒီယို ထုတ္လုပ္ေရးကေနၿပီးေတာ့ စင္တင္မင္းသား အျဖစ္နဲ႔ စာခ်ဳပ္ စခ်ဳပ္တယ္။

အဲဒီမွာ ဒါရိုက္တာ ဦးဝင္းထြန္းထြန္း နဲ႔  မိေထြး ဆိုတဲ့ ဗီဒီယို ဇာတ္ကားနဲ႔ ပထမဆုံး ဒီေလာကထဲကို ဝင္လာတာ။ ေနာက္ေတာ့ ပထမဆုံး ႐ုပ္ရွင္ကားႀကီးက ဒါရိုက္တာ ဦးမီးပြားရိုက္တဲ့  အမည္ မေဖာ္လိုသူ အခ်စ္ ဇာတ္ကားေပါ့။

ဒီဇာတ္ကားထဲမွာ ကၽြန္ေတာ္က ေခါင္းေဆာင္ မင္းသားမဟုတ္ေပမယ့္ ဇာတ္ေကာင္ေလး တစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ရတာပါ။ေခါင္းေဆာင္မင္းသား အေနနဲ႔ ရိုက္တာက ဒါရိုက္တာ ကိုဝိုင္း ရိုက္ကူးတဲ့ “ေက်ာက္စက္ေရ” ဆိုတဲ့ ဇာတ္ကားပါ။

အကယ္ဒမီ ရခဲ့တဲ့ ဇာတ္ကား ကေတာ့ “ အေမွာင္ေတြ ရြာခ်တဲ့ မိုးတိမ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို့ ဆုရခဲ့တာပါ ဆိုၿပီးေတာ့ ႐ုပ္ရွင္ႏွစ္(၁၀၀) ျပည့္ အမွတ္တရ စကားေျပာရင္း ျပန္လည္မၽွေဝခဲ့တာပါေနာ္။

ျမင့္ျမတ္ဟာ အႏုပညာေလာကထဲကို ၂၀၀၆ ခုႏွစ္က ဝင္ေရာက္ခဲ့တာျဖစ္ၿပီးေတာ့ အခုဆိုရင္ အႏုပညာသက္တမ္း (၁၄) ႏွစ္ရွိပါၿပီေနာ္။ သူ႔ အေနနဲ႔ ဆယ္စုႏွစ္အၾကာ အႏုပညာေလာကထဲမွာ ျဖတ္သန္းလာခဲ့ပါျပီ။ျမင့္ျမတ္က မ်ိဳးဆက္သစ္ အႏုပညာရွင္ေတြ အတြက္ သူက အခုလို စကားလက္ေဆာင္ ေျပာထားပါေသးတယ္။

ကၽြန္ေတာ့္ အႏုပညာသက္တမ္း တစ္ေလၽွာက္မွာ ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္ဆိုတာကို ၾကဳံေတာင့္ ၾကဳံခဲ ၾကဳံရတဲ့ အတြက္ ဝမ္းသာပါတယ္။ ကၽြန္ေတာ္တို့ ရိုက္ကူးခြင့္ရထားတဲ့ မွတ္တမ္းေလးေတြကလည္း ေနာင္တစ္ခ်ိန္မွာ အႏုပညာရွင္ျဖစ္လာမယ့္ ေနာင္လာေနာင္သားေတြ၊ ပရိသတ္ေတြ ၾကည့္ရွုရမယ့္ အမွတ္တရေလးေတြ ျဖစ္ေနမွာပါ။

ကၽြန္ေတာ္တို့ေခတ္ မတိုင္ခင္ ဟိုးအရင္က အႏုပညာရွင္ႀကီးေတြကလည္း အေကာင္းဆုံး ႀကိဳးစားခဲ့ၾကတယ္။ တစ္ဖက္တစ္လမ္းကေန ဝင္ၿပီးေတာ့လည္း ကူညီေပးၾကတယ္။ ခ်စ္ခ်စ္ခင္ခင္ နဲ႔ မိသားစုေတြလိုပဲ စည္းစည္းလုံးလုံး ျဖတ္သန္းခဲ့ၾကတယ္။

အဲဒီ အေမြကို ကၽြန္ေတာ္တို့ လက္ထပ္မွာလည္း လက္ဆင့္ကမ္း အေနနဲ႔ ျဖတ္သန္းေနတယ္။ ႐ုပ္ရွင္ေလာကသားေတြ အားလုံးက မိသားစု အရင္းေတြလိုပါပဲ။ ေနာက္လာမယ့္ အႏုပညာရွင္ေတြကလည္း အခုလိုပဲ မိသားစုလို စည္းစည္းလုံးလုံးေနေပးၾကဖို့ ကၽြန္ေတာ္က ေတာင္းဆိုခ်င္ပါတယ္ လို့လည္း ဆက္လက္ ေျပာျပျကားခဲ့တာဘဲ ျဖစ္ပါတယ္ေနာ္။credit

Unicode…နောင်လာနောင်သား အနုပညာရှင်တွေကို စည်းလုံးစေချင်တယ်ဆိုတဲ့ မြင့်မြတ်

မြင့်မြတ်ကတော့ ရုပ်ရှင်လောကထဲကို  မိထွေးဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး နဲ့ ပရိသတ်အရှေ့ကို ရောက်လာခဲ့သူပါနော်။မြင့်မြတ်ဟာ မဟော်ဂနီရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက စင်တင်ပေးခဲ့တဲ့ မင်းသားတစ်ယောက်ပါနော်။

မြင့်မြတ်ကတော့ သူ့ရဲ့ အနုပညာအစကနေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြလာတာပါ။ ကျွန်တော်က မဟော်ဂနီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးကနေပြီးတော့ စင်တင်မင်းသား အဖြစ်နဲ့ စာချုပ် စချုပ်တယ်။

အဲဒီမှာ ဒါရိုက်တာ ဦးဝင်းထွန်းထွန်း နဲ့  မိထွေး ဆိုတဲ့ ဗီဒီယို ဇာတ်ကားနဲ့ ပထမဆုံး ဒီလောကထဲကို ဝင်လာတာ။ နောက်တော့ ပထမဆုံး ရုပ်ရှင်ကားကြီးက ဒါရိုက်တာ ဦးမီးပွားရိုက်တဲ့  အမည် မဖော်လိုသူ အချစ် ဇာတ်ကားပေါ့။

ဒီဇာတ်ကားထဲမှာ ကျွန်တော်က ခေါင်းဆောင် မင်းသားမဟုတ်ပေမယ့် ဇာတ်ကောင်လေး တစ်ခုမှာ ပါဝင်သရုပ်ဆောင်ရတာပါ။ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်တာက ဒါရိုက်တာ ကိုဝိုင်း ရိုက်ကူးတဲ့ “ကျောက်စက်ရေ” ဆိုတဲ့ ဇာတ်ကားပါ။

အကယ်ဒမီ ရခဲ့တဲ့ ဇာတ်ကား ကတော့ “ အမှောင်တွေ ရွာချတဲ့ မိုးတိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ ဆုရခဲ့တာပါ ဆိုပြီးတော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့် အမှတ်တရ စကားပြောရင်း ပြန်လည်မျှဝေခဲ့တာပါနော်။

မြင့်မြတ်ဟာ အနုပညာလောကထဲကို ၂၀၀၆ ခုနှစ်က ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် အနုပညာသက်တမ်း (၁၄) နှစ်ရှိပါပြီနော်။ သူ့ အနေနဲ့ ဆယ်စုနှစ်အကြာ အနုပညာလောကထဲမှာ ဖြတ်သန်းလာခဲ့ပါပြီ။မြင့်မြတ်က မျိုးဆက်သစ် အနုပညာရှင်တွေ အတွက် သူက အခုလို စကားလက်ဆောင် ပြောထားပါသေးတယ်။

ကျွန်တော့် အနုပညာသက်တမ်း တစ်လျှောက်မှာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်ဆိုတာကို ကြုံတောင့် ကြုံခဲ ကြုံရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ ရိုက်ကူးခွင့်ရထားတဲ့ မှတ်တမ်းလေးတွေကလည်း နောင်တစ်ချိန်မှာ အနုပညာရှင်ဖြစ်လာမယ့် နောင်လာနောင်သားတွေ၊ ပရိသတ်တွေ ကြည့်ရှုရမယ့် အမှတ်တရလေးတွေ ဖြစ်နေမှာပါ။

ကျွန်တော်တို့ခေတ် မတိုင်ခင် ဟိုးအရင်က အနုပညာရှင်ကြီးတွေကလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ တစ်ဖက်တစ်လမ်းကနေ ဝင်ပြီးတော့လည်း ကူညီပေးကြတယ်။ ချစ်ချစ်ခင်ခင် နဲ့ မိသားစုတွေလိုပဲ စည်းစည်းလုံးလုံး ဖြတ်သန်းခဲ့ကြတယ်။

အဲဒီ အမွေကို ကျွန်တော်တို့ လက်ထပ်မှာလည်း လက်ဆင့်ကမ်း အနေနဲ့ ဖြတ်သန်းနေတယ်။ ရုပ်ရှင်လောကသားတွေ အားလုံးက မိသားစု အရင်းတွေလိုပါပဲ။ နောက်လာမယ့် အနုပညာရှင်တွေကလည်း အခုလိုပဲ မိသားစုလို စည်းစည်းလုံးလုံးနေပေးကြဖို့ ကျွန်တော်က တောင်းဆိုချင်ပါတယ် လို့လည်း ဆက်လက် ပြောပြကြားခဲ့တာဘဲ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *