လေးစားစရာကောင်းလွန်းတဲ့ ပြည်သူ့ခေါင်းဆောင်အမေစုရဲ့ အရည်အချင်း (၁၀ ) ခု

လေးစားစရာကောင်းလွန်းတဲ့ ပြည်သူ့ခေါင်းဆောင်အမေစုရဲ့ အရည်အချင်း (၁၀ ) ခု

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူတိုင်းလေးစားကြပြီး မြန်မာနိုင်ငံသာမကဘဲ နိုင်ငံတကာကပါ အထင်ကြီးရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်နော်။သူမရဲ့ နိုင်ငံတော်အထွက် ပေးဆပ်ခဲ့ရတာကိုလည်း ပရိသတ်တော်တော်များများသိရှိပြီးသားဖြစ်မှာပါနော်။ပရိတ်သတ်ကြီး အတွက်ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းများကို သိသလောက် စုစည်းပြီးတင်ပြလိုက်ရပါတယ်နော်။

(၁) ဘာသာစကား

မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ ကျွမ်းကျင်နေဖို့ မလိုပါဘူးနော်။ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူးနော်။ဒါပေမယ့် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများဟာ vocabulary, pronunciation, intonation, tone, grammar, usage, က အစ ကျွမ်းကျင်နေရမှာ ဖြစ်ပါတယ်။ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ဒီအရည်အချင်း အမေစုမှာ ၁၀၀% ရှိတာပါ။

(၂)ဗသုသုတ

something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှတဲ့ ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်တဲ့ အထွေထွေ ဗဟုသုတနဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်းအမေစုမှာ ၁၀၀% ရှိပါတယ်။

(၃)ရုပ်ရည်

လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူးနော်။ သို့သော်လည်း နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစားလောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံးဝ မရှိနိုင်လောက်သော)

မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရပါမယ်။အဝတ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ်ပြီး မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း အမေစုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။

(၄)ပညာ

တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်ကြီးက နိုင်ငံရေး ဆိုင်ရာ ဘာသာရပ်တွေမှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်ပါ။ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်းအမေစုမှာ ၁၀၀% ရှိတယ်။

(၅)သီလ သမာဓိ

နိုင့်ငံခေါင်းဆောင် ဆိုတာဟာ သာမန်ပြည်သူလိုမျိုး သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင်တော့ အမေစုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲပြီး ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘဝတလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ အမေစုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့

မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း အမေစုမှာ ၁၀၀% ရှိပြန်ပါတယ်နော်။

(၆)သတိ

သာမန်လူတိုင်းကတော့ မနော ဝစီ ကာယကံများကို အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော တွေးနေမိတတ် ပါတယ်နော်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊ ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ

မည်သည့် ဘာသာစကားကို ပြော ပြော လေသံ အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။ မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှားပါတယ်။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။

အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။ သည်လောက် မအားသည့်ကြားက အဝတ်အစား ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဆိုတဲ့ ထိုအရည်အချင်း အမေစုမှာ၁၀၀% ရှိပါတယ်။

(၇)အသံ

အဆိုတော်များ တစ်မျိုးစီ အသံကောင်းကြတာပါ။ သီချင်း မဆိုလည်းဘဲ အသံကောင်းသူ များစွာ ရှိပါတယ်နော်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ

တရားသံ ဆရာကြီးသံ…ပွဲစားသံ ထုံထိုင်းသံ ပျင်းရိသံ စသော နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်နော်။ ထိုအရည်အချင်ုးအမေ စုမှာ ၁၀၀% ရှိပြန်ပါတယ်။

(၈)မျိုးရိုး

ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ

့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲအနေစုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်နော်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။

(၉)စွန့်လွှတ်အနစ်နာခံသော စိတ်နေက္ခမ္မ

ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘဝနဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တစ်ယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကိုလုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ အမေစုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။

(၁၀) မေတ္တာ

သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲနော်။ မိမိ မိသားစုဝင် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။မေတ္တာတရားနဲ့ ပြည့်ဝလွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။

ထို အရည်အချင်း မေတ္တာဓါတ်မျိုး အမေစုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။ဒါကြောင့် မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်လောက်တောင်သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့

လူတွေ လုံးဝ မလွန်ပါဘူးလို့ ပြောရမှာဖြစ်ပါတယ်နော်။ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။ တစ်ခုတူရင် တစ်ခု လိုနေမှာပါ။C r d :သတင်းအရင်းအမြစ်-Myanmar Express

Add a Comment

Your email address will not be published. Required fields are marked *