ပျောက်ဆုံးနေတဲ့ (၄)နှစ်အရွယ် မိန်ကလေးကို ၉ ရက်မြောက်နေ့မှာ သေဆုံးလျှက်ပြန်တွေ့
Unicode…ပျောက်ဆုံးနေသော ၄ နှစ်အရွယ် မိန်ကလေးကို ၉ ရက်မြောက်နေ့မှာ သေဆုံးလျှက်ပြန်တွေ့
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က မန်ကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးကျေးရွာတွင်နေထိုင်သော အသက် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့
အောက်တိုဘာ ၁၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်ကနေ သူငယ်ချင်းများနှင့် ဆော့ကစားရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို ကျောက်ဖူးကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအကြား  လယ်ကွင်းထဲတွင်
အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်မှာ သူ့မိသားစုမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ကလေးငယ်လေး အတွက် ဘုရားမှာ ဆုတောင်းရန်သွားရင်း လယ်ကွင်းထဲမှ အပုပ်နံ့ရသောကြောင့်ဘဲ ကျေးရွာတာဝန်ရှိသူများနှင့်
ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ကလေးငယ် အလောင်းကိုမူ ရဲတပ်ဖွဲ့မှ စစ်ဆေးချက်များ ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။source;mizzima
Tags:
Add a Comment
Your email address will not be published. Required fields are marked *