







Unicode…ကိုဗစ်တိုက်ဖျက်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးတဲ့ တစ်ဦးချင်းစီကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ချစ်သုဝေ

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ပဲ့ကိုင်ရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းကလိုအပ်တဲ့နေရာတွေကို ဆက်တိုက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။၂၄.၁၀.၂၀၂၀ ည (၇.၀၀ ) မှစပြီးတော့

Chit Thu Wai Facebook Page မှ Live လွှင့်ကာ Covid (19)ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လိုအပ်သော ပစ္စည်းများအား လှူဒါန်းရန်အတွက် အလှူငွေ ကောက်ခံရာ

၂၅.၁၀.၂၀၂၀ နေ့လည်(၃.၀၀) အထိ Live Donation မှစုစုပေါင်း ကောက်ခံရရှိငွေမှာ ( 98,092,196 ) ကျပ်တိတိ ရရှိခဲ့တယ်လို့ သိရပါတယ်။ခေတ်သစ်ဖောင်ဒေးရှင်းဟာ Covid (19) ရောဂါကုသနေသော ဆေးရုံများအပြင် တခြားအထွေထွေကုသပေးနေသော ဆေးရုံများတွင်ပါလိုအပ်နေသည်များကို

ခေတ်သစ်ဖောင်ဒေးရှင်းမှ ဖြည့်ဆည်းလှူဒါန်းပေးနေတာဘဲ ဖြစ်ပါတယ်နော်။ဆက်လက်ပြီး ရရှိထားသော အလှူရှင်များအား ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးရုံများအတွက် လိုအပ်လျက်ရှိသည်များကို

အချိန်နှင့်တပြေးညီ ကူညီလှုဒါန်းပေးသွားမည်ဖြစ်ပါတယ်နော်။အလှူရှင်များအားလုံး စိတ်၏ချမ်းသားခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများ နှင့်ပြည့်စုံပါစေကြောင်း

ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ်နော်။ပြည်တွင်းပြည်ပမှ ယုံကြည်စွာလှူဒါန်းပေးကြသော အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ် ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်နော်။source;ခေတ်သစ်ဖောင်ဒေးရှင်း

Add a Comment

Your email address will not be published. Required fields are marked *