




နောက်တွဲများလိုက်ပါ တိမ်းမှောက်မည်ကို စိုးရိမ်သဖြင့် စက်ခေါင်းပေါ်မှ ခုနှ်ဆင်းပြီးတော့  နောက်ဖက် လူစီးတွဲနှင့် စက်ခေါင်းကြား အဆက်ကို အဆက်ဖြုတ်ပြီးချိန် လဲကျလုဆဲဆဲ ဖြစ်နေသောစက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့







Unicode…အများအတွက် အသက်ကိုပေးဆပ်ခဲ့တဲ့ မီးရထား လက်ထောက် စက်ခေါင်းမောင်း ကိုကျော်ကျော်ဦး

ယမန်နေ့ညတုန်းက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 နွားထိုးကြီးမြို့မရဲစခန်းရဲ့ အရှေ့ဘက် ၅ မိုင်ခန့်အကွာ မှာ ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင်မတိုင်မီ မီးရထားမိုင်တိုင်အမှတ်

(၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅ မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့တာ ဖြစ်ပါတယ်။ဖြစ်ပွားပုံကတော့ စက်ခေါင်းမှူး ဦးအောင်နိုင်မောင်းနှင်လာချိန်တွင် ရထားဘီးချော်သည် ကိုသိတာကြောင့်

အရှိန်သတ်စဉ် စက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့ ဦးခေါင်းလည်ကျပြီးတော့ တိမ်းမှောက်သွားခြင်းဖြစ်ပါတယ်။ ထိုကဲ့သို မတိမ်းမှောက်မီ လက်မတင်အချိန်လေးမှာ လက်ထောက် စက်ခေါင်းမောင်း ကိုကျော်ကျော်ဦး သည်

နောက်တွဲများလိုက်ပါ တိမ်းမှောက်မည်ကို စိုးရိမ်သဖြင့် စက်ခေါင်းပေါ်မှ ခုန်ှဆင်းပြီးတော့  နောက်ဖက် လူစီးတွဲနှင့် စက်ခေါင်းကြား အဆက်ကို အဆက်ဖြုတ်ပြီးချိန် လဲကျလုဆဲဆဲ ဖြစ်နေသောစက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့

ထိုးကျ သွားသည်ဟုသိရှိရပါတယ်နော်။ထိုးကျစဉ်မှာ ရှေ့တွဲနောက်တွဲ ကြား၌ရှိနေသော ကိုကျော်ကျော်ဦးမှာ ရှောင်တိမ်းချိန် မရတော့ပဲ တွဲနှစ်ခုကြားညှပ်မိပြီး နေရာ၌ပင်သေဆုံးသွားသည်ဟု စိတ်မကောင်းစွာသိရပါတယ်။

တကယ်လို့ ကိုကျော်ကျော်ဦး ကသာ တွဲဆက်မဖြုတ်ခဲ့လျှင် နောက်ပါ လူစီးတွဲများ စက်ခေါင်းနှင့်အတူ လမ်းအရှေ့ဖက်ချောက်ထဲသို့ ပြုတ်ကျပြီးတော့ ခရီးသည်များ မရှုမလှ သေကြရမည်ဖြစ်ပြီးတော့ နောက်တွဲများမှခရီးသည်များ

ဒုက္ဂဖြစ်မခံနိုင်ဟုဆိုကာ စက်ခေါင်းပေါ်မှဆင်း၍ တွဲဆက် ဖြုတ်ခဲ့ကြောင်းသိရပါတယ် ။ကိုကျော်ကျော်ဦး ရဲ့ စွန့်စားမှုဟာ မီးရထားဝန်ထမ်း တစ်ယောက်အနေဖြင့် လုပ်နိုင်ခဲသောအလုပ်ဖြစ်ပါတယ်။ စက်ခေါင်းမှူး ဦးအောင်နိုင် လက်ကျိုးသွားခဲ့ပြီး

ကိုကျော်ကျော်ဦးကတော့ ခရီးသည်များ အသက်ရှင်ရေး အတွက်သူ၏အသက် စတေး သွားခဲ့တာပါ ကျနော်တို့အားလုံး ခရီးသွားပြည်သူများအတွက် အသက်ပေးစွန့်စားခဲ့သော ကိုကျော်ကျော်ဦ်း ကို ခရီးသည်များအသက်(အများအကျိုးအတွက် )

ကယ်တင်ရှင်တစ်ယောက်အနေဖြင့် အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။ငှက်ပျောအိုင်က ရွာသူရွာသားများကလည်း သံဃာတော်များပင့်ဖိတ်ပြီး စက်ခေါင်းမှောက်သည်နေရာမှာ

အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြား ကြပြီး သေဆုံးသူ လက်ထောက် စက်ခေါင်းမောင်း အား အမျှပေးဝေကြကြောင်း စိတ်မကောင်းစွာ သိရပါတယ်။Credit ; saw nan dar အညာကျေးလက်

Tags:

Add a Comment

Your email address will not be published. Required fields are marked *