လမ္းေပၚမွာ ပန္းေရာင္းတဲ့ ပန္းသည္ဖခင္အေပၚ ေက်းဇူးမေမ့ခဲ့တဲ့ ဘြဲ႕ရေက်ာင္းသား

လမ္းေပၚမွာ ပန္းေရာင္းတဲ့ ပန္းသည္ဖခင္အေပၚ ေက်းဇူးမေမ့ခဲ့တဲ့ ဘြဲ႕ရေက်ာင္းသား

ထိုင္းနိုင္ငံမွာ ဘြဲ႕ရေက်ာင္းသားတစ္ဦးကေတာ့ ပန္းကုံးေတြ ေရာင္းကာ ဝမ္းစာရွာေဖြေနတဲ့ ဖခင္ရဲ့ ေျခရင္း မွာ ဝပ္တြားကန္ေတာ့ခဲ့တဲ့ ဓါတ္ပုံေလးဟာ လူမွုကြန္ရက္မွာ ပ်ံ႕ႏွံ့သြားခဲ့တာပါ။

ဘြဲ႕ရ ပညာတတ္တစ္ေယာက္ျဖစ္သြားေပမယ့္လည္း ဘဝမေမ့ခဲ့ဘဲ နဲ့ပန္းေရာင္းျပီး ေငြရွာရင္းနဲ့ ေက်ာင္းထားေပးခဲ့တဲ့ ဖခင္အေပၚ ေက်းဇူးသိတတ္ခဲ့တာေၾကာင့္ဘဲ လူမ်ားစြာဟာ သူ႔ကို ခ်ီက်ဴးခဲ့ၾကတာပါေနာ္။

ဖခင္ ပန္းသည္ႀကီးထံမွာလည္း လူအျဖစ္ ေမြးဖြားလာခဲ့ရတာ သူ႔အတြက္ေတာ့ ကံေကာင္းခဲ့ပါတယ္လို့ အသက္ ၂၂ ႏွစ္အရြယ္ ဘြဲ႕ရေက်ာင္းသား ဖာ႐ူးဟတ္စ္ က သူ႔ရဲ့ အင္စတာဂရမ္အေကာင့္မွာ တင္ထားခဲ့တာျဖစ္ပါတယ္ေနာ္။

မိမိတို့အေနနဲ႔ မိမိတို့မိဘေတြရဲ့ အသက္ေမြးဝမ္းေက်ာင္း အလုပ္နဲ႔ ပတ္သက္လို့ လုံး၀ မရွက္သင့္ေၾကာင္းနဲ့ လူတိုင္းလူတိုင္းဟာ သူတို့အိပ္မက္ေတြကို ေအာင္ျမင္စြာဖန္တီးပုံေဖာ္နိုင္တယ္လို့ မိမိ ယုံၾကည္ပါေၾကာင္းကုိ သူက ေျပာထားတာပါ။

ဒါ့အျပင္ ေက်ာင္းသားေတြ အေနနဲ႔ ပညာသင္ၾကားရတာ ဟာ ပင္ပန္းၿငီးေငြ႕လို့ယူဆရင္ မိမိတို့ေတြကို ခက္ခဲၾကမ္းတမ္းစြာ လုပ္ကိုင္ရင္း ေက်ာင္းထားေပးခဲ့တဲ့ မိဘအုပ္ထိန္းသူေတြကို ပထမဦးစြာ သတိရစဥ္းစားသင့္ေၾကာင္းကုိ

သူက တိုက္တြန္းခဲ့တာပါ။သူ႔ရဲ့ ပို့စ္ကို share သူမ်ားစြာရွိခဲ့သလို သူ႔ရဲ့ စိတ္ထားနဲ႔ လုပ္ရပ္အေပၚ ခ်ီးက်ဴး ဂုဏ္ယူေၾကာင္း မွတ္ခ်က္ေတြလည္း ေပးခဲ့ၾကတာ ျဖစ္ပါတယ္ေနာ္။credit

Unicode…လမ်းပေါ်မှာ ပန်းရောင်းတဲ့ ပန်းသည်ဖခင်အပေါ် ကျေးဇူးမမေ့ခဲ့တဲ့ ဘွဲ့ရကျောင်းသား

ထိုင်းနိုင်ငံမှာ ဘွဲ့ရကျောင်းသားတစ်ဦးကတော့ ပန်းကုံးတွေ ရောင်းကာ ဝမ်းစာရှာဖွေနေတဲ့ ဖခင်ရဲ့ ခြေရင်း မှာ ဝပ်တွားကန်တော့ခဲ့တဲ့ ဓါတ်ပုံလေးဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။

ဘွဲ့ရ ပညာတတ်တစ်ယောက်ဖြစ်သွားပေမယ့်လည်း ဘဝမမေ့ခဲ့ဘဲ နဲ့ပန်းရောင်းပြီး ငွေရှာရင်းနဲ့ ကျောင်းထားပေးခဲ့တဲ့ ဖခင်အပေါ် ကျေးဇူးသိတတ်ခဲ့တာကြောင့်ဘဲ လူများစွာဟာ သူ့ကို ချီကျူးခဲ့ကြတာပါနော်။

ဖခင် ပန်းသည်ကြီးထံမှာလည်း လူအဖြစ် မွေးဖွားလာခဲ့ရတာ သူ့အတွက်တော့ ကံကောင်းခဲ့ပါတယ်လို့ အသက် ၂၂ နှစ်အရွယ် ဘွဲ့ရကျောင်းသား ဖာရူးဟတ်စ် က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့တာဖြစ်ပါတယ်နော်။

မိမိတို့အနေနဲ့ မိမိတို့မိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ပတ်သက်လို့ လုံး၀ မရှက်သင့်ကြောင်းနဲ့ လူတိုင်းလူတိုင်းဟာ သူတို့အိပ်မက်တွေကို အောင်မြင်စွာဖန်တီးပုံဖော်နိုင်တယ်လို့ မိမိ ယုံကြည်ပါကြောင်းကို သူက ပြောထားတာပါ။

ဒါ့အပြင် ကျောင်းသားတွေ အနေနဲ့ ပညာသင်ကြားရတာ ဟာ ပင်ပန်းငြီးငွေ့လို့ယူဆရင် မိမိတို့တွေကို ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်ရင်း ကျောင်းထားပေးခဲ့တဲ့ မိဘအုပ်ထိန်းသူတွေကို ပထမဦးစွာ သတိရစဉ်းစားသင့်ကြောင်းကို

သူက တိုက်တွန်းခဲ့တာပါ။သူ့ရဲ့ ပို့စ်ကို share သူများစွာရှိခဲ့သလို သူ့ရဲ့ စိတ်ထားနဲ့ လုပ်ရပ်အပေါ် ချီးကျူး ဂုဏ်ယူကြောင်း မှတ်ချက်တွေလည်း ပေးခဲ့ကြတာ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *