ေအာင္လကုိ အနုိင္ယူထုိးသတ္မယ့္ပံုစံကုိ  ျကဳံးဝါးေျပာဆုိလိုက္တဲ့ စိန္ေခၚသူဒီရစ္ဒါ

ေအာင္လကုိ အနုိင္ယူ ထုိးသတ္မယ့္ပံုစံကုိ  ျကဳံးဝါးေျပာဆုိလိုက္တဲ့ စိန္ေခၚသူ ဒီရစ္ဒါ

ၿပိဳင္ပြဲ႕ကေတာ့ ပိုၿပီးအရွိန္တက္လာခဲ့ပါၿပီေနာ္။ေအာက္တိုဘာလ ၃၀ရက္ေန႔၊ စင္ကာပူမွာထိုးသတ္မည့္ မစ္ဒယ္ဝိတ္တန္း လက္ရွိခ်န္ပီယံ ေအာင္လအန္ဆန္နဲ႔ ပြဲမတိုင္ခင္မွာ စိန္ေခၚသူ ဒီရစ္ဒါရဲ့ ေျပာစကားေတြေၾကာင့္ဘဲသူတို့တြဲဆိုင္းဟာ ပိုၿပီးအရွိန္ တက္လာခဲ့ၿပီျဖစ္ပါတယ္ေနာ္။

ရွုံးပြဲလုံးဝမရွိေသးဘဲ ၁၂ပြဲဆက္တိုက္ အနိုင္ရရွိထားတဲ့ ဒီရစ္ဒါနဲ႔ဝိတ္တန္းႏွစ္ခုခ်န္ပီယံ ေအာင္လအန္ဆန္ တိုဟာ ONE: INSIDE THE MATRIX မွာ အဓိက တြဲဆိုင္းအျဖစ္နဲ႔ ထိုးသတ္ၾကမွာ ျဖစ္ပါတယ္။ဒီလိုပြဲကို ထိုးသတ္နိုင္ဖို့ ကၽြန္ေတာ့္ဘဝတစ္ေလၽွာက္လုံး လုပ္ခဲ့ရတာပါ။

အသက္ ၅ႏွစ္အရြယ္ကတည္းက ၾကမ္းျပင္ (ထိုးသတ္တဲ့ေနရာၾကမ္းျပင္ကို ဆိုလို)ေပၚမွာ ကၽြန္ေတာ္ရွိေနခဲ့တာပါ။အခုခ်ိန္ကေတာ့ ကၽြန္ေတာ္သရဖူေဆာင္းရေတာ့မယ့္ အခ်ိန္ပါပဲ လို့ ဒီရစ္ဒါက ONE Championshipနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာျကားခဲ့တာပါ။အသက္၃၀ အရြယ္သာရွိေသးေသာ နယ္သာလန္ဖိုက္တာဟာ

ဂ်ဴဒိုခါးပတ္နက္အဆင့္ရရွိထားၿပီးေတာ့ ဘရာဇီးလ္ဂ်ဴဂ်စ္ဆုကိုလည္း ကၽြမ္းကၽြမ္းက်င္က်င္ တတ္ေျမာက္ထားသူပါ။၂၀၁၃ခုႏွစ္မွာ MMA ေလာကထဲကို စတင္ဝင္ေရာက္ခဲ့ၿပီးေတာ့ လက္ရွိအခ်ိန္ထိ ၁၂ပြဲထိုးသတ္ထားရာမွာေတာ့ ပြဲတိုင္းကိုအနိုင္ရရွိထားခဲ့ၿပီ းေအာင္လအန္ဆန္နဲ႔ ထိုးသတ္မယ့္ပြဲက

သူ႔အတြက္ အႀကီးမားဆုံး စမ္းသပ္မွုနဲ႔ စိန္ေခၚမွုျဖစ္လာေတာ့မွာပါ။ေအာင္လအန္ဆန္မွာ ထူးျခားေကာင္းမြန္တဲ့ ညာလက္သီးထိုးခ်က္ေတြ၊ ညာေျခကန္ခ်က္ေတြ ရွိပါတယ္။ သူက အလွည့္အေျပာင္းလည္း ျပဳလုပ္နိုင္စြမ္းရွိၿပီးဒတ္ခ္်ကစ္ေဘာင္ဆင္ပုံစံနဲ႔လည္း ထိုးသတ္နိုင္ပါတယ္။လက္သီးပါဝါျပင္းၿပီး ၿပိဳင္ဘက္ကို ဖိအားေပးနိုင္သူျဖစ္လို့ သူ႔ဆီမွာ

အရည္အေသြးအားလုံးအကုန္ရွိေနတာပါ။ၿပီးေတာ့ သူက နပမ္းေကာင္းေကာင္းတတ္သူဆိုတာကို ေမ့ထားလို့လည္း မရပါဘူး၊ ground ပိုင္း ေကာင္းမြန္ၿပီး တကယ့္ဖိုက္တာေကာင္းပါ။သူ႔ကို ကၽြန္ေတာ္ ၾကမ္းျပင္ေပၚလွဲခ်ၿပီးေတာ့ မလွုပ္နိုင္ေအာင္

ခ်ဳပ္သြားမွာပါ၊ သူက ရင္ဆိုင္ရအရမ္းခက္သူလည္းျဖစ္ပါတယ္။ သူ႔ကို အလဲထိုးဖို့ဆိုတာက မျဖစ္နိုင္သေလာက္ပဲ။ဒါေပမယ့္ လူတိုင္းမွာ လည္ပင္းတစ္ခုေတာ့ ရွိတာပါပဲ။ဘယ္လိုေနရာမ်ိဳးျဖစ္ျဖစ္ လည္ပင္းကို မရရေအာင္ ကၽြန္ေတာ္ခ်ဳပ္နိုင္ပါတယ္ လို့ ဒီရစ္ဒါက ေျပာျကားခဲ့တာပါ။

ျမန္မာပရိသတ္ေတြရဲ့ သည္းေျခႀကိဳက္ ဖိုက္တာေအာင္လအန္ဆန္ကေတာ့ ၇ ပြဲဆက္တိုက္အနိုင္ရရွိထားၿပီးေတာ့ မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။သူအနိုင္ရရွိခဲ့တဲ့သူေတြထဲမွာ

ေမြထိုင္းခ်န္ပီယံေလးႀကိမ္ နဲ႔ ကမၻာ့ကစ္ေဘာက္ဆင္ခ်န္ပီယံ အလိန္းဂါလာနီ၊ဟဲဗီးဝိတ္တန္းကေန လိုက္ဟဲဗီးဝိတ္တန္းကို ဆင္းထိုးခဲ့တဲ့ ဘရန္ဒန္ဗီရာတို့ ပါဝင္ခဲ့ၿပီး ၂၀၁၉ခုႏွစ္ မတ္လအတြင္းမွာ..ဂ်ပန္ဖိုက္တာ ကမ္ဟဆဲဂါဝကို အနိုင္ယူကာ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို ကာကြယ္ခဲ့ၿပီးေတာ့

လက္ရွိအခ်ိန္ထိ ၃ ႀကိမ္ဆက္တိုက္ ကာကြယ္ထားနိုင္ခဲ့ပါတယ္။နယ္သာလန္ဖိုက္တာ ဒီေရဒါကေတာ့ ေအာင္လအန္ဆန္းကို အပိုင္ဖမ္းခ်ဳပ္ လွဲသိပ္ကာ အနိုင္ယူမယ္လို့ အထက္ပါအတိုင္း ေျပာဆိုလာခဲ့တာပါ။

ဒီယွဥ္ၿပိဳင္ထိုးသတ္ပြဲက ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္းဘဲ အနိုင္ရမယ္လို့ ျမန္မာပရိသတ္ႀကီးက ယုံၾကည္မွုအျပည့္ရွိသလိ ေအာင္လအန္ဆန္းကလည္း ေရႊခါးပတ္ခ်န္ပီယံဘြဲ႕ထူးကို

ကာကြယ္ၿပီး ဂုဏ္ယူစရာ ေနာက္ထပ္ ေအာင္ပြဲတစ္ခုကို ရယူေပးလာဖို့ အဆင္သင့္ျဖစ္ေနပါၿပီေနာ္။အားေပးတဲ့ ပရိသတ္ရဲ့ တက္ႂကြစြာဝန္းရံသံဟာ ေအာင္လအတြက္ ႀကီးမားလွေသာ ခြန္အားဘဲ ျဖစ္ပါတယ္ေနာ္။credit

Unicode…အောင်လကို အနိုင်ယူ ထိုးသတ်မယ့်ပုံစံကို  ကြုံးဝါးပြောဆိုလိုက်တဲ့ စိန်ခေါ်သူ ဒီရစ်ဒါ

ပြိုင်ပွဲ့ကတော့ ပိုပြီးအရှိန်တက်လာခဲ့ပါပြီနော်။အောက်တိုဘာလ ၃၀ရက်နေ့၊ စင်ကာပူမှာထိုးသတ်မည့် မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ အောင်လအန်ဆန်နဲ့ ပွဲမတိုင်ခင်မှာ စိန်ခေါ်သူ ဒီရစ်ဒါရဲ့ ပြောစကားတွေကြောင့်ဘဲသူတို့တွဲဆိုင်းဟာ ပိုပြီးအရှိန် တက်လာခဲ့ပြီဖြစ်ပါတယ်နော်။

ရှုံးပွဲလုံးဝမရှိသေးဘဲ ၁၂ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ဒီရစ်ဒါနဲ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန် တိုဟာ ONE: INSIDE THE MATRIX မှာ အဓိက တွဲဆိုင်းအဖြစ်နဲ့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ဒီလိုပွဲကို ထိုးသတ်နိုင်ဖို့ ကျွန်တော့်ဘဝတစ်လျှောက်လုံး လုပ်ခဲ့ရတာပါ။

အသက် ၅နှစ်အရွယ်ကတည်းက ကြမ်းပြင် (ထိုးသတ်တဲ့နေရာကြမ်းပြင်ကို ဆိုလို)ပေါ်မှာ ကျွန်တော်ရှိနေခဲ့တာပါ။အခုချိန်ကတော့ ကျွန်တော်သရဖူဆောင်းရတော့မယ့် အချိန်ပါပဲ လို့ ဒီရစ်ဒါက ONE Championshipနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။အသက်၃၀ အရွယ်သာရှိသေးသော နယ်သာလန်ဖိုက်တာဟာ

ဂျူဒိုခါးပတ်နက်အဆင့်ရရှိထားပြီးတော့ ဘရာဇီးလ်ဂျူဂျစ်ဆုကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူပါ။၂၀၁၃ခုနှစ်မှာ MMA လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီးတော့ လက်ရှိအချိန်ထိ ၁၂ပွဲထိုးသတ်ထားရာမှာတော့ ပွဲတိုင်းကိုအနိုင်ရရှိထားခဲ့ပြီ းအောင်လအန်ဆန်နဲ့ ထိုးသတ်မယ့်ပွဲက

သူ့အတွက် အကြီးမားဆုံး စမ်းသပ်မှုနဲ့ စိန်ခေါ်မှုဖြစ်လာတော့မှာပါ။အောင်လအန်ဆန်မှာ ထူးခြားကောင်းမွန်တဲ့ ညာလက်သီးထိုးချက်တွေ၊ ညာခြေကန်ချက်တွေ ရှိပါတယ်။ သူက အလှည့်အပြောင်းလည်း ပြုလုပ်နိုင်စွမ်းရှိပြီးဒတ်ခ်ျကစ်ဘောင်ဆင်ပုံစံနဲ့လည်း ထိုးသတ်နိုင်ပါတယ်။လက်သီးပါဝါပြင်းပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်သူဖြစ်လို့ သူ့ဆီမှာ

အရည်အသွေးအားလုံးအကုန်ရှိနေတာပါ။ပြီးတော့ သူက နပမ်းကောင်းကောင်းတတ်သူဆိုတာကို မေ့ထားလို့လည်း မရပါဘူး၊ ground ပိုင်း ကောင်းမွန်ပြီး တကယ့်ဖိုက်တာကောင်းပါ။သူ့ကို ကျွန်တော် ကြမ်းပြင်ပေါ်လှဲချပြီးတော့ မလှုပ်နိုင်အောင်

ချုပ်သွားမှာပါ၊ သူက ရင်ဆိုင်ရအရမ်းခက်သူလည်းဖြစ်ပါတယ်။ သူ့ကို အလဲထိုးဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ။ဒါပေမယ့် လူတိုင်းမှာ လည်ပင်းတစ်ခုတော့ ရှိတာပါပဲ။ဘယ်လိုနေရာမျိုးဖြစ်ဖြစ် လည်ပင်းကို မရရအောင် ကျွန်တော်ချုပ်နိုင်ပါတယ် လို့ ဒီရစ်ဒါက ပြောကြားခဲ့တာပါ။

မြန်မာပရိသတ်တွေရဲ့ သည်းခြေကြိုက် ဖိုက်တာအောင်လအန်ဆန်ကတော့ ၇ ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။သူအနိုင်ရရှိခဲ့တဲ့သူတွေထဲမှာ

မွေထိုင်းချန်ပီယံလေးကြိမ် နဲ့ ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံ အလိန်းဂါလာနီ၊ဟဲဗီးဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းကို ဆင်းထိုးခဲ့တဲ့ ဘရန်ဒန်ဗီရာတို့ ပါဝင်ခဲ့ပြီး ၂၀၁၉ခုနှစ် မတ်လအတွင်းမှာ..ဂျပန်ဖိုက်တာ ကမ်ဟဆဲဂါဝကို အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ကာကွယ်ခဲ့ပြီးတော့

လက်ရှိအချိန်ထိ ၃ ကြိမ်ဆက်တိုက် ကာကွယ်ထားနိုင်ခဲ့ပါတယ်။နယ်သာလန်ဖိုက်တာ ဒီရေဒါကတော့ အောင်လအန်ဆန်းကို အပိုင်ဖမ်းချုပ် လှဲသိပ်ကာ အနိုင်ယူမယ်လို့ အထက်ပါအတိုင်း ပြောဆိုလာခဲ့တာပါ။

ဒီယှဉ်ပြိုင်ထိုးသတ်ပွဲက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းဘဲ အနိုင်ရမယ်လို့ မြန်မာပရိသတ်ကြီးက ယုံကြည်မှုအပြည့်ရှိသလိ အောင်လအန်ဆန်းကလည်း ရွှေခါးပတ်ချန်ပီယံဘွဲ့ထူးကို

ကာကွယ်ပြီး ဂုဏ်ယူစရာ နောက်ထပ် အောင်ပွဲတစ်ခုကို ရယူပေးလာဖို့ အဆင်သင့်ဖြစ်နေပါပြီနော်။အားပေးတဲ့ ပရိသတ်ရဲ့ တက်ကြွစွာဝန်းရံသံဟာ အောင်လအတွက် ကြီးမားလှသော ခွန်အားဘဲ ဖြစ်ပါတယ်နော်။credit

Add a Comment

Your email address will not be published. Required fields are marked *