Unicode…အထူးအားဖြစ်စေတဲ့ ကုထုံးတွေနဲ့ ကုသပေးနေတာကြောင့် ကြည်နူးဝမ်းမြောက်မိတယ်ဆိုတဲ့ ဦးကျော်သူ
ပရဟိတမင်းသားကြီး ဦးကျော်သူနဲ့စောင့်ရှောက်ဖို့အဖော်အဖြစ်လိုက်သွားပေးခဲ့တဲ့ မင်းသားထွန်းကိုကိုတို့ဟာ ယခုမှာ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူလျက်ရှိပါတယ်နော်။
ကိုဗစ်ကာလမှာတောင် မနားမနေအများအကျိုးထမ်းဆောင်ရင်းနဲ့ ကူးစက်ခံခဲ့ရတဲ့ဦးကျော်သူနဲ့ သူ့ရဲ့ရဲဖော်ရဲဖက် ထွန်းကိုကိုတို့ကို ပရိသတ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းအားလုံးကပါ ဒီကပ်ဘေးကနေ အမြန်ဆုံးပြန်လည်လွှတ်မြောက်လာဖို့
ဆုတောင်းမေတ္တာ ပို့သပေးနေကြတာပါနော်။သူတို့ကို လာရောက်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အထူးအားဖြစ်စေတဲ့ ကုထုံးတွေနဲ့ ကုသပေးနေကြောင်း ကို ကျော်သူက မျှဝေလာပါတယ်နော်။
Fighting U Kyaw Thu . Fighting Tun Ko Ko ကုသပေးသော ဆရာဝန်၊ဆရာဝန်မကြီးများ၏ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနေသော ဆေး၊ကုထုံး၊အကြင်နာ၊စေတနာ၊မေတ္တာ၊ကိုယ်ချင်းစာနာစိတ်တို့အပြင်
ခုလို Fighting U Kyaw Thu Fighting Tun Ko Ko လို့ရေးပြီး သူတို့၏PPE ကာကွယ်ဝတ်စုံကျောဖက်မှာ ဆရာဝန်၊ဆရာဝန်မတို့၏နာမည်များဖြင့် ရေးသားပြီးတော့ ကုသပေးခြင်းဟာ လူနာများအတွက်အထူးခံနိုင်ရည်
အင်အားဖြစ်စေသည့် ကုထုံးတစ်မျိုးဖြစ်စေပါတော့သည် ဆိုပြီးတော့ ဓာတ်ပုံလေးတွေနဲ့အတူ ကြည်နူးဝမ်းမြောက်စွာ မျှဝေလာပါတယ်နော်။အများအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေကြတဲ့ မင်းသားကြီးကျော်သူနဲ့ ထွန်းကိုကိုတို့ကို အမြန်ဆုံးပြန်လည်သက်သာလာပါစေနော်။credit-cele gabar
Add a Comment
Your email address will not be published. Required fields are marked *