Unicode…မိဘမဲ့ကလေး (၁၄)ယာက်ကို တစ်ဘဝလုံးစာ တာဝန်ယူဖို့ မွေးစားခဲ့တဲ့ အမျိုးသမီး
ဒီလောကကြီးထဲက ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ဆိုတော တော်ရုံတန်ရုံစိတ်နဲ့ မဖြစ်နိုင်ပါဘူးနော်။ အထူးသဖြင့် ကုန်ဈေးနှုန်းတွေတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ လူတစ်ယောက်ရဲ့
စားဝတ်နေရေးကို အကုန်တာဝန်ယူနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူးနော်။ ဒါ့ကြောင့် လဲကလေးတစ်ယောက်ကို ဒီအတိုင်းမွေးစားဖို့ဆိုတာ တော်တော်လေးကို တွေးရတာပါ။ ဒါပေမယ့်လည်း အခုပြောပြချင်တဲ့ အမျိုးသမီးကတော့ မိဘမဲ့ကလေး ၁၄ ယောက်ကို
တစ်ဘဝလုံးစာ တာဝန်ယူဖို့ မွေးစားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။သူမကတော့ အသက် (၂၆) နှစ်အရွယ်ရှိတဲ့ ဗြိတိန်သူ Letty McMaster အမည်ရ အမျိုးသမီးပါ။။ အသက် ၂၆ နှစ်အရွယ်လေးနဲ့ မိဘမဲ့ကလေး ၁၄ ယောက်ကို
မွေးစားဖို့ ဆုံးဖြတ်ခဲ့တဲ့ Letty ရဲ့ ဆုံးဖြတ်ချက်ကတော့ တစ်ကယ့်ကို လေးစားစရာပါပဲနော်။ ဒီထက်လေးစားစရာတစ်ခု ရှိပါသေးတယ်နော်။ အဲဒါက ဘာလဲဆိုတော့ Letty ဟာ သူမအသက် ၁၈ နှစ်ကတည်းက အိမ်ကထွက်လာပြီးတော့
မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းတစ်ခုထဲဝင်ကာ အာဖရိကတစ်ခွင်လှည့်ပြီး မိဘမဲ့ကလေးတွေကို လိုအပ်တဲ့နေရာကနေပြီးတော့ တောက်လျှောက်အကူအညီပေးခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် အဆိုပါအဖွဲ့အစည်းမှ
ာ volunteer အဖြစ်လုပ်ကိုင်နေတာ ၈ နှစ်ကျော် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်နော်။Letty မွေးစားခဲ့တဲ့ ကလေး ၁၄ ယောက်ဟာဆိုရင်လည်း Tanzania နိုင်ငံက ကလေးတွေဖြစ်ပြီးတော့ဘအကုန်လုံးက မိဘမဲ့ကလေးတွေ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါကလေးတော်တော်များများဟာ လမ်းပေါ်တွေမှာ လေလွင့်နေကြတဲ့ မိဘမဲ့ကလေးတွေဖြစ်ပြီး တစ်ချို့ကလေးတွေဆိုရင် Gang အဖွဲ့တွေက လူရမ်းကားလေးတွေ ဖြစ်ပါတယ်တဲ့။
Letty ဟာ အဆိုပါကလေးတွေကို နားဝင်အောင် သေသေချာချာ ဆုံးမကာ နောက်ဆုံးမှာတော့ အဆိုပါ ကလေး ၁၄ ယောက်စလုံးကို တရားဝင်မွေးစားခဲ့ပြီးတော့ သူတို့အားလုံးရဲ့ အမေအဖြစ် ခံယူခဲ့တာ ဖြစ်ပါတယ်နော်။
ဒီကလေးတွေဟာ ကျွန်မရဲ့ ဘဝပါပဲ။ သူတို့လေးတွေရဲ့ ဘဝကို တိုးတက်အောင် ကမန်မတက်နိုင်သမျှ တက်စွမ်းသမျှလေးတွေကို အဖက်ဖက်ကနေ ဖြည့်ညေ်းပေးချင်တာ ကျွန်မရဲ့ စိတ်ဆန္ဒအမှန်ပါပဲ။
ပြီးတော့ ကျန်ရှိနေသးတဲ့ ကျွန်မဘဝတောက်လျှောက်မှာလည်း သူတို့လေးတွေနဲ့ပဲ အချိန်ကုန်ပြီး တစ်ခြားမိဘမဲ့ကလေးတွေကိုလည်း ကိုယ်တက်နိုင်တဲ့ ဖက်ကနေ
ကူညီပြီးတော့ပဲ ကျွန်မဘဝကို ကုန်ဆုံးသွားချင်ပါတယ် လို့ ဆိုပြီး Latty က News.com.au သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။credit – shwemom
Tags:
Add a Comment
Your email address will not be published. Required fields are marked *