ဂျပန်သမိုင်းထဲက အမျိုးသမီးဆာမူရိုင်းတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်း

ဂျပန်သမိုင်းထဲက အမျိုးသမီးဆာမူရိုင်းတွေအကြောင်း(သူတို့ လုပ်ဆောင်ခဲ့တဲ့ အံ့မခန်းစွမ်းဆောင်ရည်များ)

ဂျပန်လို Onna- bugeissha ဆိုတာကတော့ အမျိုးသမီးတိုက်ခိုက်ရေးပညာရှင်တွေလို့ အဓိပ္ပါယ်ရပြီးတော့ သူတို့ရဲ့မူရင်းမျိုးနွယ်တွေကတော့ ဂျပန်ဧကရာဇ်အနီးမှာခစားတဲ့ ထိပ်တန်းမှူးမက်အသိုင်းအဝိုင်းကပါ။

Onna- bugeissha တွေက ဂျပန်ပဒေသရာဇ်ခေတ်ကာလအတွင်း အမျိုးသား ဆာမူရိုင်းတွေနဲ့ရင်ဘောင်တန်းပြီးတော့ တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့ကြပြီးBushi လို့ခေါ်တဲ့ ဆာမူရိုင်းတွေအဖြစ် သတ်မှက် အရေးပေးခြင်းကိုခံခဲ့ရတာပါ။

Onna- bugeisshaလို့သိထားတဲ့ အမျိုးသမီးဆာမူရိုင်း တွေရဲ့ မူရင်းတာဝန်ကတော့ စစ်မြေပြင် နောက်တန်းမှာကျန်ရှိတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်တဲ့။

ထိုခါတုန်းက အမျိုးသမီးဆာမူရိုင်းတွေဟာ ဂျပန်ဧကရာဇ်ရဲ့ ဂုဏ်ပြုဆုတံဆိပ်တွေကိုရရှိတဲ့အထိ စစ်မြေပြင်မှာအစွမ်းပြနိုင်ခဲ့ကြတာပါ။ Onna- bugeisshaတွေအနက် ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတွေဟာ Tomoe Gozen, Nakano Takeko, Hojo Masako တို့ဖြစ်ကြပါတယ်တဲ့။

ဆာမူရိုင်းဆိုတဲ့ တိုက်ခိုက်ရေးသမားတွေ မပေါ်ပေါက်ချိန်ကာလကတည်းကနေ ဂျပန်တိုက်ခိုက်ရေးသမားတွေဟာ ဓါးနဲ့လှံရှည်တွေကို အသုံးပြုတိုက်ခိုက်လေ့ရှိပြီးတော့ သက်ဆိုင်ရာဒေသအလိုက် အဖွဲ့ငယ်များထားရှိနေထိုင်လာခဲ့ကြပါတယ်။ ယင်းကာလ ထဲက ဂျပန်အမျိုးသမီးတွေဟာ

ဂျပန်ရိုးရာလက်နက်တွေဖြစ်တဲ့ naginata ( အသွား ဓါးခွန်တက်လှံရှည်)၊ kaiken( ဓါးမြှောင်) စတဲ့လက်နက်တွေနဲ့ အသုံးပြုရတဲ့ အခြေခံ တိုက်ခိုက်ရေးနည်းပညာတွေကို သင်ကြားထားရပါတယ်။ သို့သော် ဂျပန်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်အရကော၊ ယဉ်ကျေးမှုအရပါ ကန့်သတ်ချက် အချို့ရှိနေတာကြောင့်

အမျိုးသမီးတိုက် ခိုက်ရေးသမားတွေရဲ့ ပုံရိပ်ကတော့ သိသိသာသာပေါ်ထွက် လာခဲ့ခြင်းတော့မရှိခဲ့ပါဘူးတဲ့။(၁၉၆ နဲ့ ၂၆၉) AD ကာလရောက်ချိန်မှာတော့ ဂျပန် ဘုရင်မ Jingu ဆိုသူ ပေါ်ထွက်လာခဲ့ပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုများစွာ ကိုပြုပြင်မှုတွေပြုလုပ်ခဲ့တာပါ။

အဲဒီဂျပန်ဘုရင်မ Jingsu ဟာ Onna- bugeissha လို့သိထားတဲ့ အမျိုးသမီးဆာမူရိုင်းတစ်ယောက်ဖြစ်ပြီးတော့ စစ်ပွဲများစွာကိုဦးဆောင်တိုက်ပွဲ ဝင်ခဲ့သူဖြစ်ပါတယ်တဲ့။ သူမဟာ ယခင်ကတော့ ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက်ဘုရင် Chuai ရဲ့မိဖုရားခေါင်ကြီးဖြစ်ပြီး စစ်ပွဲတစ်ခုအတွင်းမှာ

ခင်ပွန်းကိုပြန်လည်လုပ်ကြံပြီး ဘုရင်မဘွဲ့ထူးကို ခံယူခဲ့သူပါ။သူမက (၂၀၀)AD ခန့်မှာတော့ ဂျပန်ဘုရင်တပ်မတော် ကိုဦးဆောင်ပြီး ကိုရီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တာပါ။ သူမဟာ ဂျပန်စစ်တပ်ကို သွေးမြေမကျစေပဲ ကိုရီးယားနိုင်ငံအပေါ်

အောင်နိုင်ခဲ့တယ်လို့ မှတ်တမ်းအချို့ကဖော်ပြခဲ့ပြီးတော့ ဂျပန်စစ်တပ်ရဲ့ဖွဲ့စည်းပုံအချို့ကိုလည်း ကိုရီးယားတိုက်ပွဲ အပြီးမှာ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။ Jingsu ဟာ(၁၈၈၁)ခုနှစ်ကထုတ်ဝေ ခဲ့တဲ့ဂျပန်ငွေစက္ကူမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ ပထမဆုံးသော ဂျပန်အမျိုးသမီးအဖြစ်လည်း မျက်မှောက်ခေတ်ကာလမှာ လူသိများပါတယ်တဲ့။

ဂျပန်နိုင်ငံရဲ့သမိုင်းခေတ်ကာလတွေဖြစ်တဲ့ Heian နဲ့ Kamakura တစ်လျှောက်မှာတော့ အမျိုးသမီးတိုက်ခိုက်ရေးသမားတွေဟာ စစ်မြေပြင်တွေအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ဖြစ်ရပ်တွေရှိလာခဲ့ပါတယ်။ Kamakura ခေတ်ကာအတွင်းဖြစ်ပွားခဲ့တဲ့ Genpei တိုက်ပွဲကာလ(၁၁၈၀-၁၁၈၅) ကာလအတွင်းကလည်း Tomoe Gozen အမည်ရတဲ့

နာမည်ကျော်အမျိုးသမီးတိုက် ခိုက်ရေးသမားတစ်ယောက်ပေါ်ထွက်လာခဲ့ဖူးပါတယ်။ ယင်းတိုက်ပွဲဟာ ဂျပန်နိုင်ငံရဲ့ အင်အားအကြီးဆုံးမျိုးနွယ်စုလို့ ပြောရမဲ့ Tira(Heike) နဲ့ Minamoto (Genji) တို့ တိုက်ခိုက်ခဲ့တဲ့စစ်ပွဲတွေဖြစ်ပြီး Tomoe Gozenဟာ Minamoto (Genji)ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသားတိုက်ခိုက်ရေးစစ်သည်အတော်များများကို ရင်ဆိုင် အနိုင်ယူပြခဲ့ပါတယ်။

အထူးသဖြင့် (၁၁၈၄)ခုနှစ်၊ဖေဖော်ဝါရီ(၂၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ Awazu တိုက်ပွဲအတွင်း Tomoe Gozenရဲ့ အခန်းကဏ္ဍဟာ နာမည်ကျော် စစ်သူရဲကောင်းများစွာအလည်မှာ ထင်ပေါ်ခဲ့တာဖြစ်ပါတယ်။ သူမနဲ့ပတ်သက်ပြီး ရန်သူ စစ်သူကြီးတွေကတောင် ထုတ်ဖော်ချီးကျူးခဲ့ရပြီးတော့ သူမရဲ့စွမ်းဆောင်ရည်တွေကို သရုပ်ဖော်ထားတဲ့

ကဗျာ၊လင်္ကာများစွာဟာ ပေါ်ထွက်လာခဲ့ဖူးပါတယ်။Edo ခေတ်(၁၆၀၀-၁၈၆၈)ကိုရောက်ချိန်မှာတော့ Onna- bugeisshaတွေရဲ့ ကဏ္ဍဟာ ပြန်လည် မှေးမှိန်လာခဲ့ပြီး တာဝန်ရှိသူတွေကိုယ်တိုင်ကကို အမျိုးသမီးဆာမူရိုင်းတွေရဲ့ သမိုင်းကိုဖျောက်ဖျက်ဖို့ကြိုးစားလာပါတယ်။

ဒါကြောင့် ကျန်ရှိနေတဲ့ Onna- bugeissha (အမျိုးသမီးဆာမူရိုင်း)တွေရဲ့ တာဝန်ဟာ လင်ယောင်္ကျားကိုသာ ပြုစုဖို့ ဆိုတဲ့ရှေးရိုးစွဲ ဝါဒကိုဂျပန်အာဏာပိုင်တွေက ပြန်လည်ရိုက်သွင်းပေးခဲ့ကြတာပါ။ ယင်းအချိန်မှာပဲ ဂျပန်ဆာမူရိုင်းတွေဟာ တိုက်ပွဲတွေမှာပါဝင်ပတ်သက်ခြင်းမရှိတော့ပဲ

ဗျူရိုကရက်အရာရှိနဲ့ အရပ်ဖက်ဆိုင်ရာဂိုဏ်းအသီးသီးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါအပြင် ဂျပန်အမျိုးသမီးတွေဟာ ဂျပန်နိုင်ငံရဲ့မျိုးရိုးနဲ့ယဉ်ကျေးမှုတွေကို အဓိကထိန်း သိမ်းရမဲ့သူတွေအဖြစ် အာဏာပိုင်တွေကရှုမြင်ပြီးတော့ ယဉ်ကျေးတဲ့၊ပျူငှာတဲ့၊ မျိုးရိုးဂုဏ်ကို စောင့်ထိန်းတဲ့သူတွေအဖြစ်

ပြောင်းလဲသွားစေခဲ့ပါတယ်။(၁၈၆၈) ကနေ (၁၈၆၉)ခုနှစ်အထိ(၁)နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ Boshin War လို့သိကြတဲ့ ဂျပန်ပြည်တွင်းစစ်ကာလမှာတော့ Aizu ကိုကိုယ်စားပြုတဲ့ Nakano Takeko အမည်ရ တဲ့အမျိုးသမီးဆာမူရိုင်းတစ်ယောက်ပေါ်ထွက် လာခဲ့ပြန်တာပါ။ သူမဟာ Aizu ဆာမူရိုင်း (၃၀၀၀)လောက်ကိုဦးဆောင်ပြီး အင်အား(၂၀၀၀၀)လောက်ရှိတဲ့ ဂျပန် ဘုရင်တပ်မတော်စစ်သည်တွေကို

ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာအရှုံးပေးခဲ့ရပေမဲ့ Nakano Takeko ဟာ ဂျပန်ပြည်တွင်းစစ်တစ်လျှောက် မျိုးနွယ်စုအတွက်သာမက ဂျပန်အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးစစ်ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။သူတို့ဟာ ဓါးမြှောင်၊ဓါးရှည်နဲ့လေးမြှားကို ကျွမ်းကျင်စွာအသုံးပြု တတ်ရုံသာမက

နောက်ပိုင်းမှာ သေနတ်စတဲ့လက်နက်တွေကိုတောင် ကိုင်တွယ်ပြီး သက်ဆိုင်ရာ မြို့ရွာတွေကိုတောင် စောင့်ရှောက်ကာကွယ်တဲ့အထိ တာဝန်ကျေခဲ့သူ တွေဖြစ်ပါတယ်။ပထမကမ္ဘာစစ်ကာလတွေ၊ ဖက်ဆစ်ဝါဒီတွေအားကောင်းခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကာလတွေ၊

စစ်ပြီးဂျပန်နိုင်ငံရဲ့ပြန်လည်ထူထောင်ရေးကာလတွေအထိတော့ Onna- bugeisshaတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်သမိုင်းကနေ မျက်ကွယ် ပြုထားခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ Onna- bugeisshaတွေရဲ့ သမိုင်းဟာ ဂျပန်နိုင်ငံမှာ ခိုင်ခိုင်မာမာရှိနေခဲ့တာဖြစ်ပြီးတော့ယခုနောက်ပိုင်းမှာတော့ ဂျပန်ရှေးဟောင်းယဉ်ကျေးမှု နဲ့တွဲဖက်ပြီး ပြန်လည်ဖော်ထုတ်မှုတွေ ရှိလာ တာကိုတွေ့ရပါတယ်နော်။Credit;သုတဇုန်

Add a Comment

Your email address will not be published. Required fields are marked *