ကိုယ်တိုင်က မသန်စွမ်းဖြစ်နေပေမယ့်လည်း ရေနစ်နေသူကို ကူညီကယ်ဆယ်ပေးခဲ့တဲ့သူ
Unicode…ဝှီးချဲပေါ်ကနေ ရေထဲခုန်ဆင်းပြီးတော့ ရေနစ်နေသူကို ကယ်တင်ပေးခဲ့တဲ့ ကိုယ်တစ်ခြမ်းသေနေသူ
ရုရှားနိုင်ငံက နီကီတာဗန်ကော့ဗ်ဆိုတဲ့  အမျိုးသားတစ်ဦးကတော့ ဆိပ်ခံတံတား အနီးမှာ ရေနစ်နေသူကို မြင်တွေ့ခဲ့ပြီးတဲ့ နောက်မှာ သူကိုယ်တိုင် ဘီးတပ်ကုလားထိုင် ပေါ်ကနေပြီးတော့ ရေထဲကိုခုန်ဆင်းသွားကာ ရေ နစ်သူကို
ကူညီကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်နော်။ သူကိုယ်တိုင်ကလည်း  လိုင်စင်ရရေငုပ်ကျွမ်း ကျင်သူဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်တုန်း က မတော်တဆထိခိုက်မှုတစ်ခုကြောင့်ဘဲ ကိုယ်အောက်ပိုင်းသေနေခဲ့ရသူပါ။
အနာပါမြို့လေးမှာ ရေငုပ် သူဘဝကနေပြီးတော့ မသန်စွမ်းဘဝရောက်သွား ခဲ့တဲ့ သူရဲ့ဇာတ်လမ်းအကြောင်းကို င်္ဗီဒီယို အဖွဲ့တစ်ဖွဲ့က ရိုက်ကူးမှတ်တမ်းတင်နေ ချိန်မှာပဲ တစ်စုံတစ်ယောက်ရေနစ်နေတာ ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့ ကူညီခွင့်ရသွား ခဲ့တာဖြစ်ပါတယ်နော်။
ကနဦးတုန်းက ရေနစ် သူကို ဆွဲခေါ်လာသူနှစ်ဦးရှိနေတာ ကြောင့် နီကီတာက ဆိပ်ခံတံတားပေါ်က နေပဲ ဘီးတပ်ကုလားထိုင်နဲ့သွားရင်း အ ခြေအနေကြည့်ရှုနေခဲ့တာပါ။
နောက်ပိုင်းမှာတော့ ရေနစ်နေသူနဲ့ ကူညီသူ တွေ ရေထဲမှာရုန်းကန်နေရတာကိုမြင်ပြီးတော့ အခြေအနေအရ သူကိုယ်တိုင်ရေထဲဆင်း ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်နော်။
ကိုယ် တစ်ခြမ်းသေနေသူဖြစ်ပေမယ့်လည်း ရေ ကူးမှုမှာ အနှောင့်အယှက်မရှိဘဲ ကောင်း ကောင်းရေကူးနေနိုင်သေးတဲ့ နီကီတာက ရေထဲမှာ ကူညီပေးခဲ့ပြီး ရေနစ်သူနဲ့အခြား
သူတွေကို လှေပေါ်တင်ပေးဖို့ ကူညီပေး ခဲ့တာဖြစ်ပါတယ်နော်။ နီကီတာရဲ့ ကူညီမှုကို ဆိပ်ခံတံတားမှာရှိနေတဲ့ အခြားသူတွေက ကင်မရာနဲ့မှတ်တမ်းတင်ထားပြီး အွန် လိုင်းပေါ်တင်လိုက်ချိန်မှာ မသန်စွမ်းအ ခြေအနေမှာတောင်
ဒုက္ခရောက်နေသူအ တွက်ကူညီပေးသွားတဲ့ နီကီတာကို ထောင် နဲ့ချီတဲ့ အွန်လိုင်းသုံးစွဲသူတွေက ချီးမွမ်းခဲ့ ကြပါတာဘဲ ဖြစ်ပါတယ်။credit;pyi myanmar
Tags:
Add a Comment
Your email address will not be published. Required fields are marked *