တေက်ာ့ ျပန္ေအာင္ျမင္လာခဲ့တဲ့ ေၾကာ္ျငာ ဘုရင္မ ထက္ထက္မိုးဦးမွာ ရွိတဲ့ အရည္အခ်င္း (၉) ခု

တေက်ာ့ ျပန္ေအာင္ျမင္လာခဲ့တဲ့ ေၾကာ္ျငာ ဘုရင္မ ထက္ထက္မိုးဦးမွာ ရွိတဲ့ အရည္အခ်င္း (၉) ခု

ထက္ထက္မိုးဦးရဲ့ လိုက္ဖ္ ကိုၾကည့္ၿပီး တခ်ိဳ႕က စန္းထတယ္လို႔ ေျပာျကတယ္။ က်ေနာ္က ကိုယ္လုပ္ေနတဲ့အရာေပၚမွာ ပေရာ္ဖက္ရွင္နယ္ ဆန္တယ္လို႔ ေျပာခ်င္တာပါ ။ ဘယ္အခ်က္ေတြနဲ႔ ေျပာတာလဲ ဆိူေတာ့

၁။ ပရိသတ္ကို ေလးစားတယ္ – ထက္ထက္မိုးဦးကေတာ့ အရင္က လၽွမ္းလၽွမ္းေတာက္ ၊ မသိသူမရွိတဲ့ ေအာင္ျမင္တဲ့ ေၾကာ္ျငာမင္းသမီး၊ ခုေနာက္ပိုင္း ေျခေနအရ လိုက္ဖ္ လြင့္ေရာင္းရတဲ့အခါမွာလဲ လိုက္ဖ္ ၾကည့္တဲ့ ပရိသတ္ အေပၚမွာ ေလး‌ေလးစားစား ဆက္ဆံေနတာပါ။

၂။ မာနမရွိ – ငါ မင္းသမီးပဲ။ ငါ ေရာင္းေပးတဲ့ လိုက္ဖ္ ေတြမွာ အေရာင္း အမ်ားႀကီးရတယ္။ ဝယ္ခ်င္ဝယ္၊ မဝယ္ခ်င္ေန ဆိုၿပီးေတာ့ မဆက္ဆံဘူး။ မာန မထားတတ္ဘူး။ ပရိတ္သတ္ခ်စ္ျခင္းကို အဲ့တခ်က္နဲ႔ အပိုင္သိမ္းလိုက္တာပါေနာ္။

၃။ အျမဲ ျပဳံးေနတယ္ – သူ႔အသက္အရြယ္နဲ႔ မင္းသမီး ဂုဏ္နဲ႔ ေဈးေရာင္းရတာ ပင္ပန္းတာပါ။ ဒါေပမယ့္လည္း အျမဲ ျပဳံးေနတယ္။ အဲ့ဒါကလဲ အေရာင္းရျခင္းရဲ့ အသက္ပါ။

၄။ အာ႐ုံစူးစိုက္မွု – ထက္ထက္လွလားဟင္။ ဘာညာမေမးဘူး။ ကိုယ္ေရာင္းရမယ့္ ပစၥည္းကို ေသခ်ာ အာ႐ုံစိုက္ၿပီး ေတာ့ ေရာင္းတယ္။၅။ ကုန္ပစၥည္းအေၾကာင္း – မင္းသမီးက ပစၥည္းအေၾကာင္း ဘယ္လိုအကုန္သိနိုင္မွာလဲေနာ္။ ဒါေပမယ့္လည္း သူအတတ္နိုင္ဆုံး ေရာင္းသူဆီက ေမးၿပီး ျပန္ေျပာေပးတာပါ။ စိတ္ရွည္တယ္။ လုပ္ေနတဲ့အလုပ္ကို ၿပီးေအာင္လုပ္နိုင္တာပါ။

၆။ ညႇိႏွိုင္းမွု – ေရာင္းသူနဲ႔ ဝယ္သူၾကား အဆင္ေျပေအာင္ ညႇိႏွိုင္းနိုင္တယ္။၇။ အေရာင္း ျဖစ္ေျမာက္မွု – အေရာင္းတခု ျဖစ္ေျမာက္ဖို႔ Sales Closing လိုပါတယ္ေနာ္။ အေရးႀကီးတဲ့ အခ်က္လဲ ျဖစ္တယ္။ အဲ့အခ်က္‌ကို ေသခ်ာ နားလည္တာပါ။

အြန္လိုင္း က ပိုဆိုးတယ္။ ခုဝယ္မယ္ေျပာၿပီး ေနာက္ဖုန္းဆက္ရင္ အ႐ူးကြက္နင္းတာမ်ိဳးေတြက ပိုမ်ားတယ္။ အဲ့အပိုင္းကို ေသခ်ာ ပိုင္နိုင္တယ္။ Sales Closing ေသခ်ာလုပ္တယ္။ စရံ လႊဲဖို႔ ကိစၥေတြကအစ ေငြလႊဲၿပီးတဲ့အထိ Sales Closing ကို ေကာင္းေကာင္းလုပ္သြားနိုင္တယ္။

၈။ ဝယ္သူကို ဝန္ေဆာင္မွု ေပးျခင္း – ခု ကား လိုက္ဖ္ လြင့္ေရာင္းေတာ့ သူကိုယ္တိုင္ ေမာင္းပို႔ေပးမယ္တဲ့။ အိမ္အေရာက္တဲ့။ ဘယ္ေလာက္ ေကာင္းလိုက္တဲ့ ဝန္ေဆာင္မွုလဲေနာ္။

၉။ အိုင္တီနည္းပညာ – နည္းပညာ အေျပာင္းအလဲကို လိုက္နိုင္တယ္။ သူ႔အသက္အရြယ္ တခ်ိဳ႕ မင္းသမီးေတြ အိုင္တီ ကိုမလုပ္တတ္တဲ့အခ်ိန္မွာ နည္းပညာနဲ႔ အကၽြမ္းတဝင္ ျဖစ္‌ေနတာပါ။ခုအခ်က္ေတြေၾကာင့္ ထက္ထက္မိုးဦး စန္းထၿပီး

ေအာင္ျမင္တာ မဟုတ္ပဲနဲ့ အလုပ္ကို ပေရာ္ဖက္ရွင္နယ္ ပီသစြာ လုပ္လို႔ ေအာင္ျမင္တယ္လို႔ ယူဆမိပါတယ္ေနာ္။ ေသခ်ာတာကေတာ့ ေနာက္မ်ိဳးဆက္တဆက္စာ ထက္ထက္မိုးဦးကို ေၾကာ္ျငာ ဘုရင္မဆိုတာကုိ ဒုတိယံမိ ထပ္သိေစမယ္လို႔ ယုံၾကည္မိပါတယ္ေနာ္။credit;ေဒါက္တာေဝလင္းေမာင္

Unicode…တကျော့ ပြန်အောင်မြင်လာခဲ့တဲ့ ကြော်ငြာ ဘုရင်မ ထက်ထက်မိုးဦးမှာ ရှိတဲ့ အရည်အချင်း (၉) ခု

ထက်ထက်မိုးဦးရဲ့ လိုက်ဖ် ကိုကြည့်ပြီး တချို့က စန်းထတယ်လို့ ပြောကြတယ်။ ကျနော်က ကိုယ်လုပ်နေတဲ့အရာပေါ်မှာ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ ပြောချင်တာပါ ။ ဘယ်အချက်တွေနဲ့ ပြောတာလဲ ဆိူတော့

၁။ ပရိသတ်ကို လေးစားတယ် – ထက်ထက်မိုးဦးကတော့ အရင်က လျှမ်းလျှမ်းတောက် ၊ မသိသူမရှိတဲ့ အောင်မြင်တဲ့ ကြော်ငြာမင်းသမီး၊ ခုနောက်ပိုင်း ခြေနေအရ လိုက်ဖ် လွင့်ရောင်းရတဲ့အခါမှာလဲ လိုက်ဖ် ကြည့်တဲ့ ပရိသတ် အပေါ်မှာ လေး‌လေးစားစား ဆက်ဆံနေတာပါ။

၂။ မာနမရှိ – ငါ မင်းသမီးပဲ။ ငါ ရောင်းပေးတဲ့ လိုက်ဖ် တွေမှာ အရောင်း အများကြီးရတယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ ဆိုပြီးတော့ မဆက်ဆံဘူး။ မာန မထားတတ်ဘူး။ ပရိတ်သတ်ချစ်ခြင်းကို အဲ့တချက်နဲ့ အပိုင်သိမ်းလိုက်တာပါနော်။

၃။ အမြဲ ပြုံးနေတယ် – သူ့အသက်အရွယ်နဲ့ မင်းသမီး ဂုဏ်နဲ့ ဈေးရောင်းရတာ ပင်ပန်းတာပါ။ ဒါပေမယ့်လည်း အမြဲ ပြုံးနေတယ်။ အဲ့ဒါကလဲ အရောင်းရခြင်းရဲ့ အသက်ပါ။

၄။ အာရုံစူးစိုက်မှု – ထက်ထက်လှလားဟင်။ ဘာညာမမေးဘူး။ ကိုယ်ရောင်းရမယ့် ပစ္စည်းကို သေချာ အာရုံစိုက်ပြီး တော့ ရောင်းတယ်။၅။ ကုန်ပစ္စည်းအကြောင်း – မင်းသမီးက ပစ္စည်းအကြောင်း ဘယ်လိုအကုန်သိနိုင်မှာလဲနော်။ ဒါပေမယ့်လည်း သူအတတ်နိုင်ဆုံး ရောင်းသူဆီက မေးပြီး ပြန်ပြောပေးတာပါ။ စိတ်ရှည်တယ်။ လုပ်နေတဲ့အလုပ်ကို ပြီးအောင်လုပ်နိုင်တာပါ။

၆။ ညှိနှိုင်းမှု – ရောင်းသူနဲ့ ဝယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းနိုင်တယ်။၇။ အရောင်း ဖြစ်မြောက်မှု – အရောင်းတခု ဖြစ်မြောက်ဖို့ Sales Closing လိုပါတယ်နော်။ အရေးကြီးတဲ့ အချက်လဲ ဖြစ်တယ်။ အဲ့အချက်‌ကို သေချာ နားလည်တာပါ။

အွန်လိုင်း က ပိုဆိုးတယ်။ ခုဝယ်မယ်ပြောပြီး နောက်ဖုန်းဆက်ရင် အရူးကွက်နင်းတာမျိုးတွေက ပိုများတယ်။ အဲ့အပိုင်းကို သေချာ ပိုင်နိုင်တယ်။ Sales Closing သေချာလုပ်တယ်။ စရံ လွှဲဖို့ ကိစ္စတွေကအစ ငွေလွှဲပြီးတဲ့အထိ Sales Closing ကို ကောင်းကောင်းလုပ်သွားနိုင်တယ်။

၈။ ဝယ်သူကို ဝန်ဆောင်မှု ပေးခြင်း – ခု ကား လိုက်ဖ် လွင့်ရောင်းတော့ သူကိုယ်တိုင် မောင်းပို့ပေးမယ်တဲ့။ အိမ်အရောက်တဲ့။ ဘယ်လောက် ကောင်းလိုက်တဲ့ ဝန်ဆောင်မှုလဲနော်။

၉။ အိုင်တီနည်းပညာ – နည်းပညာ အပြောင်းအလဲကို လိုက်နိုင်တယ်။ သူ့အသက်အရွယ် တချို့ မင်းသမီးတွေ အိုင်တီ ကိုမလုပ်တတ်တဲ့အချိန်မှာ နည်းပညာနဲ့ အကျွမ်းတဝင် ဖြစ်‌နေတာပါ။ခုအချက်တွေကြောင့် ထက်ထက်မိုးဦး စန်းထပြီး

အောင်မြင်တာ မဟုတ်ပဲနဲ့ အလုပ်ကို ပရော်ဖက်ရှင်နယ် ပီသစွာ လုပ်လို့ အောင်မြင်တယ်လို့ ယူဆမိပါတယ်နော်။ သေချာတာကတော့ နောက်မျိုးဆက်တဆက်စာ ထက်ထက်မိုးဦးကို ကြော်ငြာ ဘုရင်မဆိုတာကို ဒုတိယံမိ ထပ်သိစေမယ်လို့ ယုံကြည်မိပါတယ်နော်။credit;ဒေါက်တာဝေလင်းမောင်

Add a Comment

Your email address will not be published. Required fields are marked *