ကိုဗစ္ တမင္ကူးစက္ခံျပီးေတာ့ ေသြးရည္ၾကည္ ျပန္ေရာင္းစားတဲ့ တကၠသိုလ္ေက်ာင္းသားမ်ား

ကိုဗစ္ တမင္ကူးစက္ခံျပီးေတာ့ ေသြးရည္ၾကည္ ျပန္ေရာင္းစားခဲ့တဲ့ တကၠသိုလ္ေက်ာင္းသားမ်ား

ေသြးရည္ၾကည္ ျပန္ေရာင္းစားနိုင္ဖုိ့အတြက္ ကိုဗစ္ ကုိ တမင္ကူးစက္ခံတဲ့ တကၠသိုလ္ေက်ာင္းသားမ်ားလို့ ေျပာလိုက္ရင္ အားလံုး အံ့ၾသၾကလိမ့္မယ္လို့ ထင္ပါတယ္ေနာ္။

အေမရိကန္ ပစိဖိတ္ အေနာက္ေျမာက္ပိုင္းျပည္နယ္ အိုင္ဒါဟိုရွိ ဘရစ္ဂ္ဟမ္လူငယ္တကၠသိုလ္မွ ေက်ာင္းသားမ်ားဟာ SARS-CoV-2 ေရာဂါပိုးကူးစက္ခံရန္ ရည္ရြယ္ခ်က္ရွိရွိနဲ့  ႀကိဳးပမ္းအားထုတ္ေနမွုမ်ားကို

စုံစမ္းစစ္ေဆးတဲ့ အခါမွာ သူတို့ဟာ ေရာဂါေပ်ာက္ကင္းၿပီးေနာက္ ေသြးရည္ၾကည္ကို ျပန္ေရာင္းစားရန္ႀကိဳးစားေနခဲ့ေၾကာင္း သိရပါတယ္။ The Church of Jesus Christ of Latter-day Saints မွ

ပိုင္ဆိုင္တဲ့ ဘရစ္ဂ္ဟမ္ လူငယ္တကၠသိုလ္မွ အရာရွိမ်ားဟာ ေက်ာင္းသားမ်ား၏ အျပဳအမူအား ျပင္းထန္စြာ ရွုတ္ခ်ခဲ့ၿပီးေနာက္ ဗိုင္းရပ္စ္ ကူးစက္ရန္ ႀကိဳးပမ္းသူမည္သူမဆို ခ်က္ခ်င္းရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္ကို ေၾကျငာခဲ့တာ ျဖစ္ပါတယ္။

တကၠသိုလ္က ယင္းျဖစ္ရပ္ကို စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္မွာ ေက်ာင္းသားမ်ားအား ေငြေရးေၾကးေရးအတြက္ သူတို့ကိုယ္တိုင္ႏွင့္ အျခားသူမ်ားေဘးျဖစ္ေစမည့္ အႏၲရာယ္ရွိေသာနည္းလမ္မ်ား မျပဳလုပ္ရန္ တိုက္တြန္းထားတာပါ။

ဘရစ္ဂ္ဟမ္ လူငယ္တကၠသိုလ္မွ အရာရွိတစ္ဦးက  ကိုဗစ္-၁၉ ျဖစ္ေအာင္နဲ႔ ျပန႔္ပြားေအာင္ လုပ္တာက ခပ္ေပါ့ေပါကိစၥမဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ ေဘးကင္းေရးကို လ်စ္လ်ဴရွုလိုက္တာက ကၽြန္ုပ္တို့ရဲ့လူမွုအသိုင္းအဝိုင္းအတြင္း

ေနာက္ထပ္ ဖ်ားနာျခင္းေတြနဲ႔ အသက္ဆုံးရွုံးျခင္းေတြကို မလႊဲမေရွာင္ ျဖစ္ေစနိုင္ပါတယ္။ ေဘးမကင္းတဲ့ အျပဳအမူကိုလုပ္ဖို့ မလိုအပ္ပါဘူး။ ေငြအတြက္ ေက်ာင္းသားမ်ား ႐ုန္းကန္ေနရတယ္ဆိုရင္ တကၠသိုလ္က ကူညီေပးဖို့အသင့္ရွိေနပါတယ္

လို့ ေျပာၾကားခဲ့တာပါ။ အိုင္ဒါဟို သတင္းဌာနမ်ားကလည္း လွူဒါန္းမွုစင္တာအခ်ိဳ့ဟာ ေသြးရည္ၾကည္အတြက္ ေငြေပးေနသည္ကို ေတြ႕ရွိခဲ့သည္ဟု ဆိုပါတယ္။ တကၠသိုလ္ႏွင့္ နီးစပ္သူတစ္ဦးက လူတစ္ေယာက္ တစ္ႀကိမ္လာလွူလၽွင္

ေရာဂါကူးစက္မွု ကာလအတြင္း ဘဝမ်ားစြာကို ကယ္တင္ျခင္းအတြက္ အထူး၊ အထူးေက်းဇူးတင္သည့္အေနျဖင့္ ေဒၚလာ ၁၀၀ ေပးသလို အျခားေနရာတစ္ခုတြင္ ပထမဆုံးအႀကိမ္ ေသြးရည္ၾကည္ လွူဒါန္းမွုအတြက္ အတြက္ေဒၚလာ ၂၀၀ ေပးသည္

ဟု ဆိုပါတယ္။ ေအာက္တိုဘာလအတြင္းက ဘရစ္ဂ္ဟမ္ လူငယ္တကၠသိုလ္တြင္ ကိုဗစ္-၁၉ ကူးစက္သူ ေက်ာင္းသားေပါင္း ၁၁၉ ဦးႏွင့္ ဝန္ထမ္း ၂၀ ဦး ရွိေၾကာင္း အတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။Crd:Newstimemyanmar

Unicode…ကိုဗစ် တမင်ကူးစက်ခံပြီးတော့ သွေးရည်ကြည် ပြန်ရောင်းစားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများ

သွေးရည်ကြည် ပြန်ရောင်းစားနိုင်ဖို့အတွက် ကိုဗစ် ကို တမင်ကူးစက်ခံတဲ့ တက္ကသိုလ်ကျောင်းသားများလို့ ပြောလိုက်ရင် အားလုံး အံ့သြကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

အမေရိကန် ပစိဖိတ် အနောက်မြောက်ပိုင်းပြည်နယ် အိုင်ဒါဟိုရှိ ဘရစ်ဂ်ဟမ်လူငယ်တက္ကသိုလ်မှ ကျောင်းသားများဟာ SARS-CoV-2 ရောဂါပိုးကူးစက်ခံရန် ရည်ရွယ်ချက်ရှိရှိနဲ့  ကြိုးပမ်းအားထုတ်နေမှုများကို

စုံစမ်းစစ်ဆေးတဲ့ အခါမှာ သူတို့ဟာ ရောဂါပျောက်ကင်းပြီးနောက် သွေးရည်ကြည်ကို ပြန်ရောင်းစားရန်ကြိုးစားနေခဲ့ကြောင်း သိရပါတယ်။ The Church of Jesus Christ of Latter-day Saints မှ

ပိုင်ဆိုင်တဲ့ ဘရစ်ဂ်ဟမ် လူငယ်တက္ကသိုလ်မှ အရာရှိများဟာ ကျောင်းသားများ၏ အပြုအမူအား ပြင်းထန်စွာ ရှုတ်ချခဲ့ပြီးနောက် ဗိုင်းရပ်စ် ကူးစက်ရန် ကြိုးပမ်းသူမည်သူမဆို ချက်ချင်းရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ကြေငြာခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက်မှာ ကျောင်းသားများအား ငွေရေးကြေးရေးအတွက် သူတို့ကိုယ်တိုင်နှင့် အခြားသူများဘေးဖြစ်စေမည့် အန္တရာယ်ရှိသောနည်းလမ်များ မပြုလုပ်ရန် တိုက်တွန်းထားတာပါ။

ဘရစ်ဂ်ဟမ် လူငယ်တက္ကသိုလ်မှ အရာရှိတစ်ဦးက  ကိုဗစ်-၁၉ ဖြစ်အောင်နဲ့ ပြန့်ပွားအောင် လုပ်တာက ခပ်ပေါ့ပေါကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို လျစ်လျူရှုလိုက်တာက ကျွန်ုပ်တို့ရဲ့လူမှုအသိုင်းအဝိုင်းအတွင်း

နောက်ထပ် ဖျားနာခြင်းတွေနဲ့ အသက်ဆုံးရှုံးခြင်းတွေကို မလွှဲမရှောင် ဖြစ်စေနိုင်ပါတယ်။ ဘေးမကင်းတဲ့ အပြုအမူကိုလုပ်ဖို့ မလိုအပ်ပါဘူး။ ငွေအတွက် ကျောင်းသားများ ရုန်းကန်နေရတယ်ဆိုရင် တက္ကသိုလ်က ကူညီပေးဖို့အသင့်ရှိနေပါတယ်

လို့ ပြောကြားခဲ့တာပါ။ အိုင်ဒါဟို သတင်းဌာနများကလည်း လှူဒါန်းမှုစင်တာအချို့ဟာ သွေးရည်ကြည်အတွက် ငွေပေးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုပါတယ်။ တက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးက လူတစ်ယောက် တစ်ကြိမ်လာလှူလျှင်

ရောဂါကူးစက်မှု ကာလအတွင်း ဘဝများစွာကို ကယ်တင်ခြင်းအတွက် အထူး၊ အထူးကျေးဇူးတင်သည့်အနေဖြင့် ဒေါ်လာ ၁၀၀ ပေးသလို အခြားနေရာတစ်ခုတွင် ပထမဆုံးအကြိမ် သွေးရည်ကြည် လှူဒါန်းမှုအတွက် အတွက်ဒေါ်လာ ၂၀၀ ပေးသည်

ဟု ဆိုပါတယ်။ အောက်တိုဘာလအတွင်းက ဘရစ်ဂ်ဟမ် လူငယ်တက္ကသိုလ်တွင် ကိုဗစ်-၁၉ ကူးစက်သူ ကျောင်းသားပေါင်း ၁၁၉ ဦးနှင့် ဝန်ထမ်း ၂၀ ဦး ရှိကြောင်း အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။Crd:Newstimemyanmar

Add a Comment

Your email address will not be published. Required fields are marked *