လူကုန္ကူးခံရသူ မိန္းကေလးကို ကယ္တင္နိုင္ခဲ့တဲ့ေလယာဥ္မယ္

လူကုန္ကူးခံရတဲ့ မိန္းကေလးကို ကယ္တင္နိုင္ခဲ့တဲ့ေလယာဥ္မယ္

ရွယ္လီယာ ဖရက္ဒရစ္ (Shelia Fedrick) ဆိုတဲ့ အမ်ိဳးသမီးကေတာ့ အလာစကာ (Alaska) ေလေၾကာင္းလိုင္းမွာ အလုပ္လုပ္ေနတဲ့ေလယာဥ္မယ္တစ္ဦး ျဖစ္ပါတယ္။

တစ္ေန႔မွာ သူမတာဝန္က်ေနတဲ့ ( ဆီယက္တယ္လ္က ဆန္ဖရန္စစၥကို အသြား ) ေလေၾကာင္းခရီးစဥ္မွာ ပုံမွန္မဟုတ္တာတစ္ခုရွိေနတာ သတိထားမိလိုက္တာျဖစ္ပါတယ္။ ခရီးသည္ေတြထဲမွာ အသက္ ၁၄ ႏွစ္ ၊ ၁၅ ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္နဲ႔

လူႀကီးလူေကာင္းပုံစံ သားသားနားနားဝတ္ဆင္ထားတဲ့ အသက္ႀကီးႀကီးအမ်ိဳးသားတစ္ေယာက္တို့ အတူထိုင္ေနတာကို သူမ ျမင္ခဲရတာပါ။ ထူးျခားတာကေတာ့ ကေလးမေလးၾကည့္ရတာ ဆိုးဆိုးရြားရြား စိတ္ထိခိုက္ေၾကာက္ရြံ့ေနတဲ့ပုံေပါက္ေနတာ ျဖစ္တယ္ လို့ဆိူပါတယ္။

အဲဒါေျကာင့္ ရွယ္လီယာ ကလည္း သူတို့ဆီစကားသြားေျပာရင္းနဲ့ အကဲခတ္ၾကည့္တဲ့အခါမွာေတာ့ အတူပါလာတဲ့လူႀကီးက ႀကိဳက္ႏွစ္သက္တဲ့ပုံမျပခဲ့ပါဘူးတဲ့။ အဲဒါနဲ႔ ရွယ္လီယာရဲ့ သံသယလည္း ႀကီးမားလာခဲ့ရတယ္။

ေလယာဥ္မယ္ရွယ္လီယာဟာ မိန္းကေလးအိမ္သာဆီ ထလာတာျမင္ေတာ့ အိမ္သာထဲကိုဦးေအာင္ သြားၿပီး ေတာ့ အဆင္မေျပရင္အကူညီေတာင္းနိုင္တဲ့အေၾကာင္း ကုိ စာရြက္တစ္ရြက္ေပၚမွာေရးၿပီးေတာ့ ျမင္သာတဲ့ ေနရာမွာထားခဲ့တယ္ ဆို့ ဆိုပါတယ္။ ေကာင္မေလးကလည္း စာရြက္မွာသူမကို

ကယ္ဆယ္ေပးဖို စာျပန္ေရးထားခဲ့တာပါ။ အဲဒါနဲ႔ ရွယ္လီယာဟာေလယာဥ္ေမာင္း pilot ကို အေၾကာင္းၾကားၿပီးေတာ့ အဲဒီကမွတဆင့္ ရဲတပ္ဖြဲ႕ကို အသိေပးနိုင္ခဲ့တာပါ။ ဒီလိုနဲ႔ ဆန္ဖရန္စစၥကို ေလဆိပ္ကိုဆိုက္ေရာက္တဲ့အခါမွာ ေတာ့ အသင့္ေစာင့္ေနတဲ့ရဲတပ္ဖြဲ႕က မိန္းကေလးကို ကယ္တင္လိုက္နိုင္ခဲ့ပါတယ္ေနာ္။

ရွယ္လီယာသာ မကယ္ဆယ္နိုင္ခဲ့ရင္ မိန္းကေလးကေတာ့ လိင္မွုလုပ္သားအျဖစ္ ေရာင္းစားခံရေတာ့မယ္ဆိုတာကိုလည္း ေတြ႕ရွိခဲ့ရတာပါ။

တကယ္တမါး စူပါဟီးရိုးဇာတ္လမ္းေတြထဲက လူစြမ္းေကာင္းေတြလို စြမ္းအင္ေတြ၊သိုင္းပညာေတြ ပိုင္ဆိုင္ထားမွ ကမၻာႀကီးကိုကယ္တင္နိုင္တာ ၊ အားနည္းသူေတြဘက္က ရပ္တည္ေပးနိုင္တာမဟုတ္ပါဘူးေနာ္။

ပတ္ဝန္းက်င္ကို သတိထားအကဲခတ္တတ္တဲ့အေလ့အက်င့္နဲ႔ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းမြန္မွု၊ ၿပီးေတာ့ ခ်စ္ျခင္းေမတၱာနဲ႔ အမ်ားအေပၚေစတနာထားခ်င္စိတ္ရွိရင္ လူတိုင္းဟာ လူစြမ္းေကာင္းေတြျဖစ္ေနနိုင္တဲ့အေၾကာင္း ဒီအျဖစ္အပ်က္ကေလးက ေဖာ္ျပေနတာဘဲ ျဖစ္ပါတယ္ေနာ္။Credit

Unicode…လူကုန်ကူးခံရသူမိန်းကလေးကို ကယ်တင်နိုင်ခဲ့တဲ့လေယာဉ်မယ်

ရှယ်လီယာ ဖရက်ဒရစ် (Shelia Fedrick) ဆိုတဲ့ အမျိုးသမီးကတော့ အလာစကာ (Alaska) လေကြောင်းလိုင်းမှာ အလုပ်လုပ်နေတဲ့လေယာဉ်မယ်တစ်ဦး ဖြစ်ပါတယ်။

တစ်နေ့မှာ သူမတာဝန်ကျနေတဲ့ ( ဆီယက်တယ်လ်က ဆန်ဖရန်စစ္စကို အသွား ) လေကြောင်းခရီးစဉ်မှာ ပုံမှန်မဟုတ်တာတစ်ခုရှိနေတာ သတိထားမိလိုက်တာဖြစ်ပါတယ်။ ခရီးသည်တွေထဲမှာ အသက် ၁၄ နှစ် ၊ ၁၅ နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့

လူကြီးလူကောင်းပုံစံ သားသားနားနားဝတ်ဆင်ထားတဲ့ အသက်ကြီးကြီးအမျိုးသားတစ်ယောက်တို့ အတူထိုင်နေတာကို သူမ မြင်ခဲရတာပါ။ ထူးခြားတာကတော့ ကလေးမလေးကြည့်ရတာ ဆိုးဆိုးရွားရွား စိတ်ထိခိုက်ကြောက်ရွံ့နေတဲ့ပုံပေါက်နေတာ ဖြစ်တယ် လို့ဆိူပါတယ်။

အဲဒါကြောင့် ရှယ်လီယာ ကလည်း သူတို့ဆီစကားသွားပြောရင်းနဲ့ အကဲခတ်ကြည့်တဲ့အခါမှာတော့ အတူပါလာတဲ့လူကြီးက ကြိုက်နှစ်သက်တဲ့ပုံမပြခဲ့ပါဘူးတဲ့။ အဲဒါနဲ့ ရှယ်လီယာရဲ့ သံသယလည်း ကြီးမားလာခဲ့ရတယ်။

လေယာဉ်မယ်ရှယ်လီယာဟာ မိန်းကလေးအိမ်သာဆီ ထလာတာမြင်တော့ အိမ်သာထဲကိုဦးအောင် သွားပြီး တော့ အဆင်မပြေရင်အကူညီတောင်းနိုင်တဲ့အကြောင်း ကို စာရွက်တစ်ရွက်ပေါ်မှာရေးပြီးတော့ မြင်သာတဲ့ နေရာမှာထားခဲ့တယ် ဆို့ ဆိုပါတယ်။ ကောင်မလေးကလည်း စာရွက်မှာသူမကို

ကယ်ဆယ်ပေးဖို စာပြန်ရေးထားခဲ့တာပါ။ အဲဒါနဲ့ ရှယ်လီယာဟာလေယာဉ်မောင်း pilot ကို အကြောင်းကြားပြီးတော့ အဲဒီကမှတဆင့် ရဲတပ်ဖွဲ့ကို အသိပေးနိုင်ခဲ့တာပါ။ ဒီလိုနဲ့ ဆန်ဖရန်စစ္စကို လေဆိပ်ကိုဆိုက်ရောက်တဲ့အခါမှာ တော့ အသင့်စောင့်နေတဲ့ရဲတပ်ဖွဲ့က မိန်းကလေးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်နော်။

ရှယ်လီယာသာ မကယ်ဆယ်နိုင်ခဲ့ရင် မိန်းကလေးကတော့ လိင်မှုလုပ်သားအဖြစ် ရောင်းစားခံရတော့မယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရတာပါ။

တကယ်တမါး စူပါဟီးရိုးဇာတ်လမ်းတွေထဲက လူစွမ်းကောင်းတွေလို စွမ်းအင်တွေ၊သိုင်းပညာတွေ ပိုင်ဆိုင်ထားမှ ကမ္ဘာကြီးကိုကယ်တင်နိုင်တာ ၊ အားနည်းသူတွေဘက်က ရပ်တည်ပေးနိုင်တာမဟုတ်ပါဘူးနော်။

ပတ်ဝန်းကျင်ကို သတိထားအကဲခတ်တတ်တဲ့အလေ့အကျင့်နဲ့ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်မှု၊ ပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ အများအပေါ်စေတနာထားချင်စိတ်ရှိရင် လူတိုင်းဟာ လူစွမ်းကောင်းတွေဖြစ်နေနိုင်တဲ့အကြောင်း ဒီအဖြစ်အပျက်ကလေးက ဖော်ပြနေတာဘဲ ဖြစ်ပါတယ်နော်။Credit

Add a Comment

Your email address will not be published. Required fields are marked *