Unicode…ကိုဗစ်ကူးစက်ခံရတဲ့ ဦးကျော်သူကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဆုတောင်းမေတ္တာပို့သလိုက်တဲ့ စီနွန်
ဆီနွန်ကတော့ မြန်မာနိုင်ငံသားတစ်ယောကမဟုတ်ပေမဲ့လည်း မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ပဲဖြစ်ပါတယ်နော်။
မြန်မာလူမျိုးတွေနဲ့ စိတ်နေစိတ်ထား တစ်ပါးသူအပေါ်စာနာတတ်ပြီးတော့ အခက်အခဲကြုံနေရတဲ့သူတွေကို ကူညီတတ်တဲ့စိတ်ထားကြောင့်ဘဲ မြန်မာပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ သူတစ်ယောက်ဘဲ ဖြစ်ပါတယ်နော်။
အောက်တိုဘာလ (၂၁)ရက်နေ့မှာ ပရဟိတလောကရဲ့ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ရလောက်တဲ့ မင်းသားကြီး ဦးကျော်သူတစ်ယောက် ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ သတင်းကိုကြားခဲ့ချိန်မှာတော့ စီနွန်တစ်ယောက်
တကယ် စိတ်မကောင်းဖြစ်နေခဲ့တာပါနော်။ ဦးကျော်သူကိုဗစ်ကူးစက်ခံလိုက်ရတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ Sending My Prayers to your Fast Recovery Sir Kyaw Thu. Bless You
ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တောင်ဆုပြုထားခဲ့တာဘဲ ဖြစ်ပါတယ်နော်။ဦးကျော်သူလို တန်ဖိုးရှိလှတဲ့ သူတစ်ယောက် အခုလို ကိုဗစ်ရောဂါကူးစက်ခံရတဲ့ သတင်းဆိုးကတော့ စီနွန်အပါအဝင်
ပရိသတ်တွေအတွက်တော့ တကယ်ကို စိတ်မကောင်းစရာပါနော်။ ဦးကျော်သူတစ်ယောက် အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဝိုင်းဝန်းဆုတောင်းပေးကြပါအူးနော်။credit-cele zone TV
Add a Comment
Your email address will not be published. Required fields are marked *