မိသားစုဝင္ေတြ ပို့ေဆာင္ခြင့္မရတဲ့ ဦးရန္ပိုင္စိုးရဲ့ေနာက္ဆုံးခရီးကို ေသေသခ်ုာခ်ာ စီစဥ္ေဆာင္ရြက္ေပးခဲ့တဲ့ ေအာင္ေသာ္နဲ႔ ေမတၱာျမင့္ျမတ္ဟိန္း

မိသားစုဝင္ေတြ ပို့ေဆာင္ခြင့္ မရတဲ့ ဦးရန္ပိုင္စိုးရဲ့ေနာက္ဆုံးခရီးကို ေကာင္းမြန္စြာ စီစဥ္ေဆာင္ရြက္ေပးခဲ့တဲ့ ေအာင္ေသာ္နဲ႔ ေမတၱာျမင့္ျမတ္ဟိန္း

ယေန့ ေအာက္တိုဘာလ (၂၁)ရက္ေန႔ကေတာ့ ပရိတ္သတ္ေတြခ်စ္ခင္မွုကိုရတဲ့ အႏုပညာရွင္တစ္ဦးဟာ လူ႔ေလာကႀကီးကေန ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္ေနာ္။

သူဟာ သ႐ုပ္ေဆာင္ အဆိုေတာ္ တစ္ဦးျဖစ္သလို အစီအစဥ္တင္ဆက္သူအျဖစ္လည္း လုပ္ကိုင္ခဲ့တဲ့ ဦးရန္ပိုင္စိုးပါ။ကိုဗစ္ေရာဂါေၾကာင့္ ကြယ္လြန္သြားတဲ့  ဦးရန္ပိုင္စိုးရဲ့ နာေရးသတင္းကေတာ့ အႏုပညာေလာကသားေတြသာမက

ပရိတ္သတ္ေတြ အားလုံးကိုပါ စိတ္မေကာင္းျဖစ္ေစခဲ့တာပါ။ဦးရန္ပိုင္စိုးအတြက္ကုိလည္း အႏုပညာရွင္အားလုံးက ဝမ္းနည္းေၾကကြဲေနၾကတာျဖစ္ျပီး စိတ္မေကာင္းျဖစ္ေနရေၾကာင္းကိုလည္း သူတို့ရဲ့ လူမွုကြန္ရက္စာမ်က္ႏွာမွတဆင့္

ကိုယ္စီေရးသား ေဖာ္ျပျကတာပါ။အခုလည္း Volunteer အျဖစ္ေဆာင္ရြက္ေနၾကတဲ့ လူရႊင္ေတာ္ေအာင္ေသာ္နဲ႔ ေမတၱာျမင့္ျမတ္ဟိန္းတို့က ဦးရန္ပိုင္စိုးရဲ့ နာေရးကိစၥေတြကို ဦးေဆာင္စီစဥ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္ေနာ္။

မိသားစုဝင္ေတြ လိုက္ပါပို့ေဆာင္ခြင့္မရတဲ့ ဦးရန္ပိုင္စိုးရဲ့ စ်ာပနခရီးကို ေအာင္ေသာ္တို့က ေသေသခ်ာခ်ာေလး ကူညီေဆာင္ရြက္ေပးခဲ့တာ ျဖစ္ပါတယ္ေနာ္။

ေအာင္ေသာ္ကေတာ့ ဘဝရဲ့ေနဝင္ခ်ိန္ကို ဒီလိုသြားရမလဲလို့ ဘယ္သူမွမသိနိုင္ဘူးေလ ။အစ္ကိုတာတူး (ေခၚ) အစ္ကိုရန္ပိုင္စိုးေရ ကၽြန္ေတာ္တို့ ဒီတိုက္ပြဲကို ေအာင္ျမင္ေအာင္ တိုက္ေနပါတယ္ အစ္ကိုေရ လိုက္ပါပို့ေဆာင့္ေပးခြင့္ရတာကိုပဲ

ေက်းဇူးအထူးတင္ရွိပါတယ္။ Aung Thaw 5 Stars ဆိုၿပီးေရးသားခဲ့တာပါ။ေမတၱာျမင့္ျမတ္ဟိန္းကလည္း ကၽြန္ေတာ္တို့ Golden Middle Way (GMW) အသင္းရဲ့ Covid ေရာဂါပိုး ကာကြယ္တိုက္ဖ်က္ရင္းက ကူညီေဆာင္ရြက္ေပးမိတဲ့ လမ္းေၾကာင္းေလးတစ္ခု စိတ္မေကာင္းျခင္းမ်ားစြာျဖင့္

ေလးေလး ရန္ပိုင္စိုး ေကာင္းရာမြန္ရာေရာက္ပါေစ။ Covid ေရမင္းေတာ္သင့္ၿပီေနာ္ ဆိုၿပီးေတာ့ ေျပာခဲ့တာပါ။ဦးရန္ပိုင္စိုးရဲ့ ေနာက္ဆုံးခရီးက ပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။မိသားစုနဲ့ ထပ္တူေျကကဲြရပါတယ္။credit

Unicode…မိသားစုဝင်တွေ ပို့ဆောင်ခွင့် မရတဲ့ ဦးရန်ပိုင်စိုးရဲ့နောက်ဆုံးခရီးကို ကောင်းမွန်စွာ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ အောင်သော်နဲ့ မေတ္တာမြင့်မြတ်ဟိန်း

ယနေ့ အောက်တိုဘာလ (၂၁)ရက်နေ့ကတော့ ပရိတ်သတ်တွေချစ်ခင်မှုကိုရတဲ့ အနုပညာရှင်တစ်ဦးဟာ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်နော်။

သူဟာ သရုပ်ဆောင် အဆိုတော် တစ်ဦးဖြစ်သလို အစီအစဉ်တင်ဆက်သူအဖြစ်လည်း လုပ်ကိုင်ခဲ့တဲ့ ဦးရန်ပိုင်စိုးပါ။ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့  ဦးရန်ပိုင်စိုးရဲ့ နာရေးသတင်းကတော့ အနုပညာလောကသားတွေသာမက

ပရိတ်သတ်တွေ အားလုံးကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာပါ။ဦးရန်ပိုင်စိုးအတွက်ကိုလည်း အနုပညာရှင်အားလုံးက ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပြီး စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့်

ကိုယ်စီရေးသား ဖော်ပြကြတာပါ။အခုလည်း Volunteer အဖြစ်ဆောင်ရွက်နေကြတဲ့ လူရွှင်တော်အောင်သော်နဲ့ မေတ္တာမြင့်မြတ်ဟိန်းတို့က ဦးရန်ပိုင်စိုးရဲ့ နာရေးကိစ္စတွေကို ဦးဆောင်စီစဉ်ပေးခဲ့ကြတာ ဖြစ်ပါတယ်နော်။

မိသားစုဝင်တွေ လိုက်ပါပို့ဆောင်ခွင့်မရတဲ့ ဦးရန်ပိုင်စိုးရဲ့ ဈာပနခရီးကို အောင်သော်တို့က သေသေချာချာလေး ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်နော်။

အောင်သော်ကတော့ ဘဝရဲ့နေဝင်ချိန်ကို ဒီလိုသွားရမလဲလို့ ဘယ်သူမှမသိနိုင်ဘူးလေ ။အစ်ကိုတာတူး (ခေါ်) အစ်ကိုရန်ပိုင်စိုးရေ ကျွန်တော်တို့ ဒီတိုက်ပွဲကို အောင်မြင်အောင် တိုက်နေပါတယ် အစ်ကိုရေ လိုက်ပါပို့ဆောင့်ပေးခွင့်ရတာကိုပဲ

ကျေးဇူးအထူးတင်ရှိပါတယ်။ Aung Thaw 5 Stars ဆိုပြီးရေးသားခဲ့တာပါ။မေတ္တာမြင့်မြတ်ဟိန်းကလည်း ကျွန်တော်တို့ Golden Middle Way (GMW) အသင်းရဲ့ Covid ရောဂါပိုး ကာကွယ်တိုက်ဖျက်ရင်းက ကူညီဆောင်ရွက်ပေးမိတဲ့ လမ်းကြောင်းလေးတစ်ခု စိတ်မကောင်းခြင်းများစွာဖြင့်

လေးလေး ရန်ပိုင်စိုး ကောင်းရာမွန်ရာရောက်ပါစေ။ Covid ရေမင်းတော်သင့်ပြီနော် ဆိုပြီးတော့ ပြောခဲ့တာပါ။ဦးရန်ပိုင်စိုးရဲ့ နောက်ဆုံးခရီးက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။မိသားစုနဲ့ ထပ်တူကြေကွဲရပါတယ်။credit

Add a Comment

Your email address will not be published. Required fields are marked *