ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားတဲ့ ဦးရန်ပိုင်စိုးအတွက် ဝမ်းနည်းစကားဆိုလာတဲ့ မြန်မာတေးသံရှင်ပန်းအိဖြူ
Unicode…ဦးရန်ပိုင်စိုး သေဆုံးသွားတဲ့အပေါ်မှာ ဝမ်းနည်းစကားဆိုခဲ့တဲ့ မြန်မာတေးသံရှင် ပန်းအိဖြူ
ယနေ့ ၂၁.၁၀.၂၀၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ် အချိန်တွင် တေးသံရှင် ဦးရန်ပိုင်းစိုး တစ်ယောက် ကွယ်လွန်သွားခဲ့တာဘဲ ဖြစ်ပါတယ်။
ဦးရန်ပိုင်စိုး ကွယ်လွန်သွားတဲ့ အတွက်ကြေင့် မြန်မာသံကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးနဲ့ အနုပညာရှင် မောင်နှမများလည်း ဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။
အဲ့လိုမျိုး ဦးရန်ပိုင်စိုး သေဆုံးသွားတဲ့ အပေါ်မှာ မြန်မာသံစဉ်တွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြီးတော့ ပရိသတ် အားပေးမှုတွေ ရခဲ့တဲ့ တေးသံရှင် ပန်းအိဖြူမှလည်း အခုလို ဝမ်းနည်း ကြေကွဲစကားလေး ပြောကြားလာတာဖြစ်ပါတယ်။
ပန်းအိဖြူက ဦးလေးရေ သမီး မယုံနိုင်ဘူး မယုံချင်ဘူး။ ဒီလိုကြီး ခွဲခွာရမယ်လို့ ဘယ်လိုမှ ထင်မထားခဲ့ဘူး။စိတ်စေတနာ ကောင်းပြီး စိတ်သဘောထား ဖြူစင်လွန်းတဲ့ ဦးလေးကိုမှ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရတာလား။
သမီးသားလေး မွေးတုန်းကတောင် အားရဝမ်းသာနဲ့ ဖုန်းလေးဆက်ပြီး အားပေး နှစ်သိမ့်ခဲ့တဲ့ ဦးလေး ။သမီးသားလေး ရှင်ပြုရင် အခမ်းအနားမှူးလုပ်ရဦးမယ်လို့ ပီတိစကားပြောခဲ့တဲ့ ဦးလေး ဆုံတွေ့တိုင်း အမြဲ ပျော်ပျော်နေတတ်ပြီး
သူတစ်ပါးကို ရယ်မော ပျော်ရွှင်စေခဲ့တဲ့ ဦးလေး။ သမီးတို့မောင်နှမတွေ အရမ်းချစ်ရတဲ့ ဦးလေး။မင်္ဂလာပွဲတွေ အလှူပွဲတွေ ပြန်ကျင်းပလို့ သီချင်းတွေ ပြန်ဆိုကြတဲ့အခါ သမီးတို့ အရင်လို ပြန်မဆုံနိုင်တော့ပါလား ဦးလေးရယ် ။
သမီး ဘယ်လိုဖြေသိမ့်ရမလဲ။ သမီး အဖေတစ်ယောက် ဆုံးရှုံးရသလိုပဲ နှမြောဝမ်းနည်းမိပါတယ် ဦးလေးရယ် လို့ဆိုပြီးတော့ သူမရဲ့ facebook စာမျက်နှာမှာ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်နော်။ဖတ်ရူပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွင်ဖွယ် နေ့တေကို ပိုင်ဆိုင်နိုင်ပါစေ။Credit
Add a Comment
Your email address will not be published. Required fields are marked *