ကိုယ်ကျိုးမငဲ့ဘဲ အများကျိုးကို ဆောင်ရွက်ရင်း ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ ဦးကျော်သူ
Unicode…နာရေးကူညီမူအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူရဲ့ စိတ်မကောင်းစရာ သတင်း
ဒီဝန်ထမ်းဟာ ကျွန်တော်နဲ့ထိတွေ့ထားတဲ့ အတွက် သေချာအောင်လုပ်နေပါတယ်။ အခုချိန်ကလည်း ဝန်ထမ်းအင်အားလျှော့နေတော့ ကိုယ်တိုင်လည်း အလုပ်ဝင်လုပ်နေရတာပါ အဲဒီအတွက်ကြောင့် အခြားသူတွေမထိအောင်
ကျွန်တော်တို့သေသေချာချာလုပ်ဆောင်ရမယ်။ နောက်သုံးရက်လောက်ဆို ဆေးစစ်ပါ့မယ် ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောခဲ့ပြီးHome Quarantine ဝင်နေတဲ့ ဦးကျော်သူနှင့် ဝန်ထမ်းအချို့ကို
swab ယူ စစ်ဆေးခဲ့ရာ ဒီနေ့မှာတော့ ဦးကျော်သူနှင့်ဝန်ထမ်း၃ယောက်တွင် ပိုးတွေ့ရှိခဲ့ကြောင်း စိတ်မကောင်းစွာကြားသိရပါတယ်။အဲဒီ အကြောင်းရာနဲ့ ပက်သက်ပြီးတော့ ဦးကျော်သူက
ငါမရှိရင် ငါ့ထက် ရဲရဲကြီး ပေးဆပ်ရဲသူ ရောက်လာလိမ့်မယ်။ငါမရှိရင် ငါ့ထက်သီလလုံခြုံ သစ္စာဆိုရဲသူ ရောက်လာလိမ့်မယ်။ငါမရှိရင် ငါတို့ချမှတ်ခဲ့တဲ့ ပရဟိတအုတ်မြစ် အဆောက်အဦးက ဒီထက်ပိုပြီး ခိုင်မာ၊မြင့်မား၊တိုးတက် လာလိမ့် မယ်။
အားလုံးကို ကြိုတင်ပြင်ဆင် ထားမှုက ခေါင်းဆောင်တွေ ရဲ့ အလုပ်။အေး….မင်းတို့ဖက်က ညီညွတ်ကြ ဖို့ပဲလိုတယ်။ဒါပဲ…ကျော်သူ ဆိုပြီးရေးသားထားတာဖြစ်ပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *