နောက်တစ်ပတ် သောကြာနေ့မှာ ကြည့်ရှူရတော့မယ့် အောင်လနဲ့ စိန်ခေါ်သူ ဒီရစ်ဒါ တို့ရဲ့ပွဲကြီးပွဲကောင်း
ဘရာဇီးတိုက်ခိုက်ရေးသမားကို အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier ဟာ မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့အတွက် စိန်ခေါ်ခဲ့တာ ဘဲဖြစ်ပါတယ်နော်။
Unicode…နောက်တစ်ပတ် သောကြာနေ့မှာ ကြည့်ရှူရတော့မယ့် အောင်လနဲ့ စိန်ခေါ်သူ REINIER တို့ရဲ့ပွဲကြီးပွဲကောင်း
ဘရာဇီးတိုက်ခိုက်ရေးသမားကို အနိုင်ယူခဲ့တဲ့ ဒတ်ချ်လူမျိုးတိုက်ခိုက်ရေးသမား Reinier ဟာ မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်းရဲ့ One မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပက်ကိုလုယူဖို့အတွက် စိန်ခေါ်ခဲ့တာ ဘဲဖြစ်ပါတယ်နော်။
အခုလာမယ့်သောကြာနေ့ကတော့ စိန်ခေါ်သူ Reinier နဲ့ မြန်မာ့စပါးအုံးကြီးတို့ စင်္ကါပူနိုင်ငံမှာထိုးသတ်ကြတော့မှာဘဲ ဖြစ်ပါတယ်နော်။Reinier ကတော့ အောင်လ မင်းအဆင်သင့်ပဲလား။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ရွေးလိုက်စမ်းပါ
ပြောင်ပြောင်လက်လက်ခါးပက်ကိုတော့ သေချာသိမ်းထားပါ ငါလာယူမှာမို့လိုပါ ဆိုပြီးတော့ စင်ပေါ်ကနေ စိန်ခေါ်ခဲ့တာကြောင့် အောင်လကပြန်လက်ခံပြီးတော့ အခုဆိုရင်တော့  ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပါ။
အောင်လကလည်း ကျွန်တော့ရဲ့ ချန်ပီယံခါးပက်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Reinier ကို ဂုဏ်ပြုပါတယ်။ သိပ်ကြာခင်အချိန်အတွင်းမှာ ချန်ပီယံခါးပက်အတွက်ကြိုးဝိုင်းမှာ
ထိုးသတ်ကြရဖို့ကိုမျှော်လင့်နေပါတယ် လို့ ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုတုန့်ပြန်ခဲ့တာဘဲ ဖြစ်ပါတယ်။ Reinier ကတော့ အသက် (၃၀) ရှိပြီးတော့ အရပ်က ၆ပေ ၄လက္မ ဖြစ်ကာ ကိုယ်အလေးချိန် ၁၈၅ပေါင်ဖြစ်ပါတယ်နော်။
One Championship မှာထိုးသတ်ထားခဲ့တဲ့ ၁၂ပွဲစလုံးမှာ ရှုံးပွဲမရှိသေးပါဘူး။ အောင်လကတော့ အသက် (၃၄)နှစ်ရှိပြီး အရပ်က ၆ပေ ၁လက္မရှိကာ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်မှာ ချန်ပီယံခါးပတ်ကိုသိမ်းပိုက်ထားသူပါနော်။
နောက်ဆုံးထိုးသတ်ထားတဲ့ (၇)ပွဲစလုံး ရှုံးပွဲလုံးဝမရှိထားသူပါ။ ဒီလ (၃၀)ရက်နေ့မှာတော့ Singapore ယှဉ်ပြိုင် ထိုးသတ်ကြတော့မှာပါ။Reinierက အောင်လထပ်အရပ်အမောင်းသာလွန်ပေမယ့်လည်း
ပါဝါနဲ့ကြံ့ခိုင်မှုကတော့ကျွန်တော်တို့ရဲ့အချစ်တော် မြန်မာ့စပါးအုံးကြီးက အများကြီးကိုသာလွန်နေတာပါနော်။ အထသေးလို့မရပေမယ့်လည်း ဒီပွဲကအောင်လအတွက်လုံးဝ
စိတ်ပူစရာမရှိတဲ့ပွဲပါနော်။ ပထမအချီတတောင် ပွဲသိမ်းသွားနိုင်ပါတယ် အလွန်ဆုံးထိုးရမှ ဒုတိယအချီပါပဲ။ အောင်လနိုင်ကိုနိုင်ရမယ်။ ပရိတ်သတ်ကြီးလည်း အောင်လရဲ့ ပွဲကို မျော်လင့်နေပြီ ထင်ပါတယ်နော်။ခရက်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *