၁၇ နွစ္လံုး သစၥာရွိၿပီးတာဝန္ေက်ခဲ့တဲ့ အိမ္အကူအမ်ိဳးသမီးကို ပီတိမ်က္ရည္က်ေစတဲ့ လက္ေဆာင္ေပးခဲ့တဲ့ ဖိလစ္ပိုင္မင္းသမီး

၁၇ နွစ္လံုး သစၥာရွိၿပီးတာဝန္ေက်ခဲ့တဲ့ အိမ္အကူအမ်ိဳးသမီးကို ပီတိမ်က္ရည္က်ေစတဲ့ လက္ေဆာင္ေပးခဲ့တဲ့ ဖိလစ္ပိုင္မင္းသမီး

ဖိလစ္ပိုင္ႏုိင္ငံရဲ႕ နာမည္ေက်ာ္မင္းသမီး Dimples Romana ကေတာ့ သူမကို သမီးအရင္းလုိ မ်ဳိး ေစာင့္ေရွာက္တဲ့ အိမ္အကူအမ်ိဳးသမီးႀကီးကို ဝမ္းသာမ်က္ရည္ က်ေစခဲ့ပါတယ္ေနာ္။

အဲဒါကေတာ့ မင္းသမီး Romana နဲ႔ ခင္ပြန္း Boyet Ahmee တုိ႔က အိမ္အကူအမ်ိဳးသမီးႀကီးကို တန္းဖုိးႀကီးလက္ေဆာင္ ေပးခဲ့တဲ့အတြက္ ဝမ္းသာမ်က္ရည္ က်စရာျဖစ္ေစခဲ့တာပါေနာ္။အိမ္အကူအမ်ိဳးသမီးႀကီးရဲ႕အမည္ကေတာ့

Vilma သုိ႔မဟုတ္ Ate V လုိ႔ ေခၚပါတယ္ေနာ္။ သူမဟာ မင္းသမီး Romana ဆီမွာ အိမ္အကူအလုပ္ေတြ လုပ္ေနတာ အခ်ိန္အားျဖင့္ (၁၇)ႏွစ္ ရွိခဲ့ျပီဘဲ ျဖစ္ပါတယ္။ Romana ကေတာ့ အခုမွာ အသက္(၃၅)ႏွစ္ျဖစ္ၿပီးေတာ့

သူမကုိ အသက္(၁၈)ႏွစ္အရြယ္ကတည္းက Vilma နဲ႔ ခင္မင္ရင္းနီးခဲ့ျပီး အခုဆုိ အေဒၚအရင္းတစ္ေယာက္လုိ မိခင္အရင္းတစ္ေယာက္လုိ ျဖစ္ေနပါၿပီတဲ့ေနာ္။Romana နဲ႔ Boyet တုိ႔ဟာ သူတုိ႔အေပၚ ေက်းဇူးမ်ားတဲ့ Vilma ကို

လွည့္ဖ်ားေခၚလာခဲ့တာဘဲ ျဖစ္ပါတယ္။ အိမ္ဝယ္တာကို လုိက္ၾကည့္ေပးဖုိ႔ ေျပာခဲ့တာျဖစ္ပါတယ္ေနာ္။ အိမ္ဝယ္မယ္ဆုိ ဘယ္လုိေနရာမ်ိဳးကို ႀကိဳက္မလဲ အႀကံဉာဏ္ေတာင္းေတာ့ Vilma အေနနဲ႔ မင္းသမီးစုံတြဲက အိမ္အသစ္ဝယ္မယ္ထင္ၿပီး၊

သူမ သေဘာက်တဲ့ ရပ္ကြက္ကို ေျပာခဲ့တာျဖစ္ပါတယ္။အိမ္ေလးကေတာ့ (၂)ထပ္အိမ္ေလးျဖစ္ၿပီးေတာ့ သုံးေယာက္သား ေပ်ာ္ေပ်ာ္ပါးပါး စရင္းေနာက္ရင္းနဲ႔ တစ္ခန္းဝင္ တစ္ခန္းထြက္ ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ Romana ဟာ

သူမသြားေလရာ ကင္မရာမန္းေခၚသြားလုိ႔ အန္တီႀကီး Vilma အတြက္ေတာ့ ထူးဆန္းတဲ့ကိစၥ မဟုတ္ပါဘူးတဲ့။ အိမ္ကိုလွည့္ပတ္ၾကည့္ေနစဥ္မွာပဲ Vilma ကေတာ့ ဘာကေကာင္းတယ္၊ မေကာင္းဘူး စသျဖင့္ သူမဝသီအတုိင္း ေဝဖန္ေနခဲ့တာ

ျဖစ္ပါတယ္။ေနာက္ဆုံးေတာ့ အိမ္ေလးက မဆုိးဘူး စသျဖင့္ ခ်ီးက်ဴးသံကို ၾကားရခ်ိန္မွ Romana တုိ႔စုံတြဲက သူမကို Surprise လုပ္ခဲ့တာျဖစ္ပါတယ္တဲ့။ Vilma အဖုိ႔ကေတာ့  ဒီအိမ္ကို ပိုင္ဆုိင္ရမယ္ဆုိတာ

သိသိခ်င္း ဝမ္းသာလြန္းလုိ႔ ငုိခဲ့တာပါ။ Romana အေနနဲ႔လည္း မ်က္ရည္ပီတိေတြ ျဖစ္ခဲ့ရသလုိ၊ ခင္ပြန္း Boyet ပင္လွ်င္ မ်က္ရည္လည္ခဲ့ရပါတယ္။ အဲ့ဒီ ဗြီဒီယုိေလးကို ေအာက္တုိဘာ (၁၆)ရက္က Romana ရဲ႕ ဘေလာ့ဂ္မွာ တင္ခဲ့တာပါ။

ေနာက္ပုိင္းမွာ ဝမ္းသာလြန္းတဲ့ Vilma က သူမအေနနဲ႔ ဒီမွာအလုပ္လုပ္ရတာ ေပ်ာ္ေၾကာင္း၊ အားလုံးဟာ သေဘာမေနာေကာင္းၾကလုိ႔ ဘယ္ကေန အျပစ္ရွာၿပီးေျပာရမလဲဆုိတာေတာင္

မသိေၾကာင္း၊ သူမ မိသားစုကုိလည္း ၾကည့္ေပးတဲ့အျပင္ အားလုံးနဲ႔ သားအမိသံေယာဇဥ္လုိ ရွိလာခဲ့တာေၾကာင့္ အလုပ္အသစ္ရွာဖုိ႔ကိုေတာင္ မစဥ္းစားခဲ့မိဘူးလုိ႔  ဆိုခဲ့တာဘဲ ျဖစ္ပါတယ္ေနာ္။ တစ္ဦးက ေစတနာ တစ္ဦးက ေမတၱာဘဲ ျဖစ္ပါတယ္ေနာ္။လင္းေဇာ္ကို

Ref ; EliteReaders

Unicode…၁၇ နှစ်လုံးတွက် သစ္စာရှိပြီးတာဝန်ကျေခဲ့တဲ့ အိမ်အကူအမျိုးသမီးကို ပီတိမျက်ရည်ကျစေတဲ့ လက်ဆောင်ပေးခဲ့တဲ့ ဖိလစ်ပိုင်မင်းသမီး

ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်ကျော်မင်းသမီး Dimples Romana ကတော့ သူမကို သမီးအရင်းလို မျိုး စောင့်ရှောက်တဲ့ အိမ်အကူအမျိုးသမီးကြီးကို ဝမ်းသာမျက်ရည် ကျစေခဲ့ပါတယ်နော်။

အဲဒါကတော့ မင်းသမီး Romana နဲ့ ခင်ပွန်း Boyet Ahmee တို့က အိမ်အကူအမျိုးသမီးကြီးကို တန်းဖိုးကြီးလက်ဆောင် ပေးခဲ့တဲ့အတွက် ဝမ်းသာမျက်ရည် ကျစရာဖြစ်စေခဲ့တာပါနော်။အိမ်အကူအမျိုးသမီးကြီးရဲ့အမည်ကတော့

Vilma သို့မဟုတ် Ate V လို့ ခေါ်ပါတယ်နော်။ သူမဟာ မင်းသမီး Romana ဆီမှာ အိမ်အကူအလုပ်တွေ လုပ်နေတာ အချိန်အားဖြင့် (၁၇)နှစ် ရှိခဲ့ပြီဘဲ ဖြစ်ပါတယ်။ Romana ကတော့ အခုမှာ အသက်(၃၅)နှစ်ဖြစ်ပြီးတော့

သူမကို အသက်(၁၈)နှစ်အရွယ်ကတည်းက Vilma နဲ့ ခင်မင်ရင်းနီးခဲ့ပြီး အခုဆို အဒေါ်အရင်းတစ်ယောက်လို မိခင်အရင်းတစ်ယောက်လို ဖြစ်နေပါပြီတဲ့နော်။Romana နဲ့ Boyet တို့ဟာ သူတို့အပေါ် ကျေးဇူးများတဲ့ Vilma ကို

လှည့်ဖျားခေါ်လာခဲ့တာဘဲ ဖြစ်ပါတယ်။ အိမ်ဝယ်တာကို လိုက်ကြည့်ပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်နော်။ အိမ်ဝယ်မယ်ဆို ဘယ်လိုနေရာမျိုးကို ကြိုက်မလဲ အကြံဉာဏ်တောင်းတော့ Vilma အနေနဲ့ မင်းသမီးစုံတွဲက အိမ်အသစ်ဝယ်မယ်ထင်ပြီး၊

သူမ သဘောကျတဲ့ ရပ်ကွက်ကို ပြောခဲ့တာဖြစ်ပါတယ်။အိမ်လေးကတော့ (၂)ထပ်အိမ်လေးဖြစ်ပြီးတော့ သုံးယောက်သား ပျော်ပျော်ပါးပါး စရင်းနောက်ရင်းနဲ့ တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်နေခဲ့တာဖြစ်ပါတယ်။ Romana ဟာ

သူမသွားလေရာ ကင်မရာမန်းခေါ်သွားလို့ အန်တီကြီး Vilma အတွက်တော့ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူးတဲ့။ အိမ်ကိုလှည့်ပတ်ကြည့်နေစဉ်မှာပဲ Vilma ကတော့ ဘာကကောင်းတယ်၊ မကောင်းဘူး စသဖြင့် သူမဝသီအတိုင်း ဝေဖန်နေခဲ့တာ

ဖြစ်ပါတယ်။နောက်ဆုံးတော့ အိမ်လေးက မဆိုးဘူး စသဖြင့် ချီးကျူးသံကို ကြားရချိန်မှ Romana တို့စုံတွဲက သူမကို Surprise လုပ်ခဲ့တာဖြစ်ပါတယ်တဲ့။ Vilma အဖို့ကတော့  ဒီအိမ်ကို ပိုင်ဆိုင်ရမယ်ဆိုတာ

သိသိချင်း ဝမ်းသာလွန်းလို့ ငိုခဲ့တာပါ။ Romana အနေနဲ့လည်း မျက်ရည်ပီတိတွေ ဖြစ်ခဲ့ရသလို၊ ခင်ပွန်း Boyet ပင်လျှင် မျက်ရည်လည်ခဲ့ရပါတယ်။ အဲ့ဒီ ဗွီဒီယိုလေးကို အောက်တိုဘာ (၁၆)ရက်က Romana ရဲ့ ဘလော့ဂ်မှာ တင်ခဲ့တာပါ။

နောက်ပိုင်းမှာ ဝမ်းသာလွန်းတဲ့ Vilma က သူမအနေနဲ့ ဒီမှာအလုပ်လုပ်ရတာ ပျော်ကြောင်း၊ အားလုံးဟာ သဘောမနောကောင်းကြလို့ ဘယ်ကနေ အပြစ်ရှာပြီးပြောရမလဲဆိုတာတောင်

မသိကြောင်း၊ သူမ မိသားစုကိုလည်း ကြည့်ပေးတဲ့အပြင် အားလုံးနဲ့ သားအမိသံယောဇဉ်လို ရှိလာခဲ့တာကြောင့် အလုပ်အသစ်ရှာဖို့ကိုတောင် မစဉ်းစားခဲ့မိဘူးလို့  ဆိုခဲ့တာဘဲ ဖြစ်ပါတယ်နော်။ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာဘဲ ဖြစ်ပါတယ်နော်။လင်းဇော်ကို

Ref ; EliteReaders

Add a Comment

Your email address will not be published. Required fields are marked *