စမူဆာသည် အဖိုးကြီးကပေးတဲ့ ဘဝရဲ့ သင်ခန်းစာ

စမူဆာသည် အဖိုးကြီးကပေးခဲ့တဲ့ ဘဝအတွက် သင်ခန်းစာ

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ရှိတယ်။ စမူဆာလေးတွေက အရသာ အလွန်ရှိတာကြောင့် လူကြိုက်များတယ်။စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာကုမ္ပဏီကြီး တစ်ခုရှိပါတယ်နော်။

နေ့လည်စာ စားချိန်မှာ ကုမ္ပဏီ ဝန်ထမ်းတွေဟာ အဲဒီ ဆိုင်မှာ လာစား လေ့ ရှိကြတာပါ။ တစ်ရက်မှာ နေ့လည်စာ စားချိန်မှာ ကုမ္ပဏီ မန်နေဂျာကိုယ်တိုင် နာမည်ကြီး စမူဆာကို ဝယ်စားတယ်။အရသာရှိတာကြောင့် စမူဆာကို ပါဆယ်ထုပ်သွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း ဆိုင်ရှင်နဲ့ စကားစမြည်

ပြောကြည့်နေတယ်။ မန်နေဂျာ ကနေ ဆိုင်ရှင် အဘိုးကြီး ကို စမေးလိုက်တယ်။ ဦးလေး ဒီလောက် လက်ရာကောင်းတဲ့ စမူဆာကို ကျွန်တော်ဖြင့် ဒီတစ်သက်တစ်ခါမှ မစားဖူးဘူးဗျာ။ ပြီးတော့ ဆိုင်အပြင်အဆင်နဲ့ အခင်းအကျင်းကလည်း တကယ့်ကို သပ်သပ်ရပ်ရပ်နဲ့ ရှိတယ်။

ဦးလေး အုပ်ချုပ်စီမံမှု တကယ်ကောင်းတယ်ဗျာ။ဟဲဟဲ ထင်တာပြောမယ်နော် ။အကယ်၍ ဦးလေးသာစမူဆာ မရောင်းပဲ ကုမ္ပဏီမှာ အလုပ်ဝင်လုပ် ခဲ့ရင် ခုချိန်မှာ ကျွန်တော့် လိုမျိုး မန်နေဂျာတစ်ယောက်တော့ ကောင်းကောင်း ဖြစ်လောက်တယ်ဗျ။

နှိမ်ပြောတာတော့မဟုတ်ဘူးနော် ဟဲဟဲ။အဘိုးကြီးက ပြုံးပြတယ်။ ပြီးတာနဲ့သူကြော်လက်စ စမူဆာ တွေဆက်ကြော်ရင်း ပြန်ဖြေခဲ့တယ်။ မနှိမ်ပါဘူး ဆရာရယ်။ ဘာလို့ မနှိမ်ဘူးလို့ မြင်ရတာလဲ ဆိုတော့ ကျုပ်အလုပ်က ဆရာ့အလုပ်ထက်ကို အဆမတန် ကောင်းနေတာကိုးဗျ။ဘာ့ကြောင့်လဲ သိလား ။

လှောင်တဲ့အသံနဲ့ မန်နေဂျာက ရယ်ရင်း  ပြောကြည့်ပါဦး ဦးလေးရယ် ။နားထောင် ပေးရတာပေါ့။အဘိုးကြီး က ဒီလိုလေဗျာ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ကျုပ်ဟာ ဒီနေရာလေးမှာပဲ စမူဆာ ရောင်းခဲ့တာ။ အဲဒီတုန်းကတော့ ဗန်းနဲ့ ကြော်ရောင်းတာ ပေါ့ဗျာ။ ဆိုင်တွေဘာတွေနဲ့ ခုလို ဘယ် ဖြစ်လာဦးမလဲ။

တစ်ချိန်တည်းမှာပဲ မောင်ရင်ဟာ အဲဒီကုမ္ပဏီမှာ အလုပ် စလုပ်တယ်။ ဒါ့ကြောင့် မောင်ရင့်ကိုကျုပ် ကောင်းကောင်းကြီးမှတ်မိနေတာပါ။ ကျုပ်ဟာ အဲဒီတုန်းက တစ်လကို ရူပီးတစ်ထောင် ဝင်ငွေ ရှိတယ် ။

မောင်ရင်ကရော လစာ ဘယ်လောက်ရခဲ့လဲ။မန်နေဂျာ – စလုပ်လုပ်ချင်းတုန်းက ရူပီး တစ်သောင်းပါ ဦးလေး။ပြီးတော့ အောက်ခြေ ဝန်ထမ်းပါ။ အဘိုးကြီး ဟုတ်ပြီ။ ခု ၁၀ နှစ်ဆိုတဲ့ကာလကို ကျုပ်တို့တွေ ဖြတ်သန်းပြီးတဲ့နောက် ဘာတွေအရာထင် ကျန်ခဲ့သလဲ။ ကျုပ်ဟာ စမူဆာ ဆိုင်တစ်ဆိုင် ပိုင်လာတယ်။

စမူဆာ ဝါလား ဆိုင် ဆိုတဲ့ နာမည်နဲ့လည်း လူသိများနေပြီ။မောင်ရင်ကလည်း အောက်ခြေကနေ မန်နေဂျာ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ ကဲ အခုရော မောင်ရင်လစာ ဘယ်လောက်ရသလဲ ။မန်နေဂျာ – ရူပီး တစ်သိန်း ဝန်းကျင်လောက် ရှိပါမယ် ဦးလေး။

အဘိုးကြီး က ကျုပ်ဟာလည်း တစ်လတစ်လေတော့ ရူပီး ၁ သိန်း ရခဲ့သလို တချို့လတွေမှာ ဆိုရင်တော့ တစ်သိန်း ကျော်ပါတယ်။ ဒီ အဆင့်အထိ ကျုပ်တို့ကြည့်မယ် ဆိုရင်တောင် မောင်ရင့် လုပ်အားနဲ့ ကျုပ်လုပ်အား အဆင့်ဟာ မကွာတော့ပါဘူး။

ဒါပေမဲ့ ကျုပ်ဟာ မောင်ရင့်ထက် သာပါတယ်၊ ဘာ့ကြောင့်လဲဆိုရင် ကလေးတွေရဲ့ အနာဂတ် ကြောင့် ဖြစ်တယ်။မန်နေဂျာ ဘယ်လို၊ ဘယ်လို၊ ရှင်းပြပါဦး ဦးလေးရဲ့။ အဘိုးကြီး- ခုပြောတာလေးကို သေချာနားထောင်ပါ မောင်ရင်။

ကျုပ်ဟာ ဘဝနာခဲ့ရတယ်၊ ဗန်းနဲ့ရွက်ကြော်ခဲ့ရတဲ့ ဘဝက စလို့ ခုလိုဖြစ်လာတဲ့အထိ ပင်ပန်းခဲ့ရတာတွေ အများကြီးပါ။ ဒါတွေကို ကျုပ် သားဟာ ပြန်ကျော်ဖြတ်စရာ မလိုတော့ဘူး။သူ့အနေနဲ့ ပညာကို ကောင်းကောင်းသင်ပြီး သူ့ပညာနဲ့ တော်တဲ့ အလုပ်တစ်ခုကို လုပ်ချင်လုပ်၊ မလုပ်ချင်လဲ တစ်နေ့ကျရင်

မိဘအလုပ်ဝင်လုပ်ချင်တယ်ဆိုရင် ကျုပ်က အသာအယာ လက်လွှဲလိုက်ရုံပဲတဲ့။ ကျုပ်ရှာသမျှ ငွေဟာ သူ့အတွက် ဖြစ်တယ်။သူဘယ်တော့မှ သုညဆိုတဲ့ အဆင့်က စဖို့ မလိုတော့ဘူး။မောင်ရင် ရှာသမျှငွေကရော ဘယ်သူ့အတွက်လဲ။

မောင်ရင့် သား သမီး အတွက်လား။ ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သားသမီး အတွက်လား။ မောင်ရင့် ထိုင်ခုံကိုရော သူတို့ကို လက်လွှဲခဲ့လို့ ရသလားတဲ့။ဘယ်ရလိမ့်မလဲကွယ် ။သူတို့လိုချင်ရင် သူတို့ အဖေ လွန်ခဲ့တဲ့ ဆယ်နှစ်က လျှောက်ခဲ့ရတဲ့ လမ်းအတိုင်း အစအဆုံးထပ်လျှောက် ရတော့မှာ မဟုတ်လား။

သူတို့ လျှောက်နေချိန်မှာတော့ ကျုပ်သားဟာ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခုချဲ့ထွင်နေမှာ။ သူတို့ဟာ အဖေ့လို မန်နေဂျာ ဖြစ်တဲ့အချိန်မှာတော့ ကျုပ်သားဟာ လိုက်လို့မမှီအောင်ကို ဟိုးထိပ်ကို ရောက် နေလောက်ပြီတဲ့ ။

ကဲ ဒီတော့ မောင်ရင်ပဲ ကျုပ်ကိုပြောပြပါတဲ့။ ဘယ်သူဟာ အနာဂတ်အတွက် အလုပ်လုပ်နေပြီးတော့၊ ဘယ်သူကတော့ အချိန်တွေကို ဖြုန်းပစ်နေသလဲဆိုတာကိုတဲ့ ။စမူဆာ ၅ ခုဖိုးကို စားပွဲပေါ်တင်ပေးပြီးတော့ မန်နေဂျာကတော့ တစ်ခွန်းမှ မပြောနိုင်တော့ပဲ ထထွက်သွားခဲ့ပါတယ်နော်။ ကိုးကား -Logical Indian ၏ မျှဝေမှုကို ဘာသာပြန်ဖော်ပြသည်။

Add a Comment

Your email address will not be published. Required fields are marked *