ေမာ္လၿမိဳင္တြင္ (၄၅)ရက္သားအမႊာကေလး အပါအဝင္ (၁၀)ႏွစ္ေအာက္ ကေလးငယ္ (၈)ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိ

ေမာ္လၿမိဳင္တြင္ (၄၅)ရက္သား အမႊာကေလး အပါအဝင္ (၁၀)ႏွစ္ေအာက္ ကေလးငယ္ (၈)ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိ

သူတို့ေလးေတြက ဘာသိမွာလဲ။(၄၅) ရက္သားပဲ ရွိေသးတဲ့ အမႊာကေလးေတြပါ ကူးစက္ခံရတာပါ။ယေန႔ည ေမာ္လၿမိဳင္ သံလြင္ေအး စက္႐ုံအဆက္ ထဲက ပိုးထပ္ေတြ႕လူနာေပါင္း(၄၈)ဦးထဲက သီရိၿမိဳင္(၅)လမ္းမွ (၄၅)ရက္သားသာ ရွိေသးတဲ့

အမႊာကေလး ေတြအပါအဝင္(၁၀)ႏွစ္ေအာက္ ကေလးငယ္ (၈)ဦးထိ ပါဝင္လာခဲ့တာပါ။ မိခင္ေတြျဖစ္တဲ့ အလုပ္သမေတြဟာ ပိုးအရင္ေတြ႕ၿပီးေတာ့ ေဆး႐ုံႀကိဳေရာက္ေနတာပါ။ ကေလးေတြဟာ Contactေတြအျဖစ္ Q ဝင္ခဲ့ရၿပီးေတာ့

ပိုးေတြ ထပ္ကူးစက္ခံရတာပါ။Positive လူနာေတြကို ေဆး႐ုံႀကီးကုသေဆာင္ကိုပို့ေတာ့အသစ္လုပ္ထားတဲ့ Isolation Ward-3 ကို ပို့ရေတာ့ မိခင္

နဲ႔ ကေလးေတြ တကြဲတျပား ျဖစ္သြားတယ္။ ေရာဂါၾကားမွာ ပူပင္မွုေတြၾကားထဲမွာ မိဘနဲ႔ သားသမီးေတြ အတူေနခြင့္မရျကပါ။ မိခင္ေတြက ေတာင္းဆိုၾကေတာ့ အားလုံး အဆင္ေျပေအာင္ဆိုျပီး

Positive ထြက္တဲ့ ကေလးေတြကို မိခင္ေတြရဲ့ ရင္ခြင္ဆီကို တူတူေနထိုင္ခြင့္ရဖို့ ညခ်င္းတြင္းကူညီေဆာင္ရြက္ ပို့ေဆာင္ ေပးခဲ့ျကပါတယ္။ဒီၾကားထဲမွာ ကေလးငယ္ေလး (၂)ေယာက္က P ထြက္တယ္။

မိခင္က Negative ထြက္တယ္။ ဒါေပမဲ့ ကေလးငယ္ေလး(၂)ေယာက္ကို စိတ္မခ်တဲ့ မိခင္ရဲ့အပူဟာ ေရာဂါကူးခ်င္ ကူးပါေစဆိုၿပီးေတာ့ ကေလးေတြနဲ႔ အတူလိုက္ေနခြင့္ေတာင္းတဲ့ မိခင္ရဲ့ အပူၾကားမွာ ဗ်ာမ်ားခဲ့ရတဲ့ ညပါပဲဗ်ာ။

အဲ့လိုေတ လိုေတြ ထပ္မျဖစ္ဖို့ လူစုလူေဝး ေရွာင္ၾကပါလို့သာ ေျပာခ်င္ပါေတာ့တယ္ဗ်ာ။ တေယာက္က အစ မိသားစုေပါင္းမ်ားစြာ ဒုကၡေရာက္နိုင္တာပါ။အဓိကေတာ့ ကိုယ္ခံအား ေကာင္းတဲ့သူေတြ အခ်ိန္တန္ ျပန္ေကာင္းနိုင္ေပမဲ့

ေရာဂါအခံရွိၿပီးေတာ့ ကိုယ္ခံအား မေကာင္းတဲ့ သက္ႀကီးရြယ္အိုေတြ ဘာမွ မသိတဲ့ ကေလးငယ္ေလးေတြရဲ့ အသက္ကို Covid ရဲ့ အစမ္းသပ္ခံ ဓါးစားခံေတြ မျဖစ္ေစခ်င္ပါဘူးဗ်ာ။ ဓါးစာခံ ျဖစ္မျဖစ္ဆိုတာကေတာ့ ခုခ်ိန္ထိ ျမန္မာျပည္မွ Covid ေၾကာင့္ ေသဆုံးသူ (၉၁၄)ဦးထိ ရွိလာၿပီးဆိုတာကအေကာင္းဆုံး သက္ေသပါပဲဗ်ာ။

ဇင္မိုး

ေမာ္လၿမိဳင္ RESCUE ကြန္ယက္

ေမာ္လၿမိဳင္ (၁၀)ၿမိဳ့နယ္ေဆာင္ CBFQ စခန္း။

Unicode…မော်လမြိုင်တွင် (၄၅)ရက်သား အမွှာကလေး အပါအဝင် (၁၀)နှစ်အောက် ကလေးငယ် (၈)ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

သူတို့လေးတွေက ဘာသိမှာလဲ။(၄၅) ရက်သားပဲ ရှိသေးတဲ့ အမွှာကလေးတွေပါ ကူးစက်ခံရတာပါ။ယနေ့ည မော်လမြိုင် သံလွင်အေး စက်ရုံအဆက် ထဲက ပိုးထပ်တွေ့လူနာပေါင်း(၄၈)ဦးထဲက သီရိမြိုင်(၅)လမ်းမှ (၄၅)ရက်သားသာ ရှိသေးတဲ့

အမွှာကလေး တွေအပါအဝင်(၁၀)နှစ်အောက် ကလေးငယ် (၈)ဦးထိ ပါဝင်လာခဲ့တာပါ။ မိခင်တွေဖြစ်တဲ့ အလုပ်သမတွေဟာ ပိုးအရင်တွေ့ပြီးတော့ ဆေးရုံကြိုရောက်နေတာပါ။ ကလေးတွေဟာ Contactတွေအဖြစ် Q ဝင်ခဲ့ရပြီးတော့

ပိုးတွေ ထပ်ကူးစက်ခံရတာပါ။Positive လူနာတွေကို ဆေးရုံကြီးကုသဆောင်ကိုပို့တော့အသစ်လုပ်ထားတဲ့ Isolation Ward-3 ကို ပို့ရတော့ မိခင်

နဲ့ ကလေးတွေ တကွဲတပြား ဖြစ်သွားတယ်။ ရောဂါကြားမှာ ပူပင်မှုတွေကြားထဲမှာ မိဘနဲ့ သားသမီးတွေ အတူနေခွင့်မရကြပါ။ မိခင်တွေက တောင်းဆိုကြတော့ အားလုံး အဆင်ပြေအောင်ဆိုပြီး

Positive ထွက်တဲ့ ကလေးတွေကို မိခင်တွေရဲ့ ရင်ခွင်ဆီကို တူတူနေထိုင်ခွင့်ရဖို့ ညချင်းတွင်းကူညီဆောင်ရွက် ပို့ဆောင် ပေးခဲ့ကြပါတယ်။ဒီကြားထဲမှာ ကလေးငယ်လေး (၂)ယောက်က P ထွက်တယ်။

မိခင်က Negative ထွက်တယ်။ ဒါပေမဲ့ ကလေးငယ်လေး(၂)ယောက်ကို စိတ်မချတဲ့ မိခင်ရဲ့အပူဟာ ရောဂါကူးချင် ကူးပါစေဆိုပြီးတော့ ကလေးတွေနဲ့ အတူလိုက်နေခွင့်တောင်းတဲ့ မိခင်ရဲ့ အပူကြားမှာ ဗျာများခဲ့ရတဲ့ ညပါပဲဗျာ။

အဲ့လိုတေ လိုတွေ ထပ်မဖြစ်ဖို့ လူစုလူဝေး ရှောင်ကြပါလို့သာ ပြောချင်ပါတော့တယ်ဗျာ။ တယောက်က အစ မိသားစုပေါင်းများစွာ ဒုက္ခရောက်နိုင်တာပါ။အဓိကတော့ ကိုယ်ခံအား ကောင်းတဲ့သူတွေ အချိန်တန် ပြန်ကောင်းနိုင်ပေမဲ့

ရောဂါအခံရှိပြီးတော့ ကိုယ်ခံအား မကောင်းတဲ့ သက်ကြီးရွယ်အိုတွေ ဘာမှ မသိတဲ့ ကလေးငယ်လေးတွေရဲ့ အသက်ကို Covid ရဲ့ အစမ်းသပ်ခံ ဓါးစားခံတွေ မဖြစ်စေချင်ပါဘူးဗျာ။ ဓါးစာခံ ဖြစ်မဖြစ်ဆိုတာကတော့ ခုချိန်ထိ မြန်မာပြည်မှ Covid ကြောင့် သေဆုံးသူ (၉၁၄)ဦးထိ ရှိလာပြီးဆိုတာကအကောင်းဆုံး သက်သေပါပဲဗျာ။

ဇင်မိုး

မော်လမြိုင် RESCUE ကွန်ယက်

မော်လမြိုင် (၁၀)မြို့နယ်ဆောင် CBFQ စခန်း။

Add a Comment

Your email address will not be published. Required fields are marked *