ရာထူးကနေ အနားယူချိန်မှာ ကိုယ်ပိုင်ငွေနဲ့ဝယ်ထားတဲ့ စာအုပ်သေတ္တာ ၂ လုံးပဲ သယ်လာနိုင်တဲ့ သမ္မတတစ်ယောက်

ရာထူးကနေ အနားယူချိန်မှာ ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ စာအုပ်သေတ္တာ ၂ လုံးပဲ သယ်လာနိုင်တဲ့ သမ္မတတစ်ယောက်

၁၉၃၁ခုနှစ်မှာ မွေးဖွားတဲ့လူဆင်းရဲလေး ကလာမ်ဟာ ကလေးသာသာအရွယ်လေး နဲ့ မိသားစုအတွက် ပိုက်ဆံကို အသည်းအသန်ရနိုင်ဖို့သတင်းစာပို့ခဲ့တဲ့သူ၊ အိန္ဒိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီးတော့ အနားယူတဲ့ချိန်မှာ ကိုယ်ပိုင်ငွေနဲ့ဝယ်တဲ့ စာအုပ်သေတ္တာ ၂လုံးပဲသယ်လာနိုင်တဲ့သူပါ။

ဘာသာတရားခွဲခြားပြီး ဟိန္ဒူတွေသာကြီးစိုးပေမဲ့ အစ္စလာမ်တစ်ယောက်ကိုသမ္မတမြောက်တော့ ပြိုင်ဘက်ပါတီတွေကတောင် ထောက်ခံရလောက်အောင်တော်တဲ့သူပါ။

ဗျက်စောင်းလေးတီး သီချင်းလေးညည်းကာ နျူကလီးယားထိပ်ဖူးတက်ဒုံးကျည်တွေဖန်တီးပြီးတော့ ငါတို့ကတော့အေးဆေးနေတာ လာတော့မစနဲ့လို့ ကမ္ဘာကိုစိန်ခေါ်ပြတဲ့သူ၊

ကြီးမြတ်တဲ့သူတွေက ဘာသာရေးကို မိတ်ဆွေဖွဲ့ဖို့ သုံးတယ် သိမ်ဖျင်းတဲ့သူတွေက ဘာသာရေးကို တိုက်ခိုက်ဖို့အတွက် သုံးတယ် ဆိုတဲ့စကားနဲ့ ဘာသာတရားရဲ့ အဆုံးအမနဲ့ လူတွေလုပ်ရပ်ဟာ ကွဲပြားနေကြောင်းထောက်ပြတဲ့သူဘဲ ဖြစ်ပါတယ်။

ဘာသာတရားနဲ့ လူမျိုးအတန်းအစားခွဲခြားမှုတွေများပြားလွန်းတဲ့ အိန္ဒိယနိုင်ငံကို အကောင်းဆုံးဦးဆောင်ပြပြီးတော့ မိမိတို့က မတူပေမဲ့ မကွဲပြားကြောင်းကမ္ဘာကိုချပြခဲ့တဲ့သူ၊ သမ္မတအဖြစ်အနားယူပြီးတော့ တာဝန်ထမ်းဆောင်ဖို့လုထုက

တိုက်တွန်းပေမဲ့ ငြင်းဆန်ကာ အာဏာမရှိလည်း နိုင်ငံကိုတကယ်ချစ်ရင် ဖွံဖြိုးအောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်း အကောင်းဆုံးသက်သေပြပြီး သေတဲ့အထိ နိုင်ငံအတွက်အလုပ်လုပ်သွားတဲ့သူဘဲ ဖြစ်ပါတယ်။

သူ့ရဲ့ဂုဏ်ပုဒ်တွေက များပြားလွန်းတယ်။ အင်ဂျင်နီယာ ၊ သိပ္ပံပညာရှင် ၊ တက္ကသိုလ်ပါမောက္ခ ၊ သမ္မတ ၊ အတွေးအခေါ်ပညာရှင် ၊ စာရေးဆရာ ၊ ကဗျာဆရာ ၊ ဂီတပညာရှင်….. ဟုတ်ပါတယ် သူနာမည်က ဒေါက်တာအေပီဂျေအဗ္ဗဒူကလာမ် (A. P. J. Abdul Kalam) လို့ခေါ်ပါတယ်နော်။

ငယ်ဘဝ

ကလာမ်ကို ၁၉၃၁ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ အိန္ဒိယနိုင်ငံ ရမ်ဆွာဝမ်မြို့မှာ နေထိုင်တဲ့မူဆလင်မိသားစုက မွေးဖွားခဲ့တာပါ။ သူ့ဖခင်ဟာလှေသမားတစ်ဦးဖြစ်ပြီး မိခင်ကတော့အိမ်ရှင်မတစ်ဦးပါ။ အစ်ကို ၃ဦး ၊ အစ်မ ၁ဦးရှိပြီး မွေးချင်းများအနက် အငယ်ဆုံးသားဖြစ်ပါတယ်နော်။ ဘိုးဘွားတွေက

အစဉ်အဆက်ချမ်းသာလာပေမယ့်လည်း ၁၉၂၀ခုနှစ်ကစလို့ စီးပွားရေးကျဆင်းသွားတာမို့ ကလာမ်ရဲ့ငယ်ဘဝဟာ မလှပခဲ့ရှာပါဘူးတဲ့။ မိသားစုဝင်ငွေရဖို့ သတင်းစာရောင်းခဲ့ရပြီး တစ်ဖက်ကပညာသင်သလို တစ်ဖက်က လူ့လောကကြီးအကြောင်းကို ကလာမ်သင်ကြားခဲ့ရတာပါ။

ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့ မိသားစုလေးအတွက် တစ်ခုခုလုပ်ပေးချင်တဲ့ ကလေးသာသာ ကလာမ်ဟာ အိန္ဒိယတစ်နိုင်ငံလုံးအတွက်ဖြစ်တည်ခဲ့တာပါ။ ကျောင်းနေစဉ်ကတည်းက ကလာမ်ကလေးဟာစာတော်ပြီး အရာရာတိုင်းကို စူးစမ်းချင်သူပါ။

ဆရာဖြစ်သူကတော့ ငှက်တွေဘာလို့မိုးပေါ်ပျံတဲ့အကြောင်း သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြပြီးချိန်ကတည်းက ဒီပျံသန်းမှုကိုအခြေခံပြီးတော့ အိန္ဒိယကို ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်တွန်းပို့မယ့် နည်းပညာရပ်တွေရဲ့အစပိုင်းဟာ ကလာမ်စိတ်ထဲ နေရာယူသွားပါတော့တယ်။

အဲဒီနောက်တော့ကလာမ်လေးဟာ သင်္ချာပညာရပ်ကို ပိုလိုက်စားခဲ့ပြီးတော့ အထက်တန်းပညာရေးပြီးဆုံးပြီးနောက်မှာ တီရူချီရာပယ်လီမြို့ က စိန့်ဂျိုးဇက်ကောလိပ်မှာ ရူပဗေဒပညာရပ်ကို စတင်ဆည်းပူးခဲ့တာပါ။ ၁၉၄၅ခုနှစ်မှာ ဘွဲ့ရပြီး ၁၉၅၅ခုနှစ်မှာတော့ မဒရပ်နည်းပညာတက္ကသိုလ်မှာ အာကာသသိပ္ပံအင်ဂျင်နီယာပညာကို ဆက်လက်သင်ကြားခဲ့ပါတယ်နော်။

တတိယနှစ်အရောက်မှာတော့ ကလာမ်ဟာ အိန္ဒိယတပ်မတော်အတွက် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အတန်းဖော်တွေနဲ့ ပူးပေါင်းထုတ်လုပ်နိုင်လာပါပြီ။ တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ကလာမ်ဟာ အဲဒီတီထွင်မှုအပြီး အိန္ဒိယတပ်မတော်ရဲ့

လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့ပြန်ပါတယ်။ ဒါပေမဲ့လက်တွေ့မှာတော့ သူ့ဆန္ဒဟာ ဖြစ်မလာခဲ့ပါဘူး။ သူ့ရဲ့အမှတ်စဉ်က ၉ဖြစ်ပြီး တကယ်ခေါ်သွားခဲ့တာ ၈ယောက်အထိပဲဖြစ်လို့ပါတဲ့

သိပ္ပံပညာရှင်ဘဝ

၁၉၅၇ခုနှစ် မှာကလာမ်ဟာ မဒရပ်နည်းပညာတက္ကသိုလ်ကဘွဲ့ရပြီး တစ်နှစ်အကြာ အိန္ဒိယအမျိုးသားကာကွယ်ရေး နဲ့ သုသေသနဖွံဖြိုးရေးအဖွဲ့ DRDO မှာ အသေးစားရဟတ်ယာဉ် ဒီဇိုင်းဆွဲပေးတဲ့ ပညာရှင်အဖြစ် အလုပ်ဝင်ခဲ့တာပါ။ မကြာမီမှာ အိန္ဒိယရဲ့ အမျိုးသားအာကာသသုသေသနအဖွဲ့ဆီပြောင်းရွေ့ခဲ့ပြီးတော့ အိန္ဒိယရဲ့ပထမဆုံးလွှတ်တင်တဲ့အရပ်ဘက်ဆိုင်ရာဂြိုလ်တုလွှတ်တင်ယာဉ် SLV(3)ရဲ့စီမံကိန်းဒါရိုက်တာ ဖြစ်လာခဲ့တာပါနော်။

ကလာမ်ဟာ နည်းပညာမြှင့်တင်ရန်ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံရဲ့ အာကာသ သုတေသနစခန်း တွေကို သွားရောက်လေ့လာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ နည်းပညာဆိုင်ရာသဘောတူညီချက်တွေ ရယူခဲ့ပါတယ်။ ၁၉၅၆ခုနှစ်မှာတော့ အိန္ဒိယ ဒုံးကျည်စီမံကိန်းကို ချဲ့ထွင်ကာ နည်းပညာမြှင့်တင်ခဲ့တာပါ။

ဒုံးကျည်စမ်းသပ်မှုတွေ တောက်လျောက်အောင်မြင်ခဲ့တာကြောင့် သူ့ကို ဒုံးပျံလူသားလို့ အားလုံးက လေးလေးစားစားချီးကျူးခဲ့ကြပါတယ်နော်။ နေစွမ်းအင်သုံးဂြိုလ်တုလွှတ်တင်ရေးယာဉ် PSLV နဲ့ SLV-3 လွှတ်တင်ရေးစီမံကိန်းတွေကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ကလာမ်ဟာ ၁၉၉၂ခုနှစ်ကနေ ၁၉၉၇ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာနမှာ သိပ္ပံနည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်တော့ အစိုးရဝန်ကြီးတာဝန်နဲ့ အစိုးရအကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုကာလတွင်းပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်မှုတွေကိုအောင်မြင်အောင် ဦးဆောင်ပေးခဲ့တာကြောင့်လည်း အိန္ဒိယနိုင်ငံရဲ့ပြယုဒ်ဖြစ်လာခဲ့ပြန်ပါတယ်

၁၉၉၈ခုနှစ်မှာတော့ Technological vision 2020 လို့ သူကိုယ်တိုင်နာမည်ပေးထားတဲ့ နိုင်ငံလုံးဆိုင်ရာစီမံကိန်းကို ချမှတ်ပြီး အိန္ဒိယကို နှစ် ၂၀ အတွင်းဖွံဖြိုးပြီးနိုင်ငံဖြစ်ဖို့ ဖော်ဆောင်ခဲ့ပြန်ပါတယ်။နိုင်ငံရဲ့အခြားကဏ္ဍတွေထက် လယ်ယာထုတ်ကုန်တိုးမြှင့်ရေး လက်မှုလယ်ယာကနေ စက်မှုလယ်ယာသို့ ကူးပြောင်းရေး ၊ သိပ္ပံနှင့်နည်းပညာရပ်များကိုအလေးပေးရေး ၊

ပညာရေး ကျန်းမာရေးတို့ မြှင့်တင်ရေး တို့ပါဝင်ပြီးအစိုးရကို တွန်းအားပေးခဲ့တာပါ။ နိုင်ငံကာကွယ်ရေးပြီးနောက် နိုင်ငံဝပြောရေးကို အကွတ်ကျကျနည်းစနစ်ပိုင်နိုင်စွာလုပ်ခဲ့တဲ့ ကလာမ်ရဲ့ဆောင်ရွက်ချက်တွေဟာ သမိုင်းတွင်ခဲ့ပါတယ်နော်။

လူထုသမ္မတ

သမ္မတရာထူးကိုစွန့်လွှတ်ခဲ့တဲ့ Narayanan နေရာမှာ အိန္ဒိယနိုင်ငံရဲ့ အာဏာရဟိန္ဒူအမျိုးသားပါတီက ကလာမ်ကိုနာမည်စာရင်းပေးခဲ့တာပါနော်။ အိန္ဒိယလို (ထိုစဉ်က)ဘာသာရေးခွဲခြားမှုရှိတဲ့နိုင်ငံအတွက် မူဆလင်တစ်ဦးဖြစ်တဲ့ ကလာမ်ကို သမ္မတရာထူးပေးခဲ့တာ အံ့သြစရာဖြစ်ခဲ့ပါတယ်။

ဒီထက်ပိုအံ့သြစရာကောင်းတာက ပြိုင်ဘက်တွေဖြစ်တဲ့ အိန္ဒိယကွန်ကရက်ပါတီနဲ့ Samajwadi ပါတီတွေကပါ တညီတညွက်တည်းထောက်ခံခဲ့ကြတာပါ။ အလကားထောက်ခံခဲ့ကြတာတော့မဟုတ်ပါဘူး။ နိုင်ငံအတွက် သူအစွမ်းကုန်ကြိုးပမ်းပေးခဲ့တာတွေကို ထောက်ရှုပြီးစဉ်းစားပေးခဲ့ကြတာပါ။ ဒီလိုနဲ့သူဟာ အိန္ဒိယရဲ့ ၁၁ဦးမြောက်သမ္မတ နဲ့ ပထမဆုံးလူပျိုသမ္မတဖြစ်လာခဲ့တယ်။

သမ္မတဖြစ်လာပေမယ့် ရာထူးတစ်ခုတိုးလာတာကလွဲလို့ ကလာမ်ကတော့ ပုံမှန်အတိုင်း ရိုးရှင်းစွာပဲနေထိုင်ခဲ့ပါတယ်နော်။ သမ္မတဖြစ်လာချိန်မှာလည်း လူငယ်တွေနဲ့ တစ်ဦးချင်းစကားဝိုင်းတွေပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံမှုရုပ်သံတွေကိုပြသပြီး တစ်နိုင်ငံလုံးမှာရှိတဲ့လူငယ်တွေရဲ့ကြိုးစားချင်စိတ်ကိုမြှင့်တင်ပေးခဲ့ပါတယ်။

အချိန်တိုင်းနိုင်ငံအတွက် မအားမလပ်ဖြစ်နေပေမယ့် လူငယ်တွေအတွက်တော့ အမြဲအချိန်ပေးလေ့ရှိတယ်။ လူငယ်တွေမေးသမျှ စစ်စစ်ပေါက်ပေါက်မေးခွန်းတွေကို တလေးတစားဖြေတတ်တယ်။ လူငယ်တွေဟာ တချိန်မှာ နိုင်ငံရဲ့ အနာဂတ်လို့ သူယုံကြည်ခဲ့လို့ပါ။ေ

ကျာင်းသားတစ်ယောက်မှာ ရှိသင့်တဲ့ အရေးအကြီးဆုံး အရည်အချင်းက မေးခွန်းမေးတတ်ဖို့ပါ။ သူတို့ကို မေးခွန်းတွေ မေးခွင့် ပြုလိုက်ကြစမ်းပါ။လူထုသမ္မတဆိုပြီး ပြည်သူ့မေတ္တာခံယူခဲ့တဲ့ကလာမ်ဟာ သူ့လက်ထက်မှာ နိုင်ငံဖွံဖြိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး နည်းပညာ ကဏ္ဍတွေကိုသိသိသာသာတိုးတက်အောင်

စွမ်းဆောင်ပြခဲ့ပါတယ်နော်။လူထုထောက်ခံမှု အခိုင်အမာရရှိထားပေမယ့်လည်း သူဟာပါတီနိုင်ငံရေးအရူပ်အရှင်းတွေကြားမရှိချင်တာမို့ ၂၀၀၇ခုနှစ်မှာ ရွေးကောတ်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူသမ္မတသက်တမ်းကုန်ခဲ့တဲ့ ၂၀၀၇ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ မှာတော့ ကလာမ်ဟာ စာအုပ်သေတ္တာ ၂လုံးကို သယ်ဆောင်ပြီး သမ္မတအိမ်တော်က ထွက်ခွာသွားပါတော့တယ်။

သမ္မတသက်တမ်းတလျှောက်မှာ သူပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာဟာ စာအုပ်သေတ္တာ ၂လုံးသာ ဖြစ်ခဲ့တယ်လို့ အရိုးရှင်းဆုံး ပြသခဲ့တာပါ။(သူ့နေရာမှာ ပထမဆုံးအမျိုးသမီးသမ္မတ Pratibha Pati ကဆတ်ခံခဲ့ပါတယ်)

လူထုခေါင်းဆောင်

သမ္မတအဖြစ်က အနားယူခဲ့ပေမယ့် ကလာမ်အတွက် အလုပ်တွေက မပြီးသေးပါဘူး။ သမ္မတဟောင်းဟာ စီမံခန့်ခွဲရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် ၃ခုမှာ ဧည့်သည်တော်ပါမောက္ခအဖြစ်လည်းကောင်း၊ အိန္ဒိယသိပ္ပံသင်တန်းကျောင်းရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ အန်နာတက္ကသိုလ်

အာကာသအင်ဂျင်နီယာဌာန ရဲ့ပါမောက္ခအဖြစ်လည်းကောင်း အိန္ဒိယတစ်နိုင်ငံလုံးဆိုင်ရာတက္ကသိုလ် ကောလိပ်များရဲ့နည်းပညာဆိုင်ရာ ပံ့ပိုးသူအဖြစ်လည်ကောင်း တာဝန်ပေါင်းများစွာကို ထမ်းဆောင်ခဲ့ပြီး အနာဂက်မျိုးဆက်တွေအထိ ဆက်လက်တာဝန်ကျေခဲ့သူပါ။

ကလာမ်ဟာ ဟန်ပန်အမူအရာတွေနဲ့ မနေတတ်ပဲ ဘ၀တလျှောက်လုံးကို အရိုးရှင်းဆုံးဖြတ်သန်းသွားခဲ့တယ်။ သမ္မတကြီးဖြစ်ပေမယ့် လမ်းဘေးမှာထိုင်စားဖို့ မရှက်တတ်ဘူး ၊ သူ့ကိုအခွင့်ထူးတွေပေးတာကိုလည်း မနှစ်သက်ဘူး။ တခါက အခမ်းအနားတစ်ခုမှာ သူ့အတွက်ခုံကို သီးသန့်ထားတယ် ။

သူ့ကိုစင်ပေါ်တက်ခိုင်းတဲ့အချိန်မှာတော့ အဲဒီခုံကို ချက်ချင်းဖယ်ခိုင်းတယ်။ အခွင့်ထူးခံပြီးသူမထိုင်နိုင်ဘူး ။ ပုံမှန်ခုံတစ်ခုနဲ့ လဲပေးပါလို့ တောင်းတာကြောင့် ချက်ချင်းလဲပေးရတယ်။ လူသားဆန်တဲ့ သူ့အတွက် လက်ခုပ်သံတွေ ဝေသွားခဲ့တယ်။

တခါကလည်း သူသမ္မတရာထူးယူထားတဲ့အချိန် ကျောင်းတစ်ခုမှာ လူငယ် ၄၀၀ခန့်ကို ဟောပြောပွဲပြောဖို့စီစဉ်ထားတယ်။ သူပြောမလို့လုပ်တုန်း လျှပ်စစ်မီးပျက်သွားတယ်။ အကြီးဆုံးရာထူးကို ယူထားတဲ့သူ ဘာလုပ်တယ်ထင်ပါသလဲ….။ အပြစ်တင်စကား တစ်ခွန်းမှမပြောဘူး။

စင်ပေါ်ကနေ လူငယ်တွေရဲ့ အလယ်ကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ ပြီးတော့ သူ့အသံကို သေသေချာချာကြားရအောင် သူ့ပတ်ပတ်လည်လည်မှာ ထိုင်ကြဖို့ လူတွေကိုပြောပြီး သူ့ဘာသာပဲဟောပြောပွဲကို စတင်လိုက်တယ်။

မဟာ လူသားအဖြစ် နိုင်ငံရဲ့အကျိုးကို မိနစ်အနည်းငယ်မျှပင် မဖြုန်းပဲ ဆောက်ရွက်ခဲ့တဲ့ သမ္မတဟောင်းကြီးရဲ့ပိုင်ဆိုင်မှုဆိုလို့ စာအုပ်ပေါင်း ၂၅၀၀ကျော် ၊ CD Player တစ်ခု ၊ ကွန်ပျူတာလပ်တော့တစ်လုံး ၊ ဗျတ်စောင်းတစ်လက် နဲ့ အ၀တ်အစားအနည်းငယ်သာဖြစ်တယ်။ သူသက်တမ်းတစ်လျှောက်လုံး

ရခဲ့သမျှလစာတွေကို အားလုံးကို သူ့အတွက်နည်းနည်းတောင်မသုံးပဲ လိုအပ်တဲ့အသင်းအဖွဲ့တွေကို လှူဒါန်းပစ်ခဲ့တယ်။ စာအုပ်ပေါင်းများစွာကိုရေးခဲ့ပြီး အိန္ဒိယရဲ့အမြင့်ဆုံးဆုတွေအပြင် ကမ္ဘာ့တက္ကသိုလ်အသီးသီး နဲ့ အခြားကမ္ဘာ့နိုင်ငံများက ချီးမြှင့်တဲ့ဆုပေါင်းများစွာကို ရရှိခဲ့တယ်။

ဒုံးပျံလူသားရဲ့နောက်ဆုံးနေ့ရက်များ

နိုင်ငံအတွက်အလုပ်တွေလုပ်ရင်း ၂၀၁၅ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့မှာတော့ Shillong စီမံခန့်ခွဲမှုသင်တန်းကျောင်းမှာ သင်ခန်းစာ စတင်ပို့ချနေစဉ် ရုတ်တရက်လဲကျသွားခဲ့တာပါ။ အနီးမှာရှိတဲ့ Bethany ဆေးရုံကိုပို့ပြီး ကုသခဲ့ပေမယ့် အသက်မမီတော့ပါဘူးတဲ့။ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်း နဲ့

ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ဈာပနကိုနယူးဒေလီမှာကျင်းပခဲ့ပြီး အိန္ဒိယထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ဇူလိုင်လ ၂၉ရက်နေ့ နံနက်မှာတော့ သူ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိမြေဖြစ်တဲ့ Rameswaram ကို ပြန်လည်သယ်ဆောင်လာပါတယ်။

ပြည်သူများစွာနောက်ဆုံးအနေနဲ့ ဂါဝရပြုခဲ့ကြပြီး ဇူလိုင်လ ၃၀ရက်နေ့မှာတော့ အိန္ဒိယသမ္မတဟောင်း ဒေါက်တာအေပီဂျေအဗ္ဗဒူကလာမ် ရဲ့ ရုပ်အလောင်းကို နိုင်ငံတော်ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။ အမေရိကန် ၊ ရုရှား တရုတ် စတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေအပြင် နိုင်ငံပေါင်းများစွာက

ခေါင်းဆောင်တွေကိုယ်တိုင်ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကိုပေးပို့ပေးခဲ့ကြပါတယ်။ အိန္ဒိယပြည်သူသန်းပေါင်းများစွာရဲ့မေတ္တာကို ရရှိခဲ့သူပါ။ ယနေ့တိုင် လူသားတွေအတွက် ဘဝနေနည်း ဒသနတွေကို ချန်ထားရစ်ခဲ့သူ ၊ တစ်ကမ္ဘာလုံးရဲ့ လေးစားခြင်းကိုခံခဲ့ရသူ ဒုံးပျံလူသားကြီးဟာ လူပီသလွန်းတဲ့သူတစ်ယောက်အဖြစ် ကမ္ဘာကြီးကို အနိုင်နဲ့ ပိုင်းသွားခဲ့ပါတော့တယ်နော်။Credit – Thutazone

Add a Comment

Your email address will not be published. Required fields are marked *