အနံ့ပျောက်သူတွေအတွက် အနံ့ပြန်ရစေမယ့် နည်းလမ်းလေးကို မျှဝေပေးလာတဲ့ ဖိုးချစ်
Unicode…အနံ့ပျောက်သူတွေအတွက် အနံ့ပြန်ရစေမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလာတဲ့ ဖိုးချစ်
ဖိုးချစ်ကတော့ လတ်တလောကတစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်သော အနံ့ပျောက်တာနဲ့ ပတ်သက်ပြီးတော့
သူသိထားတဲ့နည်းလမ်းကောင်းလေးကို မျှဝေခဲ့တာပါနော်။ အဲ့ဒါက ကြက်သွန်နီဥကို အပေါ်ယံအခွံခွာကာ အလုံးလိုက်ဝါးပြီး တော့ အရည်ကိုပါမြိုချပေးရမှာ ဖြစ်ပါတယ်တဲ့။ဒီလိုမျိုးနှစ်ကြိမ်ခန့်ပြုလုပ်ပြီးတာနဲ့ အနံ့ပြန်ရမှာဖြစ်ပြီး တော့
လူတချို့ကတော့ နောက်ရက်တွေကျရင် ဝမ်းနည်းနည်းသွားတတ်ပါတယ်တဲ့။ဒါပေမယ့်လည်း နုံးချိသွားခြင်းမရှိပါဘူးတဲ့နော်။ပရိသတ်ကြီးရေ ပထမကတော့ အမွှေးရနံ့များရလာမှာဖြစ်ပြီး
နောက်ရက်တွေမှာတော့ တခြားအနံ့တွေ ရလာပါမယ်ဆိုတဲ့အကြောင်း မျှဝေခဲ့တာပါ။ ငွေလည်းမကုန်၊ မပင်ပန်းဘဲ လွယ်ကူစွာလိုက်လုပ်နိုင်တဲ့နည်းလမ်းလေးဖြစ်တဲ့အပြင် အနံ့ပျောက်သူ ဆယ်ဦးလောက် ဒီနည်းလမ်းလေးလုပ်ကြည့်တာ
အကုန်အနံ့ပြန်ရလာကြတာမိုယုံကြည်စွာလုပ်နိုင်ကြောင်း ရေးသားမျှဝေခဲ့တာပါနော်။ဒါပေမယ့် လည်း ဒီလိုမျိုးမျှဝေပေးတာက ကြိတ်ကုဖို့မဟုတ်ဘဲနဲ့ တကယ်အနံ့ပျောက်တာနဲ့ကြုံလာရင်တော့ ညွှန်ကြားထားတဲ့ဆေးရုံ၊ဆေးခန်းတွေကို
သွားပြကြဖို့၊ ညွှန်ကြားချက်တွေအတိုင်း စနစ်တကျလုပ်ဆောင်ကြဖို့လည်း ထပ်ဆောင်းပြောကြားခဲ့ပါသေးတယ်နော်။ ကြက်သွန်နီကတော့ တော်ရုံဖျားနာတာမျိုး၊အသက်ရှုကြပ်တာမျိုး
စတာတွေအတွက် ရှေးအရင်အဆက်ဆက်ကတည်းက သုံးစွဲလာကြတဲ့ မီးဖိုချောင်သုံးဆေးမြီးတိုတစ်မျိုးမို့ မှတ်သားတာကတော့ မှားမယ်မထင်ပါဘူးနော်။ဆယ်လီကမ္ဘာ
Add a Comment
Your email address will not be published. Required fields are marked *