ကိုဗစ်ကြောင့် ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဆရာလေးများကိုသွားရောက်လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူ
Unicode…ကိုဗစ် ကြောင့်ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဆရာလေးများကို တတ်နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ
ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူဟာ သူချစ်တဲ့ အနုပညာ အလုပ်တွေနဲ့အတူပရဟိတ အလုပ်တွေကိုပါ တွဲဖက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ယခုလိုမျိုး ကိုဗစ်ကာလ အတွင်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ အခြေခံ လူတန်းစားတွေ အတွက်တတ်နိုင် သလောက်ထောက်ပံ့ လှူဒါန်းပေးနေတာဖြစ်ပါတယ်နော်။
ထို့ပြင် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာလည်း ကူညီထောက်ပံ့ လှူဒါန်းမှုတွေ ကိုပြုလုပ်နေပြီးတော့ လက်ရှိမှာလည်းခန့်စည်သူက မေတ္တာသင်္ဂဟအဖွဲ့ဝင်များနှင့် အတူ Covid-19 ကြောင့် ဆွမ်း အခက်အခဲဖြစ်နေသော ချမ်းမြေ့ရတနာ(ပရဟိတ)သီလရှင်စာသင်တိုက်မှဆရာလေးများအတွက်ကို
စားသောက်ကုန်များကို သွားရောက် လှူဒါန်းပေးခဲ့တယ် လို့သိရပါတယ်နော်။ လှူဒါနိးတဲ့ အလှူနဲ့ပတ်သက်ပြီးတော့ခန့်စည်သူက ယနေ့အလှူ(၁၇-၁၀-၂၀၂၀)တကျော့ပြန် Covid-19ကြောင့် ဆွမ်းအခက်အခဲဖြစ်နေသော
ချမ်းမြေ့ရတနာ(ပရဟိတ)သီလရှင်စာသင်တိုက်မှ ဆရာလေးများအတွက်ဆန်(၁၀)အိတ်၊ဆီ(၁၀)ပိဿာ၊ကုလားပဲ(၁၀)ပိဿာ၊ကြက်ဥ(၁၀၀)၊ရွှေဖရုံသီး(၅၀)၊ငါးသေတ္တာ(၅၀)၊ပန်းဂေါ်ဖီပွင့်(၅၀)၊ဒိန်ချဉ်(၁၀၀)၊ဘူးသီး၊ခရမ်းသီး၊ဂေါ်ရခါးသီးများ
၊ခရမ်းချဉ်သီး၊ကိုက်လန်၊ဂေါ်ဖီထုပ်နှင့်ချဉ်ပေါင်ရွက်များကိုလှူဒါန်းခဲ့ကြပါသည်။အခက်အခဲများကြားထဲကစေတနာထက်သန်စွာဖြင့်လှူဒါန်းပေးကြပါသော
အလှူရှင်မေတ္တာသင်္ဂဟအဖွဲ့ဝင်များအားကျေးဇူးအထူးပဲတင်ရှိပါတယ်။ အားလုံးကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်နော်။source:ခန့်စည်သူ
Add a Comment
Your email address will not be published. Required fields are marked *