





Unicode…နယူးဇီလန်ကမ်းခြေတွင် ဝေလငါးတစ်ဒါဇင်ကျော် ကမ်းတင်သေဆုံး

နယူးဇီလန်နိုင်ငံ၊ နော့တ်အိုင်းလန်းရဲ့ကမ်းခြေမှာ ဝေလငါးတစ်ဒါဇင်ကျော် ကမ်းတင်လာခဲ့ပြီးနောက် အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ကြတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဟာ ကနေ့မှာ ထုတ်ပြန်ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

ကိုရိုမန်ဒယ်ကျွန်းဆွယ် ကကမ်းခြေမှာ မနေ့တုန်းက ပိုင်းလော့တ်ဝေလငါး အကောင်ရေ ၄ဝကနေ ၅ဝနီးပါးထိ ကမ်းတင် လာခဲ့တဲ့အထဲမှာတော့ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေက တစ်နေကုန်ကြိုးပမ်းခဲ့ကြတာကြောင့်

အကောင်ရေ ၂၅ကောင်ကို ရေထဲပြန် လွှတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်နော်။မနေ့က ညပိုင်း ၉နာရီလောက်မှာ ဒီရေတက် လာချိန် ကမ်းတင်နေခဲ့ တဲ့ဝေလငါးတွေကို ပြန်လွှတ်ပေးဖို့ အခွင့်အလမ်းရခဲ့ပေမယ့်လည်း

နောက်ထပ် ကျောက်တုံးတွေကြားထဲ ကမ်းတင်နေတဲ့ ဝေလငါးတွေဟာ စိတ်မကောင်း စရာ သေဆုံး သွားခဲ့ကြရတာဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောခဲ့တာဖြစ်ပါတယ်source:pyi myanmar

Add a Comment

Your email address will not be published. Required fields are marked *