ဧရာဝတီေဖာင္ေဒးရွင္းမွ ေဒၚလာ(၂)သန္းတန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ားကုိ ျပည္ပမွ ဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္ဆို

ဧရာဝတီေဖာင္ေဒးရွင္းမွ ေဒၚလာ(၂)သန္းတန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ားကုိ ျပည္ပမွ ဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္ဆို

ဧရာဝတီေဖာင္ေဒးရွင္းကေတာ့ ကိုဗစ္-၁၉ အခက္အခဲကို ေက်ာ္လႊားနိုင္ရန္အတြက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနဦးေဆာင္မွုနွင့္  ကုတင္(၁၀၀၀) ႏွင့္ Test and Care ဧရာဝတီစင္တာကို ဆရာဝန္၊ သူနာျပဳ၊

ေစတနာ့ဝန္ထမ္း စုစုေပါင္း (၇၀၀)ေက်ာ္ျဖင့္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္ေနာ္။ကိုဗစ္-၁၉ ကာကြယ္ကုသေရးအတြက္ လိုအပ္ေသာ ေဆး႐ုံသုံးကုတင္ (၁၂၅၀)၊ ICU/HDU ကုတင္ (၂၀၀)၊ ICU/HDU Monitor ႏွင့္ Wireless Control System မ်ား၊

ေဆး႐ုံအေဆာက္အဦအျဖစ္ အသုံးျပဳနိုင္မည့္ Tent မ်ား၊ Liquid Oxygen Storage Tank (20 Tons) ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ PPE ႏွင့္ N95 Mask မ်ားကို ျပည္ပနိုင္ငံမ်ားမွ ေဒၚလာ(၂)သန္းဖိုး

ဝယ္ယူတင္သြင္းသြားမည္ျဖစ္တယ္လို့ သိရပါတယ္။ယခုလို ဝယ္ယူရန္ AYA Bank ႏွင့္ မက္စ္ျမန္မာအုပ္စုမွ အေမရိကန္ေဒၚလာ (၂)သန္းကို ဧရာဝတီေဖာင္ေဒးရွင္းသို့ ထပ္မံလွူဒါန္းခဲ့ၿပီးေတာ့ ဝယ္ယူတင္သြင္းေပးမည့္ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္ လို့ိသိရပါတယ္။

ႀကိဳတင္ဝယ္ယူထားေသာ အခ်ိဳ့ပစၥည္းေတြက တစ္ပတ္အတြင္း စတင္ေရာက္ရွိလာမည္ ျဖစ္ၿပီးေတာ့ ရက္သတၱပတ္ (၃)ပတ္ၾကာတြင္ မွာယူထားေသာ ပစၥည္းမ်ားအားလုံး ေရာက္ရွိလာမည္ ျဖစ္ပါတယ္။

ယေန႔အထိ ေစတနာရွင္အားလုံးရဲ့ လွူဒါန္းေငြက်ပ္ (၁.၄)ဘီလီယံနဲ႔ ေဆးဝါး၊ အစားအေသာက္၊ လူသုံးကုန္ပစၥည္းလွူဒါန္းမွု (၁.၁)ဘီလီယံကို လက္ခံရရွိခဲ့ပါတယ္။ အလွူရွင္တို့၏ လွူဒါန္းမွုအစုစုကို အေလအလြင့္မရွိေအာင္ စနစ္တက်

အက်ိဳးရွိရွိသုံးစြဲၿပီး စာရင္းဇယားမ်ားကို ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္။ဧရာဝတီေဖာင္ေဒးရွင္းအေနနဲ႔ ကိုဗစ္ပထမလွိုင္းမွာ (၃.၅)ဘီလီယံနဲ႔ ဒုတိယလွိုင္းအတြက္ (၅.၅)ဘီလီယံ စုစုေပါင္း (၉)ဘီလီယံလွူဒါန္းခဲ့ၿပီး

အလွူရွင္တို့ရဲ့ စုေပါင္းလွူဒါန္းမွု (၂.၅)ဘီလီယံကိုလည္း လက္ခံရရွိၿပီးျဖစ္ပါတယ္  ဟု ဦးေဇာ္ေဇာ္က ေျပာျကားခဲတာဘဲ ျဖစ္ပါတယ္။source;Ayeyarwady Foundation

Unicode…ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို ပြည်ပမှ ဝယ်ယူရန် စာချုပ်ချုပ်ဆို

ဧရာဝတီဖောင်ဒေးရှင်းကတော့ ကိုဗစ်-၁၉ အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဦးဆောင်မှုနှင့်  ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊

စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်နော်။ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊

ဆေးရုံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ(၂)သန်းဖိုး

ဝယ်ယူတင်သွင်းသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ယခုလို ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီးတော့ ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့တယ် လို့ိသိရပါတယ်။

ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းတွေက တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည် ဖြစ်ပြီးတော့ ရက်သတ္တပတ် (၃)ပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည် ဖြစ်ပါတယ်။

ယနေ့အထိ စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေကျပ် (၁.၄)ဘီလီယံနဲ့ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းလှူဒါန်းမှု (၁.၁)ဘီလီယံကို လက်ခံရရှိခဲ့ပါတယ်။ အလှူရှင်တို့၏ လှူဒါန်းမှုအစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ

အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ (၃.၅)ဘီလီယံနဲ့ ဒုတိယလှိုင်းအတွက် (၅.၅)ဘီလီယံ စုစုပေါင်း (၉)ဘီလီယံလှူဒါန်းခဲ့ပြီး

အလှူရှင်တို့ရဲ့ စုပေါင်းလှူဒါန်းမှု (၂.၅)ဘီလီယံကိုလည်း လက်ခံရရှိပြီးဖြစ်ပါတယ်  ဟု ဦးဇော်ဇော်က ပြောကြားခဲတာဘဲ ဖြစ်ပါတယ်။source;Ayeyarwady Foundation

Tags:

Add a Comment

Your email address will not be published. Required fields are marked *