Unicode…ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် မြန်မာ့ပထမဆုံးသော မှန်တံတား စီမံကိန်းကို တည်ဆောက်မည်
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးမှာ ခရီးသွားတွေကို  ဆွဲဆောင်နိုင်ဖို့အတွက် မှန်တံတား နှင့် အပန်းဖြေစခန်းစီမံကိန်းကို
မကြာမီတည်ဆောက်တော့မည် ဖြစ်ကြောင်းကို ရှမ်းပြည်နယ် စီမံ၊ဘဏ္ဍာဝန်ကြီး စိုးညွန့်လွင်ကအောက်တိုဘာလ ၁၇ ရက်တွင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေပြီးတော့ ယခုနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီးတော့ စီမံကိန်းမှာ မှန်တံတားအပြင် ဘန်ဂလိုများ၊
ခေတ် မီကစားကွင်း၊အပန်းဖြေဥယျာဉ်၊ရွက်ဖျင်တဲများ၊စိုက်ခင်းများ၊အမှတ်တရပစ္စည်းအရောင်းဆိုင်၊စားသောက်ဆိုင်များပါဝင်မည် ဖြစ်ကြောင်းသိရပါတယ်။ခွင့်ပြုမိန့် စာရွက်စာတမ်းအားလုံးပြီးနေပါပြီ။လုပ်ငန်းစတင်ဖို့ဘဲရှိပါတော့တယ်။
ဂုတ်ထိပ်တံတားရယ် ဘန့်ဘွေးကျင်း ရေတံခွန်ရယ်၊မှန်တံတားရယ်ကမနီးမဝေးပါပဲ။ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တာပါ။ကိုဗစ်ကာလအလွန်ရှမ်းပြည်နယ်အတွင်းခရီးသွားလုပ်ငန်းတွေစနစ်တကျနဲ့ပြန်လည်ဖွံ့ဖြိုး စေဖို့
ပြည်နယ်နဲ့ကိုက်ညီတဲ့ Tourism master plan ကိုလည်းရေးဆွဲထားပြီးဖြစ်ပါတယ် ဟု ၎င်းကပြောကြားခဲ့ပါ။ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းဟာ ဝန်ထမ်းဦးရေ ၃၀၀ ခန့်အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ပြီး
ကုမ္ပဏီအနေဖြင့် အပန်းဖြေစီမံကိန်းမှရရှိသောအမြတ်ငွေများထဲကနေ ၅ ရာခိုင်နှုန်းကိုလည်း ကျန်းမာရေး၊ပညာရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်နော်။credit;living myanmar
Add a Comment
Your email address will not be published. Required fields are marked *