ပတ်ပြီးတော့ ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့ အလယ်မှာ အပေါက်တွေ ဖောက်ပြီး ၄င်းအပေါက်တွေထဲမှာ မြှုပ်နှံကြတာပါ။ဒါဟာ ရှေးနှစ်ပေါင်း များစွာထဲက သူတို့ရွာလေးရဲ့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီးတော့ ကလေးငယ်လေးတွေရဲ့ ဝိဥာဏ်ဟာ
Unicode…သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ အလောင်းတွေကို သစ်ပင်တွေထဲမှာမြှပ်နှံတဲ့ ထူးဆန်းသော ဓလေ့ရှိတဲ့ ရွာကလေး
ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းထွေလာတွေ များစွာထဲကနေပြီးတော့  ပရိသတ်ကြီးအတွက် ခုတစ်ခါမှာ ဆိုရင် Tana Toraja ဆိုတဲ့ ရွာလေး အကြောင်းကို ပြောပြပေးချင်ပါတယ်နော်။
အဲ့ဒီရွာလေးကတော့ အင်ဒိုနီးရှားနိုင်ငံက ရှေးဘုရင်တွေရဲ့ လက်အောက်ခံ မင်းညီမင်းသားတွေ အုပ်ချုပ်တဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ဒီရွာလေးမှာတော့ ရှေးခေတ် အင်ဒိုနီးရှားရဲ့ အယူအဆတွေ ယဉ်ကျေးမှုတွေ ရှိနေဆဲဖြစ်ပြီးတော့
လူသိလည်းနည်းတဲ့ ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်နော်။ အဲ့ဒီ ရွာလေးရဲ့ ထူးခြားတဲ့ အချက်က ရွာထဲမှ ကလေးငယ်လေးတွေ သေဆုံးသွားတဲ့အခါမှာ မြေမြှုပ် သဂြိုလ်ခြင်းမရှိပါဘူးတဲ့။သေဆုံးသွားတဲ့ ကလေးအလောင်းတွေကို အဝတ်စနဲ့
ပတ်ပြီးတော့ ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့ အလယ်မှာ အပေါက်တွေ ဖောက်ပြီး ၎င်းအပေါက်တွေထဲမှာ မြှုပ်နှံကြတာပါ။ဒါဟာ ရှေးနှစ်ပေါင်း များစွာထဲက သူတို့ရွာလေးရဲ့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီးတော့ ကလေးငယ်လေးတွေရဲ့ ဝိဉာဏ်ဟာ
သဘာဝသစ်ပင် တွေကို အမှီပြုပြီးတော့ လေနဲ့အတူ ကောင်းမွန်ရာကို ရောက်ရှိသွားတယ်လို့ ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်နော်။သူတို့သစ်ပင်ထဲမှာမြှုပ်နှံထားတဲ့ ကလေးငယ်လေးတွေရဲ့ အလောင်း တွေဟာ Makassar မြို့ရဲ့မြောက်ပိုင်း
၁၈၆ မိုင်အကွာ ဆူ လာဝါဆီ ရဲ့တောင်ဘက်မှာ ရှိတဲ့ တောအုပ်တွေထဲက သစ်ပင် ကြီးတွေမှာ ယခုအချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်တဲ့ ။ ဒီရွာလေးရဲ့ ထူးဆန်းတဲ့ အကြောင်းကတော့ ဒါပါဘဲနော်။ဖတ်ရူပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးလည်း ရောဂါဘယတေ ကင်းဝေးကြပါစေနော်။ခရက်ဒစ်
Add a Comment
Your email address will not be published. Required fields are marked *