သူမရဲ့ ေနာက္ဆံုးသီခ်င္းကို ေဆး႐ုံေပၚမွာပဲ ဖုန္းနဲ႔အသံသြင္းၿပီးေတာ့ ပရိသတ္ေတြအတြက္ ခ်န္ရစ္ခဲ့တဲ့ မီးမီးခဲ

သူမရဲ့ ေနာက္ဆံုးသီခ်င္းတစ္ပုဒ္ကို ေဆး႐ုံေပၚမွာပဲ ဖုန္းနဲ႔အသံသြင္းၿပီးေတာ့ ပရိသတ္ေတြအတြက္ ခ်န္ရစ္ခဲ့တဲ့ မီးမီးခဲ

ဂီတမွူး၊ ေတးေရးဆရာ ေစာဘြဲ႕မွူးရဲ့ သမီးျဖစ္သူ မီးမီးခဲဟာ ဖခင္ျဖစ္သူရဲ့ ေျခရာကိုနင္းၿပီးေတာ့ သီခ်င္းေတြသီဆိုခဲ့ရာ ဂီတေလာကထဲမွာ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။

စိတ္မေကာင္းစရာတစ္ခုကေတာ့ မီးမီးခဲဟာ မေန႔က ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာပဲ ကင္ဆာေရာဂါအခံေၾကာင့္ဘဲ ေဆး႐ုံေပၚမွာ ေဆးကုသမွုခံယူေနရင္းနဲ႔ပဲ ကြယ္လြန္သြားခဲ့တာပါ။ မီးမီးခဲက ဂီတကို ဝါသနာႀကီးသူတစ္ေယာက္ျဖစ္တာမို့

မကြယ္လြန္မီရက္ပိုင္းအလိုကဘဲ ေဆး႐ုံေပၚမွာပဲ သီခ်င္းသစ္တစ္ပုဒ္ကို ဖုန္းေလးနဲ႔ အသံသြင္းခဲ့တယ္လို့ သိရပါတယ္ေနာ္။မီးခဲ မဆုံးခင္ ရက္ပိုင္းအလိုမွာ ဆရာေဒါမနစ္ ဆီကသီခ်င္းေလးတစ္ပုဒ္ေတာင္းခဲ့ၿပီး ကၽြန္ေတာ့္ကိုစီစဥ္ေပးဖို့ေျပာခဲ့လို့ Mung Pi ကိုတီးခိုင္းၿပီး ျပန္ပို့ေပးခဲ့တယ္။

သူအိမ္ျပန္ေရာက္တဲ့ခါ ေသခ်ာဆိုမယ္ဆိုၿပီး စီစဥ္ထားေပမယ့္ ေရာဂါပိုဆိုးလာလို့ ဆရာဝန္ကအိမ္ေပးမျပန္ေတာ့ဘူး။ ဒါေၾကာင့္ ဖုန္းေလးနဲ႔ ေဆး႐ုံေပၚမွာ သူအၾကမ္းဆိုထားခဲ့တာေလးပဲက်န္ခဲ့ပါတယ္။ ကိုေအာင္ဒူး ကို Mixing ဆြဲေပးဖို့ ေျပာထားပါတယ္။ ဒီသီခ်င္းေလးက သူ႔အတြက္

ေနာက္ဆုံး(ေနာက္ဆုံး )ဆိုခဲ့တဲ့ သီခ်င္းေလးအျဖစ္ က်န္ေနခဲ့မွာပါ။ အားလုံးၿပီးတဲ့အခါ သူ႔အမ်ိဳးသား Brice သူဆႏၵရွိသလို ထုတ္လႊင့္ဖို့ ျပန္ပို့ေပးသြားပါမယ္ ဆိုၿပီးေတာ့ ေတးေရးစံပီးက ေျပာထားတာပါ။

မီးမီးခဲဟာ မကြယ္လြန္ခင္အခ်ိန္ေလးမွာေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းတစ္ပုဒ္ကို ႀကိဳးစားၿပီးေတာ့ အသံသြင္းခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲရဲ့ အမ်ိဳးသားကသာ သီခ်င္းကို ထုတ္လုပ္ဖို့ ဆႏၵရွိမယ္ဆိုရင္ ဒီသီခ်င္ေလးကို ပရိသတ္ေတြ

နားဆင္ရမွာပဲ ျဖစ္ပါတယ္ေနာ္။ ဖတ္ရွုေပးတဲ့ ပရိသတ္ႀကီးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆုိ္င္နုိင္ျကပါေစေနာ္။credit;စြယ္စံုသတင္းစံု

Unicode…သူမရဲ့ နောက်ဆုံးသီချင်းတစ်ပုဒ်ကို ဆေးရုံပေါ်မှာပဲ ဖုန်းနဲ့အသံသွင်းပြီးတော့ ပရိသတ်တွေအတွက် ချန်ရစ်ခဲ့တဲ့ မီးမီးခဲ

ဂီတမှူး၊ တေးရေးဆရာ စောဘွဲ့မှူးရဲ့ သမီးဖြစ်သူ မီးမီးခဲဟာ ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီးတော့ သီချင်းတွေသီဆိုခဲ့ရာ ဂီတလောကထဲမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်နော်။

စိတ်မကောင်းစရာတစ်ခုကတော့ မီးမီးခဲဟာ မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ ကင်ဆာရောဂါအခံကြောင့်ဘဲ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့တာပါ။ မီးမီးခဲက ဂီတကို ဝါသနာကြီးသူတစ်ယောက်ဖြစ်တာမို့

မကွယ်လွန်မီရက်ပိုင်းအလိုကဘဲ ဆေးရုံပေါ်မှာပဲ သီချင်းသစ်တစ်ပုဒ်ကို ဖုန်းလေးနဲ့ အသံသွင်းခဲ့တယ်လို့ သိရပါတယ်နော်။မီးခဲ မဆုံးခင် ရက်ပိုင်းအလိုမှာ ဆရာဒေါမနစ် ဆီကသီချင်းလေးတစ်ပုဒ်တောင်းခဲ့ပြီး ကျွန်တော့်ကိုစီစဉ်ပေးဖို့ပြောခဲ့လို့ Mung Pi ကိုတီးခိုင်းပြီး ပြန်ပို့ပေးခဲ့တယ်။

သူအိမ်ပြန်ရောက်တဲ့ခါ သေချာဆိုမယ်ဆိုပြီး စီစဉ်ထားပေမယ့် ရောဂါပိုဆိုးလာလို့ ဆရာဝန်ကအိမ်ပေးမပြန်တော့ဘူး။ ဒါကြောင့် ဖုန်းလေးနဲ့ ဆေးရုံပေါ်မှာ သူအကြမ်းဆိုထားခဲ့တာလေးပဲကျန်ခဲ့ပါတယ်။ ကိုအောင်ဒူး ကို Mixing ဆွဲပေးဖို့ ပြောထားပါတယ်။ ဒီသီချင်းလေးက သူ့အတွက်

နောက်ဆုံး(နောက်ဆုံး )ဆိုခဲ့တဲ့ သီချင်းလေးအဖြစ် ကျန်နေခဲ့မှာပါ။ အားလုံးပြီးတဲ့အခါ သူ့အမျိုးသား Brice သူဆန္ဒရှိသလို ထုတ်လွှင့်ဖို့ ပြန်ပို့ပေးသွားပါမယ် ဆိုပြီးတော့ တေးရေးစံပီးက ပြောထားတာပါ။

မီးမီးခဲဟာ မကွယ်လွန်ခင်အချိန်လေးမှာတော့ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်ကို ကြိုးစားပြီးတော့ အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲရဲ့ အမျိုးသားကသာ သီချင်းကို ထုတ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီသီချင်လေးကို ပရိသတ်တွေ

နားဆင်ရမှာပဲ ဖြစ်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။credit;စွယ်စုံသတင်းစုံ

Add a Comment

Your email address will not be published. Required fields are marked *