သံပုရာသီး စိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးများ
(၁)ရေဓတ်ပိုပြည့်စေတယ်
(၅) အစာကြေစေတယ်
Unicode…သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ
သံပုရာသီးကတော့ လူ့ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဓာတ်တွေအများကြီး ပါဝင်လို့နေ ပါတယ်နော်။ယခု နောက်ပိုင်းမှာလည်း ကျန်းမာရေးလိုက်စားသူတွေ ဟာရိုးရိုးရေတောင်
မဟုတ်တော့ဘဲ ရေထဲကိုသံပုရာကွင်းလေးတွေ ထည့်ပြီးတော့ သောက်လေ့ရှိကြတာပါ။အဲ့လိုသောက်ခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုစေလဲဆိုတာ ဖော်ပြပေးပါတယ်နော်။
(၁)ရေဓတ်ပိုပြည့်စေတယ်
အမျိုးသမီးတွေဟာ ပုံမှန်ရေဓာတ်၉၁အောင်စ လိုအပ်သလိုအမျိုးသားတွေကတော့၁၂၅အောင်စတောင် လိုအပ်ပါတယ်။ဒီတော့ရိုးရိုးရေသောက်မယ့် အစားအရသာနဲ့ အနံ့ပါအောင် သံပုရာသီးလေးထည့်ပေးခြင်းဟာရေကိုပိုသောက်ချင်စိတ်ဖြစ်စေတဲ့အတွက်ရေဓာတ်လည်းပိုပြည့်ဝစေပါတယ်နော်။
(၂)ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်စီသံပုရာသီးမှာဗီတာမင်စီပါဝင်တယ်ဆိုတာလူတိုင်းသိမှာပါနော်။ဗီတာမင်စီဟာ ခန္ဓာကိုယ်ကိုအကျိုးပြုနိုင်တဲ့ဓာတ်တွေထဲကတစ်ခုပါပဲ။
ဗီတာမင် စီ ဟာ antioxidant ဓာတ်ပေါကြွယ်ဝတဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် သာမန်အအေးမိတာတွေအပြင် အူမဘကီးကင်ဆာ၊ သွေးတိုးခြင်းနဲ့ လေဖြန်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်နော်။
(၃)အသားအရေအတွက်အသားခြောက်ခြင်းနဲ့အရေးအကြောင်းဖြစ်ခြင်းတို့မှကာကွယ်ပေးတဲ့အပြင်နေလောင်ခြင်းကိုလည်းသက်သာစေပါသေးတယ်နော်။
(၄)ကိုယ်အလေးချိန်ကျစေတယ်
သံပုရာသီးဟာpolyphenol antioxidants တွေပါဝင်တဲ့အတွက်ကြောင့်ကိုယ်အလေးချိန်ကျဆင်းစေမှုကိုလည်းအထောက်အကူပြုစေပါတယ်နော်။
(၅) အစာကြေစေတယ်
သံပုရာသီးမှာပါဝင်တဲ့အက်ဆစ်ဓာတ်ဟာအစာကျေစေပြီးဝမ်းမှန်စေပါတယ်။နောက်အူတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ထုတ်ပေးပါသေးတယ်။
(၆)ခံတွင်းအနံ့ကိုကောင်းစေတယ်
ထမင်းစားပြီးတိုင်းသံပုရာစိမ်ရေတစ်ခွက်သောက် ခြင်းက စားကြွင်းစားကျန်တွေကိုချေဖြတ်ပေးတဲ့အတွက်ကြောင့်ခံတွင်းနံ့တွေကိုလည်းပျောက်စေတာပါ။ဒီနေရာမှာသံပုရာသီးအစားရှောက်သီးကိုလည်းအသုံးပြုနိုင်ပါတယ်နော်။credit
Add a Comment
Your email address will not be published. Required fields are marked *