Unicode…ကိုဗစ်တိုက်စစ်မှုးတွေအတွက် အချက်၂ချက် တောင်းဆိုလိုက်တဲ့ မောင်မောင်အေး
အစီစဉ်တင်ဆက်သူ မောင်မောင်အေး လို့ ဆိုလိုက်ရင် ချစ်ပရိတ်သတ်တေ အားလုံး သိပြီးသား ဖြစ်မှာပါနော်။အခု တစ်ကြိမ်မှာတော့ မောင်မောင်အေးကတော့ ကိုဗစ် တိုက်ဖျက်ရေးမှာ လုပ်ဆောင်နေတဲ့ တိုက်စစ်မူးတွေအတွက်
အချက် နှစ်ချက်ကို တောင်းဆို လိုက်တာဘဲ ဖြစ်ပါတယ်နော်။ အဲတာကတော့ ဒီကိုဗစ်ကပ်ဆိုးကြီး ပြီးရင် အလုပ်ချင်ဆုံး အဖြစ်ချင်ဆုံး ဆန္ဒ ၂ ခုရှိတယ်။၂ ခုလုံးကတော့ အစိုးရ လူကြီးမင်းတွေကို တောင်းဆိုချင်တာပါ။
ပထမတခုက First Wave ကတည်းက ပြည်သူတွေအတွက် အသက်စွန့် ကယ်တင် ကူညီပေးခဲ့တဲ့ ဆရာဝန်တွေနဲ့  ကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာ့ဝန်ထမ်းတွေအတွက် သီးသန့်နေ့လေးတရက် သတ်မှတ်ပြီးတော့
ဂုဏ်ပြုပေးဖို့နဲ့နောက်တခုကတော့ သက်ဆိုင်ရာ သက်ဆိုင်ရာကိုယ့်မြို့တွေမှာရှိတဲ့ ရှေ့တန်းတိုက်စစ်မှူးသူရဲကောင်း ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေတယောက်မကျန်ရဲ့ ပတ်စပို့ဓါတ်ပုံတွေကို ကြေးပြားနဲ့သေချာပုံရိုက်ပေးပြီးတော့ ပန်းခြံဖြစ်ဖြစ်
public area တခုခုရဲ့ နံရံတခုပေါ်မှာ ရာသက်ပန် ရေရှည်ခံကွာလတီနဲ့ ပုံရောနာမည်ပါတွဲပြီး ဂုဏ်ပြုမှတ်တမ်းတင်ထားပေးစေချင်တာပါ။ဖြစ်နိုင် မဖြစ်နိုင်  လွယ် မလွယ်  လုပ်ပေးလို့ ရ မရတော့ လူကြီးတွေ ဆွေးနွေးဆုံးဖြတ်ပေးစေချင်တာပါပဲ။တကယ်လည်းလုပ်ပေးစေချင်တယ်။
သိပ်အဖိုးတန်တဲ့သူတွေမို့လို့ ဒါမျိုးဂုဏ်ပြုပေးဖို့ရာ အထူးထိုက်တန်သူတွေဖြစ်လို့ပါ ။အစိုးရဘက်ဂျက်လည်း ထုတ်စရာမလိုအောင် သက်ဆိုင်ရာမြို့တွေက လုပ်ငန်းရှင်တွေ အလှူရှင်တွေကနေပြီး
တာဝန်ယူပေးကြမယ်လို့လည်း သေသေချာချာယုံကြည်တယ်။နံရံပေါ်မှာ ဘယ်လို စီစဉ်ရေးသား နေရာချမယ် ဆိုတဲ့ Format လေးတခု တူအောင် စနစ်တကျလေးလုပ်ပေးဖို့
ဆိုရင်လည်း ကူညီပေးနိုင်တဲ့သူတွေက အဆင်သင့်ပါ ။သဘောတူတဲ့ အမျိုးတွေလက်ညှိုးထောင်ပေးကြပါဦးဗျာ ဆိုပြီးတော့ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်နော်။Source;Mg Mg Aye
Add a Comment
Your email address will not be published. Required fields are marked *