နာမည်ကျော်ပွန်ပေမြို့က ရှေးဟောင်းပစ္စည်းကို ခိုးယူခဲ့ပြီးနောက် ကျိန်စာသင့်လို့ မူရင်းဒေသကို ပြန်ပို့ပေးခဲ့ရ တဲ့ အမျိုးသမီး

နာမည်ကျော်ပွန်ပေမြို့က ရှေးဟောင်းပစ္စည်းကို ခိုးယူခဲ့ပြီးနောက် ကျိန်စာသင့်လို့ မူရင်းဒေသကို ပြန်ပို့ပေးခဲ့ရ တဲ့ အမျိုးသမီး

ရှေးဟောင်း ပွန်ပေမြို့ကနေ ရှေးဟောင်းပစ္စည်း အပိုင်းအ စတွေကို တတိတိနဲ့ ခိုးယူနေခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွား တစ်ဦးကတော့ ကျိန်စာသင့်မှုတွေကို ခံနေခဲ့ရပြီးနောက်မှာ ထို ပစ္စည်းတွေကို ပြန်လည်ပေး အပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာလွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရှေးဟောင်းပစ္စည်းတွေကို ဖြည်းဖြည်းချင်း ခိုးယူနေခဲ့တာပါ။ ကမ္ဘာလှည့် ခရီးသွားတစ်ဦးဖြစ်တဲ့ ကနေဒါက အမျိုးသမီးဖြစ်ပြီး နစ်ကိုးလ်လို့ အမည်ရပြီး ပါကင် ထုပ်ထားတဲ့ အုပ်ကြွပ် ပန်းချီကားနှစ်ချပ်၊ ပွန်ပီမြို့က ခရီးသွား အေးဂျင့်တစ်ဦး ရဲ့ ကြွေထည် မြေထည် အပိုင်းအစတွေကို ပြန်လည် ပေးအပ်ခဲ့တာဖြစ်ပြီးတော့

ဝန်ခံစာ တစ်စောင်လည်း ပါဝင်ခဲ့တယ်လို့ The Guardian သတင်းဌာနက ဖော်ပြခဲ့တာပါ။နစ်ကိုးလ်က သူမရဲ့အသက် ၂ဝ နှစ် ကျော်အတွင်းမှာ ပွန်ပီကို သွားရောက် လည်ပတ်ခဲ့တာလို့ သိရပါတယ်။

သူမဟာ အဲဒီကနေ ရှေးဟောင်းပစ္စည်းတွေကို ခိုးယူခဲ့ပြီးနောက်မှာဘဲ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ဒါဟာ ခိုးယူခဲ့တာကြောင့်လို့ သူမကယုံကြည်နေခဲ့တာပါ။ရင်သားကင်ဆာခံစားရမှု နှစ်ကြိမ်အပါအဝင် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ်လို့ သူမက ပြောခဲ့တာပါ။

ကျေးဇူးပြုပြီး ဒါတွေကို ပြန်လည်ပို့ပေးလိုက်ပါတယ်၊ ဒါတွေက ကံဆိုးခြင်းတွေကို ယူဆောင်လာခဲ့တာပါ လို့ သူမရဲ့ စာထဲမှာ ပါဝင်ခဲ့ပါတယ်။ခိုးယူခဲ့စဉ်တုန်းက သူမဟာ သမိုင်းဝင်ပစ္စည်း အစိတ်အပိုင်းတွေကို လိုချင်မက်မောနေခဲ့တာဖြစ်ပြီး ဘယ်သူ့ဆီမှာမှ မရှိတဲ့အရာတွေကို လိုချင်ခဲ့မိတာလို့ ဝန်ခံခဲ့တာပါ။

ဒါပေမယ့်လည်း ရှေးဟောင်း ပစ္စည်းတွေက ပျက်စီးခြင်းနဲ့ စပ်လျဉ်းတဲ့ စွမ်းအင်တွေ အများကြီးရှိနေတယ်လို့ သူမက လက်ခံခဲ့ပါတယ်။ပွန်ပီ ကတော့ အီတလီနိုင်ငံ၊ နေပယ်လ်မြို့တော်အနီးမှာ တည်ရှိခဲ့တဲ့ မြို့ဟောင်းဖြစ်ပြီး မြို့လယ်ခေါင်မှာတော့ Vesuvius မီးတော င်ကြီး တည်ရှိနေ ခဲ့ပါတယ်။

အေဒီ၇၉ ခုနှစ်က နောက်ဆုံး အကြိမ်ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြောင့် ပွန်ပီမြို့ဟာ ချော်ရည်ပူတွေအောက်ကို ရောက်ခဲ့ရပြီး လူပေါင်းနှစ်ထောင်ကျော် အထိ သေဆုံးခဲ့ရတဲ့အထိ အဖြစ်ဆိုးခဲ့တာပါ။အီတလီရဲ့ ဆွဲဆောင်မှုအရှိဆုံး ရှေးဟောင်း ဒေသတစ်ခု ဖြစ်ပြီးတော့ ခရီးသွားတွေရဲ့ ခိုးယူမှုဒဏ်ကိုလည်း

နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပါတယ်။ နစ်ကိုးလ်က သူမရဲ့စာထဲမှာ ဒီအဖြစ်ကနေ သင်ခန်းစာယူမယ်လို့ ဆိုခဲ့ပြီး ဘုရားသခင်ဆီက ခွင့်လွှတ်မှုကို ရရှိချင်တယ်လို့လည်းပြောခဲ့တာပါ။အခုဆို ကျွန်မအသက်က ၃၆ နှစ်ရှိပါပြီ၊

ရင်သား ကင်ဆာဝေဒနာကို နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး နောက်ဆုံးအကြိမ် မှာတော့ ရင် သားနှစ်ခုလုံးကို ဖြတ်ထုတ်ခဲ့ရပါတယ်၊ ကျွန်မ မိသားစုနဲ့ ကျွန်မကို ယ်တိုင်လည်း ငွေရေးကြေးရေး ပြသနာတွေ ကြုံတွေ့ခဲ့ရ ပါတယ်၊

ကျွန်မတို့က လူကောင်းတွေပါ၊ ဒီကျိန်စာဆိုးတွေကို ကျွန်မမိသား စု ဒါမှမဟုတ် ကလေးတွေအပေါ် မကျရောက်စေချင်ပါဘူး ဆိုပြီး နစ်ကိုးလ်က ရေးသားခဲ့တာပါ။အခုလိုမျိုး နောင်တရမှုကို နစ်ကိုးလ်တစ်ဦးတည်း ကြုံတွေ့ခဲ့ရတာမဟုတ်သေးပါဘူး။

အခြားသော လူနှစ်ဦးဆီက ပြန်လည်ပေးပို့မှုတွေလည်းရှိနေခဲ့ပြီးတော့ ကနေဒါနိုင်ငံကပဲဖြစ်ကာ ကျောက်တုံးတချို့ကို ၂၀၀၅ ခုနှစ်အတွင်းက ခိုးယူခဲ့တာဖြစ်ပြီး ဝန်ခံစာနဲ့အတူ ပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်“မီးတောင်ပေါက်ကွဲမွုအတွင်းမွာ ကြုံတွေ့ခဲ့ရတဲ့ သေကြေပက်ြစီးမွုတွေ၊ နာကျင်ခံစားရမွုတွေကို ကြှန်တော်တို့ မေတွးတောခဲ့ကြဘဲနဲ့ သူတို့ကို ယူဆောင်သွားခဲ့မိပါတယ်၊ ဒီအတွက် စိတ်မေကာင်းပါဘူး၊

ကြေးဇးပြုပြီး ကြှန်တော်တို့ရဲ့ မိုက်မဲတဲ့ရွေးခယ်ြမွုကို ခွင့်လွ တ်ပေးကြပါ၊ သူတို့ရဲ့ ဝိဉာဉ်တွေ ငြိမ်းချမ်းစွာနဲ့ အနားယူနိုင်ကြပါစေ” လို့ အဆိုပါစာအတွင်းမွာလည်း ရေးသားခဲ့တာပါ။ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်းမှာ အဆိုပါရှေးဟောင်းဒေသကနေ ပစ္စည်းခိုးယူသွားမှုတွေ အများအပြားရှိခဲ့ပြီးနောက် ပြန်လည်ပေးပို့မှုတွေလည်း အများကြီးရှိခဲ့ပါတယ်။

အပြစ်ရှိကြောင်းဝန်ခံမှုတွေနဲ့အတူ ပေးပို့ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက အဆိုပါပစ္စည်းတွေနဲ့ အကြောင်းအရာ တွေကို ဖော်ပြဖို့ အတွက် ပြတိုက်တစ်ခုကို တည် ဆောက်ခဲ့ကြပါတယ်။အချိန် အများစုမှာတော့ ခရီးသွားတွေဟာ ရှေးဟောင်းပစ္စည်းတွေကို အမှတ်တရအဖြစ် ယူဆောင်ခဲ့ကြပြီး

တချို့ကတော့ အွန်လိုင်းကတဆင့် ပြန်လည်ရောင်းချခဲ့ကြတာပါ။၂၀၁၅ ခုနှစ်အတွင်းကဆိုရင် အပျက်အစီးတွေ ကြားကနေ ယူလာခဲ့တဲ့ အုတ်ခဲ တစ်လုံးကို eBay ကတဆင့် လေလံတင် ရောင်းချဖို့အတွက်ကို ကြော်ငြာခဲ့ကြောင်းလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။Credit

Add a Comment

Your email address will not be published. Required fields are marked *