ကားပေါ်မှာ ဓမ္မတာလာလို့ဒုက္ခရောက်နေတဲ့ ကောင်မလေးကို ပါးနပ်စွာကူညီခဲ့တဲ့ အမျိုးသား
Unicode…ဘတ်စ်ကားပေါ်မှာ ဓမ္မတာလာလို့ ဒုက္ခရောက်ခဲ့တဲ့ ကောင်မလေးကို ပါးနပ်စွာကူညီခဲ့တဲ့ အမျိုးသား
ကိုရီးယားမှာသာမကဘဲ အာရှမိန်းကလေးပရိသတ်တွေကြားထဲမှာ အမျိုးသားတစ်ယောက်ရှိပါတယ်နော်။ရုပ်ချောလို့ နာမည်ကြီးနေတာမျိုး မဟုတ်ပဲ သူ့ရဲ့ gentleman ဆန်တဲ့ အပြုအမူကြောင့်ပါဘဲနော်။
ဘတ်စကားပေါ်မှာ ဓမ္မတာ လာနေတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ဖက် မိန်းကလေးလည်း သူ့ကြောင့် အရှက်ရတာမျိုးကို မဖြစ်အောင် ပညာသားပါပါ ကူညီပေးခဲ့တဲ့ သူ့ရဲ့ အပြုအမူကြောင့်ဘဲ Straw berry Milk Oppa ဆိုပြီး တော့
နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်နော်။ဖြစ်ရပ်ကတော့ မိန်းကလေး တစ်ယောက်ဟာ ဘတ်စ်ကားပေါ်မှာ ရာသီလာနေတဲ့ အတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့တာပါ။
သူမကိုယ်တိုင်ကလည်း လာမယ့် ရက်ကို မေ့နေခဲ့တဲ့ အတွက် ဘာမှ အကာအကွယ်တွေ မလုပ်ခဲ့ရပါဘူး။ပိုဆိုးတာ ကတော့ ဓါတ်ပုံရိုက်ကူးဖို့ရှိတဲ့အတွက် ဒီလို အချိန်မျိုးမှာမှ စကပ်အတိုကို ဝတ်လာခဲ့မိတာပါ။
ရာသီသွေးတွေက သူမရဲ့ အဝတ်အစား၊ပေါင်တို့မှာ ပေကျံသွားခဲ့တာပါ။ရှက် လည်း ရှက်၊ထထွက်သွားရမှာလည်း အဆင်မပြေတာကြောင့် ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိဖြစ်နေခဲ့တာပါ။မိန်းကလေးတစ်ယောက် အတွက် တကယ့်ကို အခက် ကြုံနေတဲ့ အချိန်ပါပဲနော်။
အဲ့ချိန်မှာ သူမရဲ့ အခက်အခဲကို ကယ်တင်ပေးမယ့် နတ်သားလေးတစ်ပါး ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမျိုးသား တစ်ယောက် သူမရဲ့ဘေးနား ရောက်လာပြီး သူ့ လက်ထဲက စတော်ဘယ်ရီ နို့ ဘူးကို ကောင်မလေးရဲ့ အပေါ် ဖိတ်ကျချင်ယောင်ဆောင်ခဲ့ပါတယ်နော်။
သူ့ရဲ့ ဂျက်ကတ်နဲ့တစ်ရှူးကို ပေးပြီးတော့ ဖိတ်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ကျွန်တော့် အဝတ်အစားကို ခါးမှာချ ည်ပြီး သွားလို့ရ ပါတယ် ဆိုပြီးတော့ ကောင်မလေးလည်း ရှက်မသွားအောင်၊ဘေးလူတွေလည်း မသိအောင် ကူညီပေးပြီးတော့
ဘတ်စ်ကားပေါ်က ဆင်းသွားခဲ့ပါတယ်။ အဲ့ဒီကောင်လေးအကြောင်းကို ကောင်မလေးက fb စာမျက်နှာက တစ်ဆင့်ရှာခဲ့ပြီးတော့ နောက်ဆုံးမှာတော့ ပြန်ရှာတွေ့ခဲ့တာပါ။ကောင်မလေးက ဂျက်ကတ်ဖိုးပေးပါရစေ၊တစ်ခုခုလိုက်ကျွေး ပါရစေလို့
တောင်းဆိုပေမယ့်လည်း ရိုးသားလွန်းတဲ့ ကောင်လေးက နောက်တစ်ခါ ပြန်တွေ့ရင် စတော်ဘယ်ရီနို့ဘူးပဲ ပြန်ဝယ်ပေးပါလို့ reply ပြန်ခဲ့ပါတယ် ။
ရိုးသားပြီး gentleman ဆန်တဲ့ သူ့ရဲ့ အပြု အမူ ကြောင့် အခုဆိုရင်တော့ အွန်လိုင်းပေါ်မှာ Strawberry Milk Oppa ဆိုပြီးတော့ ကောင်မလေးတွေရဲ့ ဟီးရိုးဖြစ်လာခဲ့ပါတယ်နော်။
သူ့ရဲ့ နာမည်ကတော့ Kang Sung Hyun၊ အသက်ကတော့ (၂၁)ဖြစ်ပြီး Suwon မြို့မှာနေတာပါ။အခုဆိုရင်တော့ ကိုရီးယားတင်မဟုတ်ပဲ ကမ္ဘာတစ်ဝန်း မှာပါ သူ့ကို အားပေးကြတဲ့ fans တွေ အများကြီးရှိလာတာကို တွေ့ရပါတယ်နော ။credit;aunty may
Add a Comment
Your email address will not be published. Required fields are marked *