










credit;Swelsone News

Unicode…ကမ္ဘာကျော်မင်းသားတွေနဲ့အတူ Tccandler ရဲ့ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ဟာ ရှည်လျားတဲ့အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင်တည်ကြည်လွန်းတာကြောင့် မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

ပိုင်တံခွန်ဟာ ပြည်တွင်းမှ ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲနဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီးတော့ ပြည်ပနိုင်ငံတွေအထိ

ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ကမ္ဘာကသိတဲ့ မြန်မာမင်းသားအဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ ပိုင်တံခွန်ကတော့ ယခုတစ်ခါမှာလည်း မြန်မာပရိသတ်တွေ ဂုဏ်ယူစရာအကြောင်းအရာတစ်ခုကို

သယ်ဆောင်လာပြန်ပါပြီနော်။Tccandler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာကျော်မင်းသားတွေဖြစ်တဲ့ Jason Momoa, Chris Evans, Keanu Reeves, Leonardo Dicaprio, Tom Cruise Michele Morrone, Lucas Bravo တို့နဲ့အတူတူ

အာရှတိုက်ရဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Park Seo Joon, Kim Soo Hyun, Hyun Bin, Metawin Opas Iamkjorn, Bright, Wang Yibo, Fawad Khan စတဲ့ မင်းသားတွေပါဝင်ပြီးတော့

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ကတော့ ပိုင်တံခွန်တစ်ယောက်တည်းသာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။ပိုင်တံခွန်ဟာ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးကလည်းလည်း ကိုယ့်နိုင်ငံက

မင်းသားချောတစ်ယောက်အနေနဲ့ ပထမဦးဆုံး ပါဝင်လာတဲ့ ပိုင်တံခွန်ကို Tccandler ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ သွားရောက်ဝန်းရံပေးကြပါအူးနော်။TC Candler ရဲ့ The most handsome faces of 2020 မှာ နိုင်ငံတကာ အနုပညာတွေနဲ့အတူ Nominee ဝင်လာတဲ့

မြန်မာမင်းသား ပိုင်တံခွန်ကို Vote ပေးချင်တဲ့ ချစ်ကလေးတွေ အောက်က link လေးမှာ ဝန်းရံပေးလိုက်ကြပါအူးနော်။Original Link https://www.instagram.com/p/CGS1uELHlKF/?igshid=2ddmnzi59q3h

Original Post မှာလဲ အားလုံးက ပိုင်တံခွန်ကို အားပေးနေတာ မြင်ရတာ တကယ် ကျေနပ်စရာပါဘဲနော်။

credit;Swelsone News

Add a Comment

Your email address will not be published. Required fields are marked *