ကမာၻမွာ ရွိမယ္လုိ႔ထင္မထားတဲ့ ေခါင္းႏွစ္လုံးရွိတဲ့ ငါးမန္းေလးကိုဖမ္းမိခဲ့တဲ့ တံငါသည္

ကမာၻမွာရွိမယ္လုိ႔ေတာင္ ထင္မထားတဲ့ ေခါင္းႏွစ္လုံးပါတဲ့ ငါးမန္းေလးကို ဖမ္းမိခဲ့တဲ့ တံငါသည္

ေခါင္းႏွစ္လုံးပါတဲ့သတၱဝါေတြထဲမွာေတာ့ ေျမြ၊ ဝက္၊ ႏြားစသျဖင့္ ေတာ္ေတာ္မ်ားမ်ား ျမင္ဖူးေလ့ရွိခဲ့ၾကေပမယ့္လည္း ေခါင္းႏွလုံးပါတဲ့ ငါးဆုိတာ အေတာ္ေလး ေတြ႕ရခဲပါတယ္ေနာ္။

ေခါင္းႏွစ္လုံးပါတဲ့ ငါးမန္းဆုိရင္ေတာ့ ကမာၻမွာ ရွိမယ္လုိ႔ေတာင္ ထင္ထားၾကမွာ မဟုတ္ပါဘူးေနာ္။ သို့ေသာ္လည္း ဒီငါးေလးကို ကုိယ္တုိင္ကုိယ္က် ဖမ္းမိခဲ့တဲ့ တံငါသည္တစ္ေယာက္ ရွိခဲ့ပါတယ္ေနာ္။

တံငါသည္ရဲ႕နာမည္ကေတာ့  Nitin Patel ျဖစ္ပါတယ္ေနာ္။ သူကေတာ့ အိႏၵိယအေနာက္ပိုင္း ကမ္း႐ုိးတန္း Maharashtra မွာ ငါးဖမ္းေနစဥ္ ဒီေခါင္းႏွစ္လုံးပါ ငါးမန္းေလးကို မထင္မွတ္ဘဲ ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ငါးမန္းေလးကေတာ့ ျမင္တဲ့အတုိင္းပဲ ခပ္သိမ္သိမ္ျဖစ္ေနတဲ့ ေခါင္းတစ္လုံးလည္း အပိုပါလာၿပီးေတာ့ မ်က္လုံးေတြဟာလည္း ပုံမွန္ဖြဲ႕စည္းထားတဲ့ မ်က္လုံးမ်ိဳး မဟုတ္ပါဘူး။အိႏၵိယစုိက္ပ်ိဳးေရးနဲ႔ေရလုပ္ငန္း သုေတသနဌာနက

ေဒါက္တာ KV Akhilesh ဟာ ဒီလုိျဖစ္စဥ္မ်ိဳးကေတာ့ အလြန္ရွားပါးၿပီးေတာ့ ဒီငါးမန္းေလးအေနနဲ႔လည္း မူမမွန္တဲ့ ကိုယ္အဂၤါဖြဲ႕စည္းပုံေၾကာင့္ဘဲ ေရရွည္အသက္ရွင္ဖုိ႔ မလြယ္ဘူးလုိ႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

တံငါသည္ Nitin အေနနဲ႔ေတာ့ ဒီငါးေလးကို သိပ္မဆန္းက်ယ္ဘူးလုိ႔ သေဘာထားၿပီး ဓာတ္ပုံေလာက္ပဲ စတိေလာက္႐ုိက္ယူကာ လႊင့္ပစ္လုိက္တယ္လုိ႔ ဆုိပါတယ္။ဒါေပမယ့္ အိႏၵိယႏုိင္ငံ၊ Marine Fisheries Research Institute ရဲ႕ထုတ္ျပန္ခ်က္မွာေတာ့

ဒီလုိငါးမ်ိဳးကို သမုိင္းတစ္ေလွ်ာက္ ႏွစ္ႀကိမ္သာ ေတြ႕ခဲ့ဖူးေၾကာင္း၊ ငါးမန္းအေကာင္ေရ တစ္ေသာင္းမွာ တစ္ေကာင္ျဖစ္ဖုိ႔ ခဲယဥ္းတဲ့အေျခအေနျဖစ္ေၾကာင္း ဆုိမွ Nitin အဖုိ႔ အေတာ္ေလး အံ့ၾသခဲ့ရတဲ့အျဖစ္လုိ႔ ဆုိပါတယ္ေနာ္။

တံငါသည္ Nitin က  ေျပာရရင္ ကၽြန္ေတာ္တုိ႔က ငါးအေသးေလးေတြဆုိ မစားဘူးဗ်။ ေနာက္ ငါးမန္းဆုိရင္လည္း ကၽြန္ေတာ္တုိ႔ မစားပါဘူး။ဒီငါးက ထူးဆန္းတယ္လုိ႔ ဆုိေပမယ့္ ကၽြန္ေတာ္ လႊင့္ပစ္လုိက္ပါတယ္။

အရင္က တစ္ခါမွ ဒီလုိမျမင္ဖူးဘူး။ကၽြန္ေတာ္ ဘာပဲျဖစ္ျဖစ္ လႊင့္ပစ္လုိက္ပါတယ္ ဆိုျပီး ေျပာခဲ့တာပါ။ တ႐ုတ္ႏုိင္ငံမွာလည္း လြန္ခဲ့တဲ့ႏွစ္က ပုံစံမူမမွန္တဲ့ ငါးေတြကို ဖမ္းမိတဲ့အျဖစ္ေတြ ရွိခဲ့တယ္ လို့ ဆိုပါတယ္။

ဘာသာျပန္ – လင္းေဇာ္ကုိ

Ref ; DailyStar

Unicode…ကမ္ဘာမှာရှိမယ်လို့တောင် ထင်မထားတဲ့ ခေါင်းနှစ်လုံးပါတဲ့ ငါးမန်းလေးကို ဖမ်းမိခဲ့တဲ့ တံငါသည်

ခေါင်းနှစ်လုံးပါတဲ့သတ္တဝါတွေထဲမှာတော့ မြွေ၊ ဝက်၊ နွားစသဖြင့် တော်တော်များများ မြင်ဖူးလေ့ရှိခဲ့ကြပေမယ့်လည်း ခေါင်းနှလုံးပါတဲ့ ငါးဆိုတာ အတော်လေး တွေ့ရခဲပါတယ်နော်။

ခေါင်းနှစ်လုံးပါတဲ့ ငါးမန်းဆိုရင်တော့ ကမ္ဘာမှာ ရှိမယ်လို့တောင် ထင်ထားကြမှာ မဟုတ်ပါဘူးနော်။ သို့သော်လည်း ဒီငါးလေးကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းမိခဲ့တဲ့ တံငါသည်တစ်ယောက် ရှိခဲ့ပါတယ်နော်။

တံငါသည်ရဲ့နာမည်ကတော့  Nitin Patel ဖြစ်ပါတယ်နော်။ သူကတော့ အိန္ဒိယအနောက်ပိုင်း ကမ်းရိုးတန်း Maharashtra မှာ ငါးဖမ်းနေစဉ် ဒီခေါင်းနှစ်လုံးပါ ငါးမန်းလေးကို မထင်မှတ်ဘဲ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ငါးမန်းလေးကတော့ မြင်တဲ့အတိုင်းပဲ ခပ်သိမ်သိမ်ဖြစ်နေတဲ့ ခေါင်းတစ်လုံးလည်း အပိုပါလာပြီးတော့ မျက်လုံးတွေဟာလည်း ပုံမှန်ဖွဲ့စည်းထားတဲ့ မျက်လုံးမျိုး မဟုတ်ပါဘူး။အိန္ဒိယစိုက်ပျိုးရေးနဲ့ရေလုပ်ငန်း သုတေသနဌာနက

ဒေါက်တာ KV Akhilesh ဟာ ဒီလိုဖြစ်စဉ်မျိုးကတော့ အလွန်ရှားပါးပြီးတော့ ဒီငါးမန်းလေးအနေနဲ့လည်း မူမမှန်တဲ့ ကိုယ်အင်္ဂါဖွဲ့စည်းပုံကြောင့်ဘဲ ရေရှည်အသက်ရှင်ဖို့ မလွယ်ဘူးလို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

တံငါသည် Nitin အနေနဲ့တော့ ဒီငါးလေးကို သိပ်မဆန်းကျယ်ဘူးလို့ သဘောထားပြီး ဓာတ်ပုံလောက်ပဲ စတိလောက်ရိုက်ယူကာ လွှင့်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် အိန္ဒိယနိုင်ငံ၊ Marine Fisheries Research Institute ရဲ့ထုတ်ပြန်ချက်မှာတော့

ဒီလိုငါးမျိုးကို သမိုင်းတစ်လျှောက် နှစ်ကြိမ်သာ တွေ့ခဲ့ဖူးကြောင်း၊ ငါးမန်းအကောင်ရေ တစ်သောင်းမှာ တစ်ကောင်ဖြစ်ဖို့ ခဲယဉ်းတဲ့အခြေအနေဖြစ်ကြောင်း ဆိုမှ Nitin အဖို့ အတော်လေး အံ့သြခဲ့ရတဲ့အဖြစ်လို့ ဆိုပါတယ်နော်။

တံငါသည် Nitin က  ပြောရရင် ကျွန်တော်တို့က ငါးအသေးလေးတွေဆို မစားဘူးဗျ။ နောက် ငါးမန်းဆိုရင်လည်း ကျွန်တော်တို့ မစားပါဘူး။ဒီငါးက ထူးဆန်းတယ်လို့ ဆိုပေမယ့် ကျွန်တော် လွှင့်ပစ်လိုက်ပါတယ်။

အရင်က တစ်ခါမှ ဒီလိုမမြင်ဖူးဘူး။ကျွန်တော် ဘာပဲဖြစ်ဖြစ် လွှင့်ပစ်လိုက်ပါတယ် ဆိုပြီး ပြောခဲ့တာပါ။ တရုတ်နိုင်ငံမှာလည်း လွန်ခဲ့တဲ့နှစ်က ပုံစံမူမမှန်တဲ့ ငါးတွေကို ဖမ်းမိတဲ့အဖြစ်တွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။

ဘာသာပြန် – လင်းဇော်ကို

Ref ; DailyStar

Add a Comment

Your email address will not be published. Required fields are marked *