သိန်းရာချီတန်ကားကြီးကို ချွန်တွန်းပရဟိတအဖွဲ့အတွက် လှူဒါန်းတဲ့ မိသားစုအကြောင်းပြောလာတဲ့ ဒိန်းဒေါင်
Unicode…သိန်းရာချီတန်ကားကို ချွန်တွန်းပရဟိတအဖွဲ့ အတွက် လှူဒါန်းတဲ့  မိသားစုအကြောင်းပြောလာတဲ့ ဒိန်းဒေါင်
ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ဟာ ကိုဗစ် ကာလမှာ သူ့ရဲ့ ချွန်တွန်း ပရဟိတအဖွဲ့တွေနဲ့အတူ အလှူအတန်းတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ချွန်တွန်းပရဟိတကို လာရောက်လှူဒါန်းကြတဲ့အလှူငွေတွေနဲ့ လိုအပ်နေတဲ့နေရာတွေ ကူညီလှူဒါန်းခဲ့ပြီးတော့ အမှန်တကယ်အကူညီမဲ့နေသူတွေကို အိမ်တိုင်ရာရောက်ကူညီမှုပေးနေခဲ့တာပဲဖြစ်ပါတယ်နော် ။
ထို့ပြင် အနုပညာရှင်အသိုင်းအဝိုင်းနဲ့ တခြားတခြားသောအလှူရှင်တွေလည်း ချွန်တွန်းပရဟိတအတွက် အလှူငွေတွေ ပါဝင်လှူဒါန်းပြီးတော့ ကုသိုလ်ယူခဲ့ကြတာပါ။
ဖုန်းဆက်ပြီးအကူညီတောင်းသမျှ နေရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုပြီးတော့ လိုအပ်တာမှန်သမျှကို တတ်အားသမျှ လှူဒါန်းကုသိုလ်ယူလျက်ရှိပြီး ယနေ့တိုင် အဆက်မပြတ်လှူဒါန်းပေးနေခဲ့တာပါ ။
ဗုဒ္ဓဘာသာ မြန်မာအယူဆတစ်ခုအရ တူသောအကျိုးပေးတယ်လို့တောင်ဆိုရမှာပါနော်။ သိန်း(၂၀၀)တန်ကားကြီးကို ချွန်တွန်းပရဟိတအဖွဲ့ကို အလှူရှင် မိသားစုတစ်စုက လာရောက်လှူဒါန်းခဲ့ကြောင်းကို ဒိန်းဒေါင်က
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ်နော်။အခုလို သိန်းရာကျော်တန်ကားကြီး လာရောက် လှူဒါန်းလိုက်တဲ့မိသားစုကိုသာဓုခေါ်ပေးကြပါဦးလို့ ဒိန်းဒေါင်က ပရိသတ်တွေကိုတောင်းဆိုထားပါတယ်နော်။credit-cele gabar
Add a Comment
Your email address will not be published. Required fields are marked *