၁။ စိတ်ဓာတ်အကျမခံပါနဲ့
၂။ အာဟာရရှိအောင်စားပါ
၃။ အိပ်ရေးဝအောင်အိပ်ပါ
၎။ ဖြည့်စွက်စွာမှီဝဲပါ
၆။ ဘာသာရေးလုပ်ပါ
၇။ အကောင်းဘက်ကတွေးပါ
Unicode…တစ်မိသားစုလုံး ပိုးတွေ့ခဲ့သူတစ်ဦးရဲ့ ကိုဗစ်ကိုရင်ဆိုင်ကျော်လွှားခဲ့ပုံ
Positive ဖစ်သွားလို့စိတ်ဓာတ်မကျပါနဲ့နော်။ ညီမတို့ မိသားစုလဲ Covid Waveထိခဲ့တာပါ။ အခုမိသားစုအားလုံးအိမ်ပြန်ရောက်ပီမလို့ Q ဝင်ခဲ့တဲ့ကာလအတွင်းလုပ်ခဲ့တာလေးတွေ Shareပေးချင်ပါတယ်နော်။ အမှားပါခဲ့ရင်လဲ ခွင့်လွှတ်ပေးစေချင်ပါတယ်ရှင်။
၁။ စိတ်ဓာတ်အကျမခံပါနဲ့
အဓိက ကတော့ စိတ်ပါ စိတ်ထောင်းကိုယ်ကြေမဖစ်စေချင်ပါဘူး။Pဆိုတာနဲ့ ပတ်ဝန်းကျင်ကသက်ရောက်မှုကတော်တော်ပြင်းပါတယ်။ Pဖစ်တာဟာ တရားခံဖစ်တာမဟုတ်ပါဘူးနော်။
လူတိုင်းမှာဖစ်လာနိုင်ပါတယ်။ ကိုယ့်မိသားစုအချင်းချင်းအားပေးပါ။ အကုန်ဖြတ်ကျော်နိုင်မယ်ဆိုတဲ့စိတ်ကိုထည့်ထားပါ ။ခနတာကြုံရချိန်မှာသတ္တိရှိရှိ ဖြတ်သန်းနိုင်ပါတယ်ဆိုတဲ့ စိတ်ကိုအပျောက်မခံပါနဲ့နော်။
၂။ အာဟာရရှိအောင်စားပါ
စိတ်ချည်းပဲမာလို့မရပါဘူး ။အစာကိုသေချာစားပါနော်။ စားမဝင်တာ မျိုချမရတာရှိပါတယ်။ သောကမရောက်ပါနဲ့။ ညီမတို့ Qဝင်တုန်းကဆို မနက်အိပ်ယာနိုးရင် မနက်စာကိုအပြည့်စားပါတယ် ။ပီးရင် ကြက်ဥပြုတ်တလုံး ပဲနို့တဘူး သောက်ပါတယ်။
နေ့လည်စာစားပီးချိန်ဆို ဖီးကြမ်းငှက်ပျောသီးတလုံး Multivitamin ရေဆူဆေးပြားတပြား သောက်ပါတယ်နော်။ ညစာစားပီးချိန်ဆို ကြက်ဥပြုတ်တလုံး Brand’s ငှက်သိုက်တဘူး သောက်ပါတယ်။
၃။ အိပ်ရေးဝအောင်အိပ်ပါ
အိပ်ချိန်ကပ်ပြီး လက်ဖက်သုတ်စားတာတို့ ကော်ဖီတို့မသောက်စေချင်ပါဘူးနော် ။တောင်တောင်အီအီမတွေးပါနဲ့။ အိပ်မရတွေဖစ်တတ်လို့ပါ အိပ်ချိန်၈ နာရီပြည့်အောင်ကိုအိပ်ပါ ။အိပ်ရေးမဝရင်ခေါင်းနောက်ပါတယ်။
အိပ်ခါနီး ဆားရေလေးငုံပီး ပလုတ်ကျင်းပါ။ သက်တောင့်သက်သာရှိတဲ့အဝတ်အစားလေးတွေဝတ်အိပ်ပါနော်။ မနက်ဖြန်ရောက်ရင် တရက်အိမ်ပြန်ရဖို့နီးပီဆိုတဲ့ အသိလေးနဲ့အိပ်ပါ။ ကိုယ်ခံအားမြင့်နေရင်ရောဂါကူးခံရဖို့ Chance အရမ်းနည်းပါတယ်။
၄။ ဖြည့်စွက်စွာမှီဝဲပါ
Qဝင်ရတုန်းကအထူးတလည်သောက်ရတဲ့ဆေးရယ်လို့မရှိပါဘူး ညီမသောက်ခဲ့တဲ့ဆေးလေးတွေ Shareပေးချင်ပါတယ်။ မနက်စာစားပီးရင် Becozicတလုံးရယ် Omega 3 တလုံးရယ်သောက်ပါတယ်။ နေ့လည်စာစားပီးရင် Vit C 500mg တလုံးသောက်ပါတယ်။ ညစာစားပီးရင် Vitamin A (Fame ကထုတ်တဲ့ မုန်လာဥနီဆေး)နဲ့ Air X တလုံးတွဲသောက်ပါတယ်။
ကိုယ်သောက်နေကျအားဆေးရှိတဲ့သူတွေက အားဆေးသောက်ကြပါတယ်။ တရက်ခြား ဓာတ်ဆားတထုပ် Brand’s ငှက်သိုက် သောက်ခဲ့ပါတယ် ဆေးပုံလေးတွေလဲ တွဲတင်ပေးထားပါတယ်။ (ဘယ်Brandကိုမှကြော်ငြာပေးနေခြင်းမဟုတ်ပါ)။
၅။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
အိပ်ယာနိုးတာနဲ့ သွေးပူအောင်လမ်းလျှောက်ပီးရင်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာ ၁၅မိနစ်လောက် ရှူသွင်း ရှူထုတ်လုပ်ပါနော်။ ခွေမနေပါနဲ့ ။မနက်ခင်းနေရောင်ခြည်ခံပါ။ ချွေးစိုတော့လူနေလို့ကောင်းပါတယ် ညအိပ်ခါနီးရင် လဲအသက်ရှူလေ့ကျင့်ခန်းတခါလုပ်ပါ။
၆။ ဘာသာရေးလုပ်ပါ
ဘာသာရေးပိုပီးအာရုံစိုက်လို့ရပါတယ်နော်။ မနက်အိပ်ယာနိုးရင် နေ့စဉ်ဘုရားရှိခိုးရွတ်ပြီးမေတ္တာသုတ်သက်စေ့ရွတ်ပါတယ် ။နမောတေ ဂါထာလဲရွတ်ပါတယ်။ အကျိုးမျှော်ပြီးလုပ်တာတော့မဟုတ်ပေမဲ့ တကယ်အကျပ်အတည်းဖစ်နေချိန် အဆင်ပြေပါတယ် ။Photoလေးလဲ တွဲတင်ပေးထားပါတယ် ။
၇။ အကောင်းဘက်ကတွေးပါ
မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ စကားပြောပါ။ ဒီလိုကြုံတွေ့ရတာကိုယ်တယောက်ထဲ မဟုတ်ဘူးဆိုတာ သတိကပ်ပါနော်။ ကောင်းတာတွေးပီး ကုသိုလ်ရေးလုပ်ပါ။ ဘဝမှာ ကြုံရမဲ့ဟာတွေထဲက တခုမြန်မြန်ရောက်လာတယ်ပဲသဘောထားပါနော်။
အားလုံးကိုကျော်ဖြတ်နိုင်မှာပါ။ ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက်ပါ ဆရာလုပ်တာမဟုတ်ရပါဘူးနော်။လက်ရှိ Pထိထားတဲ့သူတွေလဲ ကျန်းမာသက်သာပြီးတော့ မိသားစုရှိတဲ့ဆီ အမြန်အိမ်ပြန်နိုင်ကြပါစေနော်။ဖတ်ရူပေးကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်နော်။credit;living myanmar
Add a Comment
Your email address will not be published. Required fields are marked *